Thursday, December 22, 2011

စာအမှတ် ၁/၂၀၁၁ ပြောင်းလဲခြင်း

တချိန်ကခံစားပေါက်ကွဲရေးခဲ့တဲ့ ၁/၂၀၁၁ဆိုတဲ့ စာလေးပါ
AaB နဲ့ တွေဆုံပြီးနောက်ပိုင်းမှာတော့
အောက်မှာရေးထားခဲ့တဲ့ အရာတွေဟာ
အပျင်းပြေဖတ်ဖို့ အတွက်လို့ ပဲမှတ်ယူခဲ့မိတော့တယ်။
ကျေးဇူးပါ AaB
ကျေးဇူးပါ အစ်မသက်ဝေ
ကျေးဇူးပါ အားလုံးသော ညီအစ်ကို မောင်နှမများ

လေးစားခင်မင်လျက်
(အမေ့သား)

အဖေကပြောတယ်
လူတွေကိုကူညီတာရပ်သင့်ပြီ
တခါကူညီလိုက်တိုင်း
တဖက်မှာရန်သူတယောက်
တိုးတိုးလာတယ်။။။။။။။။

ဟုတ်ပါသည်
တခါကူညီလိုက်တိုင်းသာ
ရန်သူတယောက်တိုးလာခဲ့မည်ဆိုလျှင်
ကျွန်တော်တွင် bodyguard များစွာ
ရှိသင့်နေပြီ။

ရန်သူကိုတော့ မလိုလားပါ
မိတ်ဆွေပဲပေါများချင်သည်
ထိုကြောင့်  ကျွန်တော်သည်
အမိနိုင်ငံတော်၏မူနဲ့ အညီ
တခါးပိတ်ဝါဒအား
ကျင့်သုံးတော့မည်။။။

အမိနိုင်ငံတော်တွင်
ဒုက္ခသည်များအား
အစိုးရမှ မထောက်ပံ့သကဲ့သို့ 
ကျွန်တော်သည်လည်းကူညီမှုအား
ရက်အကန့် အသတ်မရှိ
ပိတ်လိုက်သည်။။။။။

အမိနိုင်ငံတော်တွင်
ဘယ်တော့မှကုန်ဈေးနှုန်း
ပြန်မကျသကဲ့သို့ 
ကျွန်တော်သည်လည်း
ဘယ်တော့မှပြန်လည်
ကူညီချင်စိတ်ဖြစ်ပေါ်လာမည်
မဟုတ်ပါ။။။။။။

အမိနိုင်ငံတော်တွင်
ဆင်းရဲသားပပျောက်ရေးအတွက်
မရှိဆင်းရဲသားများ
ဝေးရာရှောင်စေခြင်းကဲ့သို့ 
ကျွန်တော်သည်လည်း
အကူအညီလိုသူများနှင့် 
ဝေးရာသို့ ရှောင်နေတော့မည်။။။။။

အမိနိုင်ငံတော်တွင်
အစိုးရမှ နိုင်ငံရေးအကျဉ်းသားများအား
ခုလွှတ်ပေးမည်, တော်ကြာလွှတ်ပေးမည်
လွှတ်ချင်မှလည်းလွှတ်ပေးမည်ဟု
နုတ်စကားဖြင့်ဆိုသကဲ့သို့ 
ကျွန်တော်သည်လည်း
အကူအညီလိုသူများအား
ခုကူညီမယ်,မနက်ဖြန်ကူညီမယ်
ကူညီချင်မှလည်းကူညီမည်ဟူသော
ရင်တွင်းမပါနုတ်စကားဖြင့်သာ
ကူညီသွားတော့မည်။။။။။။

ပုံ/..........
စာအမှတ်. ၁/၂၀၁၁

Thursday, December 15, 2011

မညီမျှခြင်း

ကိုရဲရင့်ကျော် ရဲ့  ပို့စ်လေးကိုပြန်လည်ခံစားမျှဝေခြင်းပါ၊
အဓိကပြောချင်တာက ဒီပို့စ်လေးကို သား သမီးရှိသော၊တူ တူမ ရှိသော၊ ညီ ညီမ ရှိသော.. အဖေ၊ အမေ၊ ဦးလေး၊ အဒေါ် ၊အစ်ကို ၊အစ်မများမှတဆင့် သားသမီး၊တူတူမ၊ညီညီမများအား သင်ခန်းစာအဖြစ်
ပြန်လည်မျှဝေ စာနာနားလည်စေချင်သော စေတနာဖြင့်  ပြန်လည်ကွန့်မြူးခံစားတင်ပြရခြင်းဖြစ်ပါသည်။






အစ်ကို/အစ်မများ မင်္ဂလာပါဗျာ။
စားပါဦးလား မမေးရက်လို့(အားနာလို့) မမေးပါရစေနဲ့ဗျာ။
ကျွန်တော်ကတော့ ဒီလို အစား အစာ မပြောနဲ့ ရင်ထဲက စကားလုံးတွေ စားပြီး နေခဲ့ရတဲ့ရက်တွေ ခဏခဏပေါ့။ မသိအဖေ/မသိအမေကို သတိရတမ်းတမိ တဲ့ စကားတွေပေါ့။ ကလေး တစ်ယောက်မှာလည်း မေတ္တာတွေ လိုချင်တဲ့လောဘတော့ ရှိတာပေါ့ဗျာ။ နေပူပူခြေဗလာနဲ့ လျှောက်သွားနေ လည်း ဆူမယ့်သူမရှိ၊ အိပ်ချင်သလို အိပ်နေလို့လည်း နိုးမယ့်သူမရှိ၊ မတည့်တာတွေ မစားနဲ့လို့လည်း တားမယ့် ငေါက်မယ့် သူမရှိ(ရတာစားလေ)။ အဲလိုပါဘဲ ကျွန်တော့်မှာ ပူဆာရမယ့်သူလည်း မရှိပါဘူး။

ဟင့်အင်း.. ပူဆာခွင့်ကို မရှိတာပါဗျာ။
အစ်ကို/အစ်မတို့က အိမ်မှာလိုချင်တာ မရယင် ဝုန်းဒိုင်း ကြဲနေမလားမသိဘူးနော်။ ကျွန်တော်လေ ဘာမှမလိုချင်ပါဘူး။ ကွယ်လွန်လို့ ထားခဲ့တာလား?၊ အဆင်မပြေလို့စွန့်ပစ်တာလား။ အကြောင်းအရင်းမသိပေမယ့်၊ ကောက်ယူမဲ့သူလည်း မရှိတဲ့ ဘဝမို့ သစ်ပင်တွေအောက်မှာ ဘုရားကြို ဘုရားကြားမှာ ဈေးဆိုင်လွတ်တွေမှာအိပ်မိတိုင်း မိဘ/အုပ်ထိမ်းသူရဲ့ အရိပ်ဆို(ခိုနားရာအရိပ်ရဲ့ အေးမြမှုဆို)ရင် ဘယ်လောက်ကောင်းလိုက်မလဲ တွေးမိတိုင်း အမြဲ မျက်ရည်ကျမိတယ်ဗျာ။

ဟင့်အင်း… စာသင်ကျောင်းဘက် မတောင်းရမ်းပါဘူး ၊ကျောင်းတက်နေတာတွေ မမြင်ချင်ဘူး၊ မနာလိုစိတ် မဟုတ်ပါဘူး ဗျာ။ အားကျစိတ်က ကျွန်တော့်ရင်ကို ကွဲမတတ် နှိပ်စက်လွန်းလို့ပါ...။ စာအံသံတွေ ကြားရတဲ့ဘက်တော့သွား တတ် ပါတယ်။ သူတို့ဆိုတဲ့ စာအချို့/ကဗျာ အချို့တောင် ရသေးတယ်၊ ဘယ်လို စာလုံးတွေလည်းတော့ သိဘူးလေဗျာ၊ ကျွန်တော် ခဏ ခဏ ဆိုတဲ့ စာပိုဒ်လေး ရွတ်ပြမယ်လေ 
*( စားဝတ်နေရေး ဖွေရှာပေး ကျေးဇူးရှိပေ၊ တို့ ဖေဖေ) ဆိုတာလေ။ အစ်ကို/အစ်မ တို့ကတော့ အိမ်က ဝယ်ပေးတဲ့ စာအုပ်က ညံ့လို့ ကြမ်းလို့ ၊ခဲတံ ပေတံအသစ်မရလို့ ဆိုပြီး စိတ်ကောက်နေမှာ ပေါ့လေ ။ ကျွန်တော်ကတော့ မီးသွေးခဲ နဲ့ စာသင်ရရင် ကို သေပျော်ပါပြီဗျာ...။

ဈေးထဲ တောင်းတဲ့အခါ စားသောက်တန်းဘက် ရောက်တာပေါ့။ မစားရ အနံရှု ဆိုပေမယ့် အနံရရုံနဲ့ ဒါ ဘာ အစားအစာ ဆိုတာ စားဖိုမှုးတွေထက် သိနေမလားပဲလေ၊ စားချင်တဲ့ စိတ်ဆန္ဒပြင်းပြလွန်းတော့ စွဲမှတ်နေသလား မသိတော့ပါဘူး။ အကြွင်းအကျန် တစ်ချို့တော့ စားဘူးတာပေါ့။ များသောအားဖြင့်တော့ စက်ဆုတ်ရွံရှာစွာ မောင်းထုတ်ခံရတာ များပါ တယ်လေ။ ကြင်နာတတ်တဲ့သူကျတော့ ဂရုတစိုက်ကို စားတာသေချာချန်ပြီး ခေါ်ပေးပါတယ်။ အဲလိုလူကျတော့ သိပ် အေးချမ်းတာပဲ။ အစ်ကို/အစ်မတို့ကတော့ အိမ်မှာဟင်းမကောင်းလို့ ဒါမှမဟုတ် မိသားစုများလို့ ဝေပုံကျစားရလို့ စိတ်ကောက် လို့ ရမှာပေါ့နော်။

အဝတ်အထည်တန်း ဘက်တော့ ခြေဦးတောင် မလှည့်ပါဘူး။ လှလို့ငေး ကြည့်မိပါတယ်၊ အလစ်သုတ်တဲ့သူလို အကြည့်ခံ ရတာ များပါတယ် ။ အစ်ကို/အစ်မ တို့ ကတော့ ဘာတံဆိပ် မှ ဝတ်ချင်တာ၊ဟောင်းနေလို့မ၀တ်ချင်ဖူး၊အရောင်မလှလို့ မကြိုက်ဖူးလို့ ပြောနိုင်မှာပေါ့နော်။

နေ ချစ်ချစ်တောက် ပူနေပါစေလို့ ကျွန်တော် ဆုတောင်းတယ်ဆိုရင် အစ်ကို/အစ်မများ စိတ်ခုသွားမလားဗျာ (လူတွေရဲ့ ဆန္ဒ ဆိုတာ ကိုယ့်ဘဝ နဲ့သာ ချိန်ဆသင့်တယ်)လို့ လ္ဘက်ရည်ဆိုင်မှာ အချိန်ကုန်နေတဲ့ သူတစ်ယောက်ရဲ့ စကား မှတ်မိပါတယ်။ ကျွန်တော့်ဘဝက နေပူပူမှအဆင်ပြေတာလေ၊ မိုးရွာရင်ခိုနားဖို့အလွယ်မရှိဘူး။ အဝတ်စိုလဲစရာမရှိဘူး။ မိုးရွာထဲ ဝမ်းစာ ရှာမရသလို မိုးရွာထဲ ဘယ်သူကစွန့်ကျဲမှာလဲ။ ဆောင်းကျတော့လည်း နွေးထွေးစရာဂုန်နီအိတ်ဘဲ ရှိတာလေ အစ်ကို၊အစ်မတွေလို စတိုင်မိ ချင်တာပေါ့။ အနွေးထည် ကိုယ်ပိုင်ဆိုလို့ရေမချိုးရလို့ ထူပိန်းနေတဲ့ အရေပြားပေါ်က ချေး(ဂျေး) အထူ ကြီးတော့ ရှိတယ်ဗျ။ ချမ်းပါတယ်ဆိုမှလေရူးတိုက်ရင် မနက်မိုးလင်းကျ ကျောက်ရုပ်ကလေးလိုများ တောင့်နေမလားမသိဘူး တွေးယင်း နဲ့ ပြုံးမိပါရဲ့။ သေတော့ရော အနာဂါတ်မှ မရှိဘဲ ဒုက္ခတွေ ဖက်တွယ်ထားချင်သေးသလားပေါ့။အင်း..သေတော့ မသေချင် သေးဘူး။ တစ်ချိန်ချိန်မှာဆိုတာ ရှိနေသ၍ပေါ့ မျှော်လင့်ချက်က အသက်ပဲလေ။


ကျွန်တော့်ကြောင့် အချိန်တွေ ကုန်သွားပြီလားဗျာ။ အစ်ကို/အစ်မတွေကို တောင်းပန်ပါတယ်နော်။ ကျွန်တော်ကို စာနာသနား ပါလို့ မပြောလိုပါဘူး။ ကျွန်တော်လို သူများစွန့်ပစ်တာလေး မက်မောစွာစားနေရတာကို မြင်ပြီး အစ်ကို/အစ်မ တို့ အိမ်က မိဘ ကို ဟင်းမကောင်း လို့၊ မုန့်ဘိုးရတာနည်းလို့ဆိုပြီး စိတ်မကွက်စေချင်ဘူးဗျာ။ ကျွန်တော်လို လမ်းဘေးမှာအိပ် လမ်းဘေး နေတဲ့ဘဝလေးကိုကြည့်ပြီး အိမ်မှာနေရတာ သိပ်စိတ်ညစ်တာဘဲလို့ မညည်းတွားစေချင်ဘူး။ ဘယ်မှာ နားခိုရမှန်း မသိတာ ကို လွတ်လပ်တယ် မယူဆပါပ၊ဲ အိမ်မှာ သိပ်ချုပ်ချယ်တာဘဲလို့ မမြင်စေချင်ဘူး။ ကျွန်တော့်လို လမ်းဘေးမှာ အစွန့်ပစ် ခံရမှာ မကြောက်ဘူးလား ဟင်။ ကျွန်တော့်လို ချေး(ဂျေး) အထပ်ထပ်နဲ့ ကိုဒါဝတ် ဘဝလေးကြည့်ပြီး အိမ်ကို ဂျော်ဒါနိုး မှ ဆိုတာမျိုး ပူဆာတာကို ဆင်ခြင်စေချင်ပါတယ်။

သူများစာအံသံကို နားထောင်နေရတဲ့ ကျွန်တော့်ဘဝလေး ကြည့်ပြီး ရုန်းကန် ကျောင်းထားပေးတဲ့ မိဘကျေးဇူးကို ကြိုးစားမှုနဲ့ ဆပ်စေချင်ပါတယ်။ ကျွန်တော့်ကို သနားစိတ်ကလေး ဝင်မိရင် အစ်ကို/အစ်မတွေရဲ့ မိဘတွေက ကျွန်တော့်လို ဘဝထဲကို မပို့ပဲ/ စွန့်မပစ်ပဲ ရုန်းကန်ရှာဖွေ ကျွေးမွေးတဲ့ မိဘတွေ ကို သနားပေးတာ ပိုကောင်းပါတယ်။

အစ်ကိုတို့၊အစ်မတို့ လိမ္မာနေမယ်၊ ကြိုးစားနေမယ် ဆိုမှ နောင်တစ်ချိန်မှာ ကျွန်တော့်လို လူတွေ (ဘဝတွေ) ကို ကယ်တင် စာနာ သနားတတ်တဲ့ ပြုစု ပျိုးထောင်မှု တွေ ဆောင်ရွက်မယ့် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမယ့် အချိန်ကို ကျွန်တော်တို့ အားကိုးတစ်ကြီးနဲ့ ကြံကြံခံ ရုန်းကန်ရင်းမျှော်လင့်နေပါ့မယ်။ ကယ်တင်နိုင်မယ့် ခေါင်းဆောင် ကောင်းတွေကို ပေါ့လေ။ ကျေးဇူးတင်ပါတယ်ဗျာ၊ သာယာဝပြောပါစေလို့လည်း ဆုတောင်းပါတယ်။ ဒါမှ ကျွန်တော် တို့ မငတ်မှာလေ ။ ချမ်းမြေ့သာယာရှိကြပါစေဗျာ။


ပုံလေး ကို မြင်ရတော့ ရင်ထဲ မကောင်းဘူး။ လူမှု စာနာမှု တစ်ခု အဖြစ် ဖေါ်ပြချင်တာကြောင့် ခံစား ရေးကြည့်တာပါ ။ ကွဲလွဲမှု သဘောထား မတိုက်ဆိုင်မှု ရှိခဲ့ယင်၊ တစ်ဖန် အကြောင်းအရာ တိုက်ဆိုင်ခဲ့လျှင် တောင်းပန်ပါသည်။ မူလ ဓါတ်ပုံ ရှင်ကိုလည်းကောင်း၊ ပုံတင်ခဲ့သော facebook အကောင့်ရှင် တစ်ဦးအား လည်းကောင်း ကျေးဇူးတင်ရှိပါသည်။ အပြု သဘော ရေးသားခြင်း ဖြစ်ပါသည်။ နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေလို၍ မဟုတ်ပါကြောင်း သိစေအပ်ပါသည်။

ထပ်ဆင့်မျှဝေခြင်း
အမေ့သား

Wednesday, December 07, 2011

ကလေးရေ အားတင်းထားပါ အပိုင်းနှစ်

လူ့ဘ၀ဆိုတာ ရခဲပါတယ်။ အဲဒီလိုရခဲလှတဲ့ လူ့ဘ၀လေးမှာ ကောင်းမွန်စွာ ရှင်သန်နေနိုင်ဖို့က ပိုပြီးအရေးကြီးလှပါတယ်။ ဒီကလေးလေးဟာ သူ့အသက်နဲ့မမျှတဲ့ အသည်းရောဂါဝေဒနာကို ခံစားနေရရှာပြီး အကြီးစားခွဲစိတ်ကုသမှုကို အချိန်မီရရှိနိုင်မှသာ အသက်ဆက်လက် ရှင်သန်နိုင်မှာဖြစ်ပါတယ်။ ငွေကြေးပိုင်းမှာ အခက်အခဲကြီးမားစွာ ဖြစ်နေသည့်အတွက် မိမိတို့တတ်စွမ်းသလောက် ၀ိုင်းဝန်းကူညီပေးကြမယ်ဆိုရင် ရခဲလှတဲ့ ဒီအသက်လေးတစ်ချောင်းဟာ သူ့ဘ၀လေးကို ဆက်လက်ပျော်ရွှင်စွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

၂၆၊ နိုဝင်ဘာ၊ ၂၀၁၁
ကလေးနာမည်က မောင်သန်းဇော်ဦးပါ။ အသက်က ရနှစ်ပါ။ ဖခင်ကတော့ မရှိတော့ပါဘူး။ သူခံစားနေရတဲ့ရောဂါက အသည်းမှာ ရေအိတ်တည်နေတာပါ။ လက်ရှိ စစ်တွေမှာရှိနေပြီး မိခင်ဖြစ်သူနှင့်အတူ တနင်္ဂနွေနေ့ကို ရန်ကုန်ကိုရောက်ပါမယ်။တနင်္လာနေ့မှာ ရန်ကုန်ကလေးဆေးရုံကြီးကို တင်မှာဖြစ်ပါတယ်။ ရရှိရသမျှအခြေအနေများကို ဆက်လက်တင်ပြသွားပါမယ်။

၂၇၊ နိုဝင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးရန်ကုန်သို့ရောက်ရှိပါပြီ။ သူနှင့်အတူ မိခင်၊ အဒေါ်နှင့် ၇လသားညီလေးပါလာပါတယ်။ မနက်ဖြန် အလုံကလေးဆေးရုံကြီးကိုတင်မှာဖြစ်ပါတယ်။

၂၈၊ နိုဝင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးအား ကလေးဆေးရုံကြီး အဆောင် ၁၊ အခန်း ၂၊ ကုတင် ၃ တွင်တင်ထားပြီး လိုအပ်သော ဆေးစစ်မှုများကိုပြုလုပ်လျက်ရှိပါသည်။

၅၊ ဒီဇင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးအား အလုံကလေးဆေးရုံကြီးတွင် တင်ထားပြီး 64 CT Scan ရိုက်ပြီးသွားပါပြီ။ ၆ ရက်နေ့တွင် ဆေးစစ်ချက်အဖြေများရရှိပြီး ကလေး၏အခြေအနေမှာ အသည်းတစ်ခုသာထိခိုက်နေပြီး ကျန်သောကိုယ်တွင်းအင်္ဂါများမှာ ကောင်းမွန်စွာအလုပ်လုပ်လျက်ရှိသည်ဟု သိရှိရပါသည်။ ဆရာဝန်များ၏ ထပ်မံညွှန်ကြားချက်အရ ယနေ့ ၇ရက်နေ့တွင် ဆေးစစ်ရန်နောက်ဆုံးလိုအပ်အချက်အနေဖြင့် ရင်ဘတ်ဓါတ်မှန်ရိုက်ပါမည်။ ခန့်မှန်းထားသည့်အတိုင်း အစစအရာရာအဆင်ပြေပါက နောက်အပါတ်တွင် ခွဲစိတ်မှုကို ပြုလုပ်မည်ဟု ဆရာဝန်များက အကြောင်းကြားထားပါသည်။

လက်ရှိကောက်ခံရရှိသောအလှူငွေများမှာ မြန်မာ၊ စင်ကာပူ၊ ဒူဘိုင်းနှင့် အမေရိကမှဖြစ်ပြီး စုစုပေါင်း ၃၅ သိန်းကျော်ရရှိပြီဖြစ်ပါသည်။ ဆရာဝန်များ၏ ကြိုတင်ခန့်မှန်းကုန်ကျစရိတ်မှာ ၁၀ ~ ၃၀ သိန်း ဖြစ်သဖြင့် ခွဲစိတ်မှုကုန်ကျစရိတ် လုံလောက်ပြီဟု လတ်တလောအနေဖြင့် သတ်မှတ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အလှူငွေကောက်ခံခြင်းကို ရပ်လိုက်ပြီး ခွဲစိတ်မှုပြီးနောက်ထပ်မံလိုအပ်ဦးမည်ဆိုပါက လှူဒါန်းရန်စိတ်ဝင်စားသော အလှူရှင်များအား အကြောင်းကြားပေးပါမည်။ မောင်သန်းဇော်ဦးဓါတ်ပုံနှင့်အကူအညီလိုအပ်ကြောင်းပို့စ်ကိုတင်ပြီးသည့်ရက်မှစ၍ တစ်ပါတ်ကျော်အတွင်း ယခုကဲ့သို့လုံလောက်သောအလှူငွေများရရှိသည့်အတွက် မောင်သန်းဇော်ဦးနှင့်မိသားစုကိုယ်စား အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ လှူဒါန်းကြသောအလှူရှင်အပေါင်းအားလည်း ကျမ မဆုမွန်အောင်၊ မမိုးမိုးအေးဒွေး၊ မငြိမ်းနုဖြူ နှင့် ကာယကံရှင်မိသားစု တို့မှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါသည်။ ခွဲစိတ်ပြီးအခြေအနေကိုလည်း ဓါတ်ပုံနှင့်တကွ တင်ပေးပါမည်။

လှူဒါန်းထားကြသောအလှူရှင်များအနေဖြင့်ယခင်ဆက်သွယ်ရန်ပေးထားသော ဖုန်းနံပါတ်၊ အီးမေးလ် နှင့် နေရပ်လိပ်စာများအတိုင်း ဆက်သွယ်နိုင်ကြပါသည်။ အလှုရှင်များ၊ လှူဒါန်းငွေအသေးစိတ် နှင့် ခွဲစိတ်မှုကုန်ကျစရိတ်အားလုံးကို စာရင်းနှင့်တကွ ပြန်လည်တင်ပေးပါမည်။ မေးမြန်းစုံစမ်းလိုကြသောသူများအနေဖြင့် ယခု ဖေ့စ်ဘုတ်လိပ်စာကို မက့်ဆေ့ခ်ျပို့၍ မေးမြန်းနိုင်ကြပါသည်။ ကျေးဇူးအထူးတင်ရှိပါသည်။

Tuesday, December 06, 2011

အမေ့ရဲ့  ကလေးပါ အမေ



အမေ...........
အမေ့အမြင် အမေ့အထင်
အမေ့သားက ကလေးလားဟင်
သားဘယ်သွားသွား
သားဘယ်ရောက်ရောက်
စိတ်မဖြောင့် အိပ်မဖြောင့်ခဲ့တာ
သားအသိပါ......... အမေ။
အဖေ ဘယ်လို အပြစ်ပြောပြော
သားဘာအပြစ်တွေ လုပ်လုပ်
သားရှေ့က ရင်ဆီးခံကာ
အပြစ်ရယ်မဆို အချစ်ရယ်ပိုခဲ့တာလည်း
သားအသိပါ......အမေ။
အမေ ဘယ်ခရီးဘယ်လို သွားသွား
အမေစိတ်ထဲ ပူပန်စွဲနဲ့ 
ငါ့သားလေး ဘယ်လိုများ စားသောက်
စိတ်မဖြောင့်လို့ ချက်ပြုတ်ကာစီမံ
ပူပန်ခဲ့တာလည်း
သားအသိပါ........ အမေ။
အမေ့ချစ်သား ......အမေ့သားလည်း
ခလုတ်ထိမှ အမိတဆိုသလို
သားဘာဖြစ်ဖြစ် အားကိုးတမ်းတ
သတိရမိတာလည်း......... အမေပါပဲ။
အမေ့ချစ်သား..... အမေ့သားလေ
အသက်ဘယ်လောက် ကြီးကြီး
အမေ့ရှေ့ရောက်ရင် အမေ့ရင်ခွင်ဝယ်
ခိုဝင်အိပ်စက်ချင်တယ်.........အမေ။
အမေ့ချစ်သား..... အမေ့သားလေ
အမေ့ရဲ့ တေးသံချိုချို၊ ပုံပြင်အစုံစုံနဲ့
ကျောသပ်ချော့သိပ်
အိပ်စက်ခြင်းကိုလည်း
တမ်းတမိတယ်........အမေ။
အမေ့ဘဝတလျှောက်လုံးအတွက်
သားဘဝ တသက်တာလုံးအတွက်
အမေဘယ်ရောက်ရောက်
သားဘယ်မှာနေနေ အမေ့ရှေ့ရောက်ရင်
သားက အမေ့ရဲ့ ကလေးလေးပါပဲ .....အမေ။

လေးစားစွာဖြင့်
အမေ့သား


Sunday, December 04, 2011

စိတ်ထားတတ်ကြပါစေ.......စိတ်ထားနိုင်ကြပါစေ


လှူတန်းပေးကမ်းခြင်းသည်ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ကမွေးရာပါရင်ထဲခိုဝင်ကိန်း
အောင်းနေသောစိတ်စေတနာတခုပင်ဖြစ်သည်လှူကြပါ၊ပေးကြကမ်းကြပါ၊ဒါပေမဲ့စိတ်ထားတတ်ဖို့ တော့လိုမယ်၊စိတ်မထားတတ်ရင်အလှူအထမမြောက်ဖူး၊ပေးကမ်းခြင်းစေတနာအရာမထင်ဖူးလို့ ဆရာသမားများဆရာတော်များက ပြောကြားဆုံးမတာကို နာယူခဲ့ဖူးပါတယ်။ အမေ့သားငယ်စဉ် လူပျိုဘဝတုန်းကလည်း ငယ်ငယ်ကဖတ်ခဲ့ရတဲ  ပုံပြင်တပုဒ် အတိုင်း အပြင်မှာကိုယ်တွေ့ ကြုံကြိုက်ခဲ့ရပါတယ်။ ပုံပြင်လေးကို သူငယ်ချင်းတို့လည်းသိပြီးကြားပြီးဖြစ်ပါလိမ့်မယ်။အကျဉ်းလေးပဲပြောပြရရင်တော့…..ဟိုးအရင်ဘုရင်ခေတ်ကဘုရင်တပါးရှိတယ်။ ဘုရင်ကြီးက ဘုရား၊တရား၊သံဃာကိုအရမ်းယုံကြည်ကိုးကွယ်တယ်။ တစ်နေ့မှာ ဘုရင်ကြီးအပြင်ထွက်တဲ့အချိန်ရဟန်းတပါးနဲ့ တည့်တည့်တိုးပါလေရော၊ရဟန်းကိုလည်းမြင်ရောဘုရင်ကြီးကကြည်ညိုစိတ်တွေဖြစ်ပြီးလှူဖွယ်ပစ္စည်းတွေဆက်ကပ်လှူဒါန်းလိုက်တယ်။ ရဟန်းပြန်ကြွသွားတဲ့ အချိန်မှာ ပညာရှိအမတ်ကိုခေါ်ပြီး မောင်မင်း ငါကိုယ်တော် ဒီရဟန်းအပေါ် အရမ်းကြည်ညိုသဒ္ဒါပွားမိတယ်၊ဒီတော့ ဒီရဟန်းအဘယ်မှာသီတင်းသုံးတယ်ဆိုတာ မောင်မင်း လိုက်ကြည့်ချေဆိုကာစေလွတ်လိုက်လေသည်။ ပညာရှိအမှတ်လည်း ဘုရင့်အမိန့်တော်အတိုင်း နောက်ရောင်ခံလိုက်ပြီးရဟန်းကိုစောင့်ကြည့်တာပေါ့။ တောစပ်လည်းရောက်ရောရဟန်းကအပေါ်ကခြုံထားတဲ့သင်္ကန်းကိုကျွတ်ပြီးလူဝတ်လဲလိုက်တာကို မျက်စိနဲ့ သေသေချာချာမြင်တွေ့လိုက်လေသည်။အဲဒီမှာပြသနာစတက်တာကပညာရှိအမတ်ပဲ။ဘယ်လိုသံတော်ဦးတင်မလဲ။ဒီရဟန်းကရဟန်းအစစ်မဟုတ်အတုအယောင်လို့ပြန်လည်သံတော်ဦးတင်သော်၊ဘုရင်ရဲ့သဒ္ဒါတ
ရားနဲ့ကြည်ညိုစိတ်ပျက်ယွင်းမယ်၊မယုံကြည်ခဲ့သော်ဘုရင်အမျက်တော်ရှ၍သူကြည်ညိုသောရဟန်းအပေါ်မဟုတ်မတရားပြောသည်ဟုဆိုကာကွပ်မျက်ခံရကိန်းရှိသည်၊ယုံကြည်ခဲ့သော်ဒီရဟန်းတုတော့အသတ်ခံရမှာဧကန်မလွဲပေ။သူဘာလုပ်သင့်သလည်း……..စဉ်းစားတွေးတောရင်းနန်းတော်ပြန်လာခဲ့တယ်။ဘုရင်ရှေ့
တော်မှောက်လည်းရောက်ရောအရှင်မင်းကြီး….အရှင်မင်းကြီးနောက်ယောင်ခံလိုက်ကြည့်ခိုင်းသောရဟန်းသည၊်တောစပ်အရောက်တွင်ရဟန်းအသွင်ကွယ်ပျောက်သွားပါတယ်ဘုရားသံတော်ဦးတင်ရာဘုရင်ကြီး
သည်ငါကိုယ်တော်ထင်ပါတယ်၊ငါကြည်ညိုတဲရဟန်းဟာတော်ရုံတန်ရရဟန်းတော့မဟုတ်၊ရဟန္တာဖြစ်ရမယ်ဆိုပြီးကြည်နူးပီတိဖြစ်ကာပညာရှိအမတ်ကိုလည်းဆုတော်ချီးမြင့်လိုက်လေသည်တဲ့။
အမေ့သားကြုံခဲ့ရတာက အမေ့သားတို့ ရန်ကုန်သစ်ရပ်ကွက်ထဲ ဆွမ်းဆန်စိမ်း အလှူခံဆိုပြီး ဘုန်းကြီး()ပါး၊ တလမ်းဝင်တလမ်းထွက်အလှူခံလာတယ်၊ဆန်လှူတဲ့အခါကြတော့ဝတ္တုလှူပါတဲ့၊ဦးဇင်းတို့ပြန်ရတာဝေးလို့ပါတဲ့၊ဒါနဲ့ အမေတို့၊အဒေါ်တို့တွေကဟုတ်မှာပါလေဆိုပြီးပိုက်ပိုက်လှူလိုက်တယ၊် ကျွန်တော်စိတ်ထဲ မတင်မကျ ဆွမ်းဆန်စိမ်းအလှူခံတယ် ဆန်လှူတော့မယူ၊ ပိုက်ပိုက်သာလှူ ဆိုတော့ တခုခုတော့လွဲနေပြီ၊ဦးဇင်းတွေရဲ ပုံသဏ္ဍန်ကလည်းသိပ်မဟုတ်ဆိုတော့သူငယ်ချင်းတယောက်ကိုခေါ်နောက်ကမယောင်မလည်နဲ့လိုက်တာပေါ့။ဦးဇင်း()ပါးလည်းတလမ်းဝင်တလမ်းထွက်နဲ့ အလှူခံပေါ့၊နောက်ကြတော့၊ဦးဇင်း()ပါးမြို့ထဲဖက်သွားတဲ့(၃၈)ဘတ်စ်ကားတက်စီးကြတယ်၊ကျွန်တော်နဲ့ သူငယ်ချင်းလည်းနောက်ကထပ်ချပါမကွာကားပေါ်ပါလာခဲ့သည်။ကားစီးသွားပြီးဈေးလေးမှတ်တိုင်လည်းရောက်ရောဦးဇင်း()ပါးဆင်းသွားကြတယ်၊ကျွန်တော်တို 
လည်းလိုက်ဆင်းပေါ့ ။သူငယ်ချင်းက မဖြစ်နိုင်ပါဖူးကွာ၊ ဈေးလေးမှာဘုန်းကြီး ကျောင်းတွေရှိပါတယ်။ လာပြန်ကြရအောင်ဆိုပေမဲ့ ကျွန်တော်လက်မလျော့ပဲ လာစမ်းပါကွာဟု ဆိုကာ နောက်ကဆက်လိုက်သည်။ ထိုကိုယ်တော်၃ပါးသည်ဘုန်းကြီးကျောင်းများရှိရာဖက်သို့မသွားကျုးကျော်တဲ၊လူနေအိမ်များဖက်သို့ သုတ်သုတ်နဲ့ ဝင်သွားကြသည်။ တနေရာ အရောက် တွင် ()ပါးထဲမှတပါးက ဖျတ်ကနဲ တဲလေးတလုံးထဲဝင်။ ခပ်လှမ်းလှမ်းအရောက်နောက်တပါးနောက်တဲတလုံးထဲ၊နောက်တပါး၊နောက်တဲတလုံးနဲ့ အသီးသီးဝင်
ရောက်ပျောက်ကွယ်သွားသည်။မပြန်သေးပဲထပ်စောင့်ကြည့်သည်၊သိပ်မကြာပါ၊ပုံပြင်ထဲကလိုရဟန်းအသွင်မှကွယ်ပျောက်သွားပါသည်ဘုရားလို့ပြောရမလို၊စွပ်ကျယ်ချိုင်းပြတ်နဲ့ ပြန်ထွက်လာသည်။နောက်တဲမှ
နောက်တယောက်နဲ့ နောက်ဆုံးဝင်သွားသောတဲဆီသို့ ဝင်ရောက်သွားကြပြန်သည်။ကျွန်တော်နဲ့သူငယ်ချင်းစဉ်းစားကြသည်။ရဲကိုသွားခေါ်ပြီးဖမ်းခိုင်းရင်ကောင်းမလား၊ရပ်ကွက်လူကြီးခေါ်ရကောင်းနိုးနိုးမှာသူတို့ပြန်ထွက်လာကြသည်။သုံးယောက်သားပြုံးပြုံးနဲ့ သူတို့ နောက်တွင်ခပ်နွမ်းနွမ်းမိန်းမတယောက်နဲ့ပိန်လှီးခြောက်ကပ်နေသောကလေး()ယောက်။နောက်နှစ်တဲမှလည်းထွက်လာကြပြန်သည်၊မတိမ်းမရိမ်းပိန်ပိန်ကပ်ကပ်ကလေး()ယောက်နဲ့မိန်းမနှစ်ယောက်။မိန်းမ()ယောက်ကပြုံးပြုံးနဲ့ကလေးများကတော့မြုးတူးပျော်ပါးနေ
ကြသည်။တဒင်္ဂဆွံအသွားသည်၊ ဘာပြောရမှန်းမသိအောင် ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်တိတ်ဆိတ် သွားကြသည်။တကယ်တန်းဆိုရင်ကျွန်တော်တို့မကျေနပ်နိုင်ပါ။သံဃာကိုခုံတုံးလုပ်၍စီးပွားရှာခြင်းကိုဘယ်
ဗုဒ္ဓဘာသာမှလက်ခံမည်မဟုတ်ပေ။သို့သော်လတ်တလောတွေ့မြင်ရသောမြင်ကွင်းအရကျွန်တော်တို့ ဘာလုပ်နိုင်မည်နည်း။ ရဲတိုင်သော်သူတို့ သုံးယောက်အဖမ်းခံရမည်။အဖမ်းခံရပါကကျန်ခဲ့သောမိသားစုဘယ်လို အသက်ရှင်ရပ်တည်မလဲ။ရဲကိုဖမ်းခိုင်းတော့ရောကျွန်တော်တို့အတွက်ဘာအကျိုးထူးများစွာရမည်နည်း။အခုဦဇင်းအမှတ်နဲ့ လှူတန်းသောငွေကြေးသည်၊ကျွန်တော့်မိသားစုအပါအဝင်တခြားလှူတန်းသူများရဲ့ဘဝကို
ပျက်ဆီးနိုင်လောက်အောင်မထိခိုက်ခဲ့ပါ။အိမ်ကိုပြန်ပြီးလမ်းထဲကလူတွေ၊အမေတို့ အဒေါ်တွေအားပြန်လည်ပြောပြသော၊်သူတို့ ရဲ့ သဒ္ဒါတရားလေးကွယ်ပျောက်ကာအကုသိုလ်စိတ်ဖြစ်နေကြပေမည်။ကျွန်တော်ဆုံး
ဖြတ်ချက်တခုခိုင်မာစွာချလိုက်သည်။သူငယ်ချင်းကိုခေါ်၍ထိုနေရာကိုကျောခိုင်းထွက်လာခဲ့သည်။အပြန်
လမ်းတလျှောက်ကျွန်တော်တွင်အသိလေးတခုရရှိခဲ့သည်။ဦးဇင်းအမှတ်နဲ့ လှူတန်းခဲ့သည်။သာဓုခေါ်ကာပီတိဖြစ်ရသည်။လိမ်ညာမှုဟုသိရတော့ဒေါသဖြစ်ကာသဒ္ဒါစိတ်ကွယ်ပျောက်၍အကုသိုလ်ဖြစ်သည်။တဖန်ပြန်လည်၍မပြေလည်သောမိသားစုကိုမြင်ရပြန်တော့သဒ္ဒါစိတ်ပြန်ဖြစ်ကာသာဓုပြန်ခေါ်ရသည်။တွေးကြည့်လျှင် အပြစ်လုပ်သောသူသည် အကုသိုလ်အကျိုးကို တခါထဲသာအပြစ် ခံစား ရမည်။ ကျွန်တော်တို့သည်ကုသိုလ်၊ အကုသိုလ် ဖြင့်ကြိမ်ဖန်များစွာခံစားရသည်။အဓိကကျွန်တော်ပြောချင်သည်က အထက်ပါ ပုံပြင်ထဲကလို ရဟန်းအသွင်ကွယ်ပျောက်ခြင်းကိုမျက်စိမှိတ်သင့်ရင်မှိတ်ရပေမည်။မမှိတ်ပဲနဲ့အမြင်ကိုအမြင်အတိုင်းပြောခဲ့ပါလျှင်ရရှိမည့်  အကျိုးအမြတ်(ငွေကြေးမဟုတ်ပါ)ကို ချင့်ချိန်ရပေမည်။ ကိုယ်လှူတဲ့အလှူကိုသာအဓိက နှလုံးသွင်း သာဓုခေါ်နိုင်လျှင်အလှူအထမြောက်ပါသည်။ ဗုဒ္ဓဘာသာများရဲ့အယူအဆအတိုင်းကုသိုလ်ရပါ သည်။ဆက်လက်၍နောက်ကြောင်းများကိုအမေ့သားလိုမြေလှန်နေမည်ဆိုပါကပီတိဖြစ်လိုက်ဒေါသဖြစ်
လိုက်နဲ့ သံသရာမဆုံးနိုင်တော့ပေ။ တချို့သောသူငယ်ချင်းများစိုးရိမ်ကြသလိုမျိုး ကိစ္စများဟာလည်း ကျွန်တော်တို့ မြန်မာပြည်သာမကတကမ္ဘာလုံးမှာဒုနဲ့ ဒေးပါ။ဒါပေမဲ့သားသမီးတယောက်၏အသက်ကိုစတေး၍စီးပွားရှာဖို့စိတ်ကူးသောမိဘများကျွန်တော်တို့မြန်မာပြည်တွင်ရှိနိုင်ပါ၏လော။စိုးရိမ်သလိုကိစ္စများဟာ
လည်း၊ဘယ်တော့မှကွယ်ပျောက်မှာမဟုတ်ပါ။ ဘာကြောင့်လည်းဆိုတော့ ကောင်းမှု ဆိုတာရှိသည့်အတွက် သူ့ ရဲ့ဆန့် ကျင်ဖက် မကောင်းမှု ဟာလည်းရှိနေအုံးမှာပါ။ကိုယ်လှူတ၊ဲ့ ကိုယ်ပေးကမ်းစွန့်ကြဲတဲ့ ၊ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအတွက် စိတ်ထားတတ်ကြပါစေ။စိတ်ထားနိုင်ကြပါစေလို့ဆုတောင်းရင်း

လေးစားစွာဖြင့်
အမေ့သား