Monday, March 31, 2014

သမီးချော့တေး

ရွှေဗိုက်ရယ် တုန်
ခုန်နေတဲ့ ရင်သွေး
ဗိုက်ဘေးမှာ အသာမှေးလို့
တေးဆိုကာ ချော့ပါပေါ့
ပိုးဥရယ် အိပ်ပါတော့
ဖေ့ချစ် ရင်သွေး။

အမေ့သား

Friday, March 07, 2014

နွေဘဝ


နွေဘဝ
  
သရုပ်ပီအောင်
ရွက်ဝါကြွေ
မြက်တွေလည်းခြောက်
နေကျစ်ကျစ်တောက်မှာ 
လေပူတိုက်လို့
နွမ်းလျလေသမျှ
သြော် နွေဘဝက
ပင်ပန်းလှပါလား။

အမေ့သား
(၇-၃-၂၀၁၄)

ဘလော့ဂ်သင်္ကြန်



၂၀၁၄-ဘလော့ဂ်သင်္ကြန်အကြို 

ပျော်ရွှင်ပါစေ Blogs များသဘင်
တောင်းဆု မေတ္တာဝေ
မာစေ သာစေ လာကြလေ
ခွန်းနှုတ်ဆက်ဖို့လေ.....
ရေးပါလေ ပိုစ့်ပါလေ..... ရေး .....ရေး ......ရေးလိုက်ကြပါလေ။
ပိုစ့်ပါလေ ရေးပါလေ
ပိုစ့်......ပိုစ့်.......ပိုစ့်လိုက်ကြပေါ့လေ။

ဒီဘလော့ဂ် မှာရှိတဲ့အစ်မတွေ
ဒီဘလော့ဂ် မှာရှိတဲ့ ချစ်ဆွေ
ရေးကြလေ....... စာတွေ
ပေးမျှဝေ...... ကဗျာတွေ
ဒီလိုသာ ရေးရင်
ညစဉ် ညတိုင်းစောင့်ကာသာ
ဖတ်မလေ...........

အမေ့သား(အမှတ်တရဘလော့ဂ်များရဲ့သင်္ကြန်)