Tuesday, March 12, 2013

ချစ်သူဖတ်ဖို့ (၃)


နှစ်တွေသာ
တနှစ်ပြီးတနှစ်
ပြောင်းလဲလာတယ်
အချစ်တွေကတော့ 
မပြောင်းလဲနုပျိုဆဲ

အသက်တွေသာ
အိုမင်းရင့်ရော်လာတယ်
အကြင်နာမေတ္တာတွေက
မအိုမင်း လန်းဆန်းဆဲ

ရာသီတွေသာ
နွေ၊ မိုး၊ ဆောင်း
ပြောင်းချင်ရာပြောင်းနေတယ်
နားလည်မှု့တွေကတော့
တသတ်မတ်ကြည်လင်နေဆဲ

တနေ့နေ့မှာ
ကိုယ်သာ သေသွားမယ်
ကိုယ့်ဝိညာဉ်ရင်ခွင်နွေးက
ထွေးပွေ့နေဆဲ

တနေ့နေ့မှာ
ချစ်သူသာသေသွားမယ်
ချစ်သူရင်ငွေ့ရနံ
သင်းပျံ့နေဆဲ

မသေခင်အချိန်များတော့
ဆံဖြူလို့သွားကြိုး
တုတ်ကောက်နဲ့
လမ်းလျှောက်သွားလည်း
ချစ်သူအပါး အမြဲခစား
ပြုံးပြုံးလေးနေပေးမယ်

အမြင်တွေမှုန်ဝါး
ဇရာကစကားပြောလို့
အမောတွေများလာရင်လည်း
ကိုယ့်ဘေးနားက ချစ်သူအား
အပြုံးလေးနဲ့ ထွေးပွေ့ခွင့်ပေးပါလို့
ဆုတောင်းရင်း..........
သံသရာမဆုံးသမျှချစ်ကြမယ်
ချစ်သူ........

အမေ့သား
(၁၂-၃-၂၀၁၃)

No comments:

Post a Comment