Wednesday, September 28, 2011

စည်းကမ်းရယ် အသိစိတ်ရယ် ရှိစေချင်ပါသည်

စည်းကမ်းအကြောင်းရေးမည်ဆို၍ အမေ့သား စည်းကမ်းရှိလွန်းလို့လား ဆိုရင်တော့ မဟုတ်ပါခင်ဗျာ..

အမေ့သားလည်းစည်းကမ်းမရှိပါ...ဒါပေမဲ့ အသိစိတ်လေးတော့နည်းနည်းရှိသည်၊
ငယ်ငယ်ကလူကြီးသူမတွေ ပြောပြခဲ့တဲ့ မြို့လေးတမြို့အကြောင်း အရင်ပြောပြမယ်...


Jurong Book Shop

Jurong လို့ ပဲထားပါတော့..Jurong. ဆိုတဲ့မြို့လေးမှာ စာအုပ်ရောင်းတဲ့ ဆိုင်လေးတဆိုင်ရှိတယ၊် ထူးခြားတာက အရောင်းစာရေးမရှိ ဆိုင်ပိုင်ရှင်မရှိခြင်းပင်၊ ဘယ်လိုရောင်းသလဲ.စဉ်းစားစရာပင်
စာအုပ်ဆိုင်လေးရဲ့ အဝင်ဝတခါးမကြီးအနီးတွင် ဆိုင်သော့လေးအားချိတ်ဆွဲထားလေသည်၊
မနက်ဆိုင်ဖွင်ချိန်ရောက်ပြီဆိုတာနဲ့ ပထမဦးဆုံးဝယ်မည့်သူသည် ဆိုင်သော့လေးကိုယူပြီး ဆိုင်တခါးဖွင့်၍ သူလိုချင်သောစာအုပ်ကို ကျသင့်ငွေပေးကာ ဆိုင်လေးအားရှင်းလင်း၍ ထွက်သွားလေသည်။
ပြောစရာတခုရှိပါသည်၊
ကျသင့်ငွေပေးဆိုတော့ အရောင်းစာရေးမရှိ ဆိုင်ပိုင်ရှင်မရှိပါပဲ ဘယ်သူ့ကိုပေးမည်နည်း ?
ဆိုင်လေးထဲတွင် ပိုက်ဆံထည့်ရန် သေတ္တာလေးတလုံးရှိပါသည် ထိုသေတ္တာလေးထဲသို့ ကျသင့်ငွေထည့်၍
ထွက်သွားကြသည်ပင်၊ ထိုသို့ ပထမဦးစွာဝယ်သူကဖွင့်ခဲ့သော ဆိုင်လေးသည် ဝယ်သူများနဲ့ အချက်ကျစွာ
ဝန်ဆောင်မှုပေးနေလေသည် ညနေဆိုင်သိမ်းချိန်သို့ ရောက်သောအခါ နောက်ဆုံးလာဝယ်သောသူသည် ဆိုင်လေးအား သိမ်းဆည်း ရှင်းလင်း၍ တခါးပိတ်သော့ခတ်ကာ သော့အား မူလနေရာတွင် ထားကာ ထွက်သွားလေသည်။
ထိုသို့ နေ့ စဉ်လည်ပတ်နေသောဆိုင်လေးတွင် ဆိုင်ရှင်မရှိ၍လား? ရှိပါသည်...ဆိုင်ရှင်သည်ထိုဆိုင်လေးသို့ တစ်လလျှင်တစ်ကြိမ်သာ လာလေ့ရှိသည်၊ လာရခြင်းအကြောင်းသည်ကား လိုအပ်သောစာအုပ်များကို ထပ်မံဖြည့်စွက်ရန်နဲ့ ရောင်းရငွေများသိမ်းဆီးရန် အတွက်သာဖြစ်သည်။
ထိုဆိုင်လေး၏ဆိုင်ရှင်ထံမှ မည်သည့်စာအုပ်များ ပျောက်ဆုံးပျက်ဆီး၍၊ မည်မျှသောငွေပမာဏလျော့နေသည် ဟူသောစကား အခါတပါးမှ မကြားရခြင်းမှာအံ့သြဖွယ်ရာပင်၊
ပို၍ အံ့သြစရာမှာ ရောင်းရသော စာအုပ်အရေအတွက်နှင့် ရရှိရမည့်ငွေပမာဏမှာ လိုသည်ဟု တစ်ခါမှမရှိခဲ့ပေ၊ အမြဲတမ်းပိုနေသည်သာဖြစ်သည်။

ထိုစဉ်အခါက ထိုပုံပြင်လေးကို နားထောင်ရင်း မြို့လေးနဲ့ မြို့သူမြို့သားများ၏ စိတ်ဓာတ်အား အရမ်းအားကျမိသည်၊ စည်းကမ်းရှိသည်၊ အသိစိတ်ဓာတ်ရှိသည်၊ သို့သော် ထိုအကြောင်းအရာသည်
ပြောစရာပုံပြင်တပုဒ် အဖြစ်ပင်ရှိခဲ့သည်၊ ယခုခေတ်ကာလတွင် မည်သည့်နိုင်ငံ၌ ဤကဲ့သို့ ဆက်လက်ပြု မူနေသနည်း...မရှိသလောက်ရှားမည်ထင်၏။ ထမင်းထုပ်သာသိုးသွားမည်...ရှာ၍တွေ့နိုင်မည်မထင်။

သို့သော် ရှိပါသည် .... ထိုသို့ပြုမူနိုင်အောင် လုပ်ဆောင်ပေးသူမှာ အမေ့သားပင်ဖြစ်သည်၊ အမေ့သား ကြိုးစားကြည့်သည်၊ အမေ့သားနောက်တွင် အမေ့သား၏ အရိပ်ပင်ကပ်မပါလာခဲ့ပေ၊ ဤကဲ့သို့ အောင်မြင်ခဲ့ပါသည်.................

အမေ့သားအလုပ်အတွက် ''ဗူး''ပေါင်းများစွာ မဟေသီကို အပူကပ်၍ဝယ်ခိုင်းခဲ့သည်၊ ထိုဗူးများထဲသို့ သကြားလုံး ဘီစကစ်နဲ့ အဆာပြေစားရန်မုန့်များဝယ်ထည့်ထားခဲ့သည်၊ ထိုသို့ သောအချိန်တွင်အမေသား၏
ကားအနီး၌ ပရိသတ်များစွာရှိလှသည်၊ အမေ့သား၏ကား ဆို၍ အထင်မကြီးကြပါနဲ့၊(အလုပ်ထဲတွင်သုံးသော trolley အားတင်စား ခေါ်ဝေါခြင်းသာ) ဗူးများထဲတွင် ရှိသမျှအားလုံး ကုန်သွားသောအခါတွင်မူ ယောက္ခမနဲ့ မတည့်သောသားမက်များ နည်းတူ တစ်ယောက်မှ အနားမလာကြတော့ပေ။
သို့သော် ပြောတော့ ပြောကြပါသည်၊ (ဘယ်တော့ထပ်ဖြည့်အုံးမှာလဲတဲ့)
အမေ့သားဖြစ်စေချင်သည်မှာ လျော့သွားသောဗူးထဲသို့ အလိုက်သိစွာ စားစရာတခုခုဝယ်လာ၍ ထပ်မံ ဖြည့်စွက်စေချင်သည်၊ မည်သူရယ် ဟုမဆိုချင်၊ အလိုက်သိစွာ တစ်ယောက်ယောက်မှဝယ်လာခြင်းကို
ဖြစ်စေချင်ခဲ့သည်၊ သို့သော် ယနေ့ အချိန်အထိဖြစ်မလာခဲ့သလို အမေ့သားလည်း ထပ်မံ၍ ဝယ်မထည့်တော့ပေ။

အမေ့သားရဲ့ကား(Audi -A6)


အမေ့သားတို့ အလုပ်လုပ်ရန်အတွက် trolley တစ်ခုဆီ ရှိကြသည၊် ကိုယ်အဆင်ပြေသလိုပြုပြင်ကြသည်၊
အမေ့သားကတော့ကိုယ့်ငွေကိုယ်သုံး၍ စနစ်တကျ ဖြစ်စေဖို့ drawer လေးများဝယ်ကာ ပစ္စည်းများကို နေရာတကျထားထားတယ်၊ ဘာလို့ လဲဆိုတော့မနက်အလုပ်ရာက်လို့ အလုပ်စလုပ်မဲ့အချိန်မှာ trolley
(ကား- လို့ပဲတင်စားခွင့်ပြုပါ) ကိုယ့်ရဲ့ကားလေးက သပ်သပ်ရပ်ရပ်နဲ့ ဆိုတော့ တနေ့တာစိတ်ကြည်လင်စွာ ဖြတ်သန်းနိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်ရယ်၊ ကိုယ်လိုချင်တဲ့ပစ္စည်းလေးတွေကို တနေရာထဲမှာ အဆင်သင့်ရယူနိုင်လို့ အချိန်ကုန်သက်သာစေတာရယ်၊ မည်သူမဆို လိုအပ်လျှင် ခက်ခက်ခဲခဲရှာဖွေစရာ မလိုအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ drawer တခုဆီမှာနာမည်လေးတွေထိုးထားပေးတယ်၊ နောက်တခု အမေ့သားသည် ခေါင်းမူးတတ်တဲ့ အကျင့်ရှိတာကြောင့် medicine drawer ဆိုပြီး တခုသတ်သတ်ထားကာ ဆေးမျိုးစုံအောင်လည်း အမေ့သား ကားမှာရှိခဲ့ပါတယ်၊ မြန်မာဆေး အင်္ဂလိပ်ဆေးအစုံ ကိုယ်ထူကိုယ်ထနဲ့
ဝယ်ပြီးထည့်ထားခဲ့တယ်၊ စိန်အစာကြေဆေး၊ အဘထမူးမော်ရှူဆေး၊ အေးငြိမ်းသီတာအကြောဆေး၊ စုံပါသည်၊ ဆိုင်ဖွင်၍ပင်ရနိုင်သည်၊ သူတိုတွေလည်းစမ်းကြည့်ကြသည်၊ စိန်အစာကြေဆေးနဲ့ အဘထရှုဆေးသည် လက်မလည်အောင်ရောင်းကောင်းသော ဆေးများဖြစ်ခဲ့သည်၊ သြော်..ငါတို့မြန်မာဆေးကို နိုင်ငံခြားသားတွေလည်း ကြိုက်ပါလားလို့ ဂုဏ်ယူမိခဲ့တယ်၊
ဒါပေမဲ့ဂုဏ်ယူမှုမှာ ခဏတာသာဖြစ်ခဲ့ရသည်၊ နောက်နေ့တွေတွင် အဘထဗူးရှာမတွေတော့ပေ၊
စိန်အစာကြေဆေးဗူးလေးမှာသူ့ နေရာတွင်မရှိတော့၊ ရှာဖွေရလေပြီ၊ ကိုယ်က jurong ဆိုတဲ့ မြို့လေးကို အားကျတာကိုး၊ရှာပေါ့ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါ၊ ဆေးအံဆွဲလေးကိုဖွင့်ကြည်တော့ panadol ဆေးကတ်လေးမှာ အခွံသာရှိတော့သည်၊ ဆေးများမရှိတော့ ယူသောက်ခြင်းကိုလက်ခံပါသည်၊
ဒါပေမဲ့မရှိတော့သောအခွံကိုတော့ လွှင့်ပစ်သင့်ပေသည်၊ အမေ့သားတွင်တွန့်တိုသောစိတ် စိုးစဉ်မျှမရှိပါ၊
နောက်တခုကပစ္စည်းပစ္စယများ (tools)ကို သူ့အံဆွဲနဲသူ စနစ်တကျထားပေးထားသည်၊ ယူသုံးကြပါသည်၊ ပြောကြပါသည်၊ အမေ့သားကားတွင်လိုချင်တာမှန်သမျှ အကုန်ရသည်တဲ၊့ ဒါသည်အံဆွဲများထဲတွင် ပစ္စည်းများ စုံလင်နေသောအချိန်တွင် ဖြစ်သည်၊ အမေ့သားအသုံးလို၍ သုံးမည်ဟုဆိုသောအခါ ရှာရပြီ၊ အံဆွဲများထဲတွင်လိုအပ်သည့်ပစ္စည်းများမရှိတော့၊

အမေ့သားဖြစ်စေချင်သည်မှာ ထပ်မံ၍ပြောရပေဦးမည် ဟိုမြို့လေးလိုပေါ့ ယူသုံးသော ပစ္စည်းများ မရှိတော့လျှင် အလိုက်သိစွာ သွားထပ်ယူ၍ ဖြည့်စေချင်ခဲ့သည်၊ သူ့နေရာနဲ့သူ ပြန်ထားစေချင်သည်၊
သိုသော်လုံးလုံးမျှမအောင်မြင်ခဲ့ပါ၊ မည်သူတစ်ဦးတစ်ယောက်မှ မလိုက်နာခဲ့ပါ၊ ယနေ့အချိန်ထိပင်၊
အခုတော့အမေ့သားလည်း မြို့လေးကိုပင် မေ့လျော့နေလေပြီ၊

အမေ့သားအဓိကဆိုလိုချင်သည်မှာ လူလေး. ဆယ်ဂဏန်းလောက်ရှိသောအမေ့သားတို့ department ထဲတွင်မူ စည်းကမ်းနဲ့ အသိစိတ်ကို ပြုပြင်ပြောင်းလဲလို့ မရခဲ့နိုင်ပါလျှင် သန်းပေါင်းများစွာသောလူတွေ...အမေ့သားတို့ တိုင်းပြည် မှာရှိတဲ့သူတွေကို ပြုပြင်၍ရနိုင်ပါ၏လော... အသားထဲ အသွေးထဲသာမက အရိုးထဲသို့ပင်စွဲနေသော အကျင့်ဆိုးများကို မည်ကဲ့သို့ ဖယ်ရှားအံ့၊ အမေ့သားကိုယ်တိုင်ရော ပြောင်းလဲနိုင်ပါသလား၊ အာမမခံပေ။။။။။
အဘယ်ကြောင့်ဆိုသော် အမေသာလျှင်ချစ်လွန်လွန်း၍ သူ့သား ဟုပြောသော်လည်း၊
စည်းကမ်းမရှိ အသိစိတ်လေးသာရှိသောကိုယ့်အား စည်းကမ်းရှိသောအဖေသည် ငါနဲ့မတူ င့ါသားမဟုတ်ဟု အမြဲတမ်း အပြောခံရလောက်အောင် အမေ့သားကိုယ်တိုင်ပင် စည်းကမ်းမရှိသောကြောင့်ဖြစ်ပါသည်။

အရေးပါသော အမိဧရာ

ခ နှစ်ခမြစ် ဆုံဆည်းကာ
စီးဆင်းလာတာ......အမိဧရာ

မြန်မာပြည်အတွက် ထင်ရှားရာ
မိခင်ပမာ...... အမိဧရာ

မြန်မာအလှ မြန်မာ့သဘာဝ
ဖော်ကျုးနေတာ.... အမိဧရာ

ရေလုပ်သားတို့ သက်မွေးရာ
အားထားနေတာ.... အမိဧရာ

တောင်သူများတို့ စိုက်ပျိုးရာ
အသက်သွေးပမာ.... အမိဧရာ

တေးသီကုံးရာ တေးစာသား
ရေးစပ်စေတာ.... အမိဧရာ

ကဗျာစပ်ဆို ကာရန်လို
ဖြည့်ဆည်းပေးတာ.... အမိဧရာ

ငယ်စဉ်ကာလ သင်ကြားရ
ကျောင်းစာတွင်ပါ အမိဧရာ

သမိုင်းတလျှောက်တွင် အမြဲပင်
စံတင်လောက်တာ.....အမိဧရာ

ထိုထိုအမိ တို့ အမိကို
ညဉ်းပန်းနှိပ်စက်
ရက်စက်လာသူ. တို့ ရန်သူ

ထိုထိုရန်သူ တို့ ရန်သူကို
တားဆီးကန့် ကွက်
တောင်းဆိုနေသူ တို့ ပြည်သူ........ဟေ့
ကန့် ကွက်နေသူ တို့ ပြည်သူ........ဟေ့
တားဆီးနေသူ. တို့ ပြည်သူ..... ..ဟေ့

Tuesday, September 27, 2011

ဟောဒီက......... တုတ်ထိုး



                                                               စားကြအုံးမလားဗျို့  



ဝက်သားကိုတုတ်နဲ့ထိုး
မရိုးနိုင်သော တို့များရိုးရာ
စားချင်စရာ အမယ်များနဲ့
စုံလင်စွာရှိလှတယ်လေး
အသားလား ? .. အသည်းလား ?
ရမယ်ဗျာ... ခဏလေး
နှလုံး ၊ အူချို ၊ ကျောက်ကပ်နဲ့
သုံးမျိုးရောတာယူမလားဗျာ
ပါးသားနဲ့ လျှာ
စားမလားကွဲ့...လာလို့ 
ကြော်ငြာကာမိတ်ဆက်ပေး
အချဉ်ရယ် ကောင်းမှကောင်းမို့ 
ကြက်သွန်ဖြူ ငရုတ်တကိုက်နဲ့ 
လျှာဇိမ်ခံ စားချင်ရင်ဖြင့်
ပြန်ပါလေ တို့ရွှေမြို့သို့ ..
ဟောဒီက......... တုတ်ထိုး

Saturday, September 24, 2011

ကိုဌက်ရဲ့ကဗျာ

တိုက်ဆိုင်လွန်းလို့ ပြန်လည်ခံစားရခြင်းပါ

… အမေ …
မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော

အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ …

အမေ …..
သားတော့ မီးလောင်နေပြီ

လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ

(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်

Friday, September 23, 2011

Knowledge

တရားတော်များ
►တနေရာထဲမှာအစုံရှိတဲ့ www.dhammaransi.comကျန်းမာရေးဆိုင်ရာ
►myanmarhealthcare
►myanmarmedicine.com
►ဒေါက်တာဝင်းသိန်း
►Drတင့်ဆွေဆေးပညာစာများ
►health.ngoinmyanmar
►မွန်သက်ပန်

အင်္ဂလိပ်စာလေ့လာချင်ရင်
►လွယ်ကူလေ့လာအင်္ဂလိပ်စာ
►မိမိအသံထွက်မှန်မမှန်ဒီမှာစစ်

►ESL
►အွန်လိုင်းအင်္ဂလိပ်စာ သင်တန်းကျောင်း (အခမဲ့ပါ)
သတင်းနဲ့ ဆိုင်ရာ
►ရာသီဥတုသတင်းများ
►မြန်မာတိုင်း(မ်)
►ခေတ်လူငယ်
►ကြေးမုံသတင်းစာ
►မြန်မာ့အလင်းသတင်းစာ

►Ecovision Business Jurnal
►CNN News
►guardian.
►နယူးယောက်တိုင်း(စ်)
►mrtv3
►အင်တာနက်ဂျာနယ်
►ချယ်ရီအင်တာနက်လမ်းညွှန်(လင့်စုံတယ်)
►ရန်ကုန်မီဒီယာ
►ရွှေအမြုတေ
►people
►မြန်မာတိုင်း(စ်)အင်္ဂလိပ်လို
►royal-myanmar
►first-11
►technical-sevenfont
► ELEVEN
► မြန်မာနက်
►ဈေးကွက်
►ပလန်းနက်
စာအုပ်များ
►စာအုပ်စာပေကဏ္ဍ
►မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း
►သရဖူ
►ayeyarwaddylibrary
►Myanmar Ebooks
►ကာတွန်းများ
►၀ိညာဉ်သစ်စာကြည့်တိုက်
►mandalayicon.com
►panamiko
►shwejokes
►popular.cytroncom...
►shweone
►burmeseclassic E BOOK
►မာယာမဂ္ဂဇင်း
►အိမ်ရှင်မရဲ့ ဟင်းလက်ရာ
►မေတ္တာရပ်ဝန်းမီးဖိုဆောင်(လုလု)
►မြန်မာစာလုံးပေါင်းသတ်ပုံ
►မြန်မာစာမြန်မာစကား
►လောကအလှ
►မြန်မာဟာသများ
နားဆင်စရာသီချင်းများ
► ပန်းစကား
► myanmarmp3net
► မြန်မာဗွီစီဒီများ
► petaliaSongs
► vn247
► ရင်ခုန်သံFM
► MMA
►မြန်မာရုပ်ရှင်၊သီချင်းများ
►မြန်မာသီချင်းများ(မြန်မာဘလော့)
►မြန်မာသီချင်းကြီးများ
►ထူးအိမ်သင်သီချင်းများ
►နေ့ သစ်မှသီချင်းများ
ရုပ်/သံများ
► ရွှေအိုး
► PLANET
► FREE MYANMAR VCD
► shwedream.
► myanmar-image
► royalthazin
► ခရမ်းပြာ
► မေနှင်းအေး
► M.S.M
► myanmarworld
► ကိုရီးယားရုပ်ရှင်
► ကာရာအိုကေ
►မြန်မာရုပ်ရှင်ဗွီဒီယိုများ(ဘားမိကလပ်စစ်)
►မြန်မာနိုင်ငံခြားရုပ်ရှင်များ
►အာရှနိုင်ငံများမှ ဇာတ်လမ်းများ
►ကိုရီးယား၊ဂျပန်၊ထိုင်ဝမ် ဇာတ်လမ်းများ
► နိုင်ငံခြားရုပ်ရှင်များ
►မင်းသီလမြန်မာဗွီဒီယို
နည်းပညာနှင့်အထွေထွေ
►ဘလော့ဘ်လုပ်နည်း
►မြန်မာ့အိုင်တီဘလောက်

►Online ICT READER
► သံလုံငယ်
► မောင်စေတနာ
►မလေးရောက်ခရီးသည်
►ကိုညီလင်းဆက်
► နိုင်းနိုင်းစနေ
►ရွှေပြည်သူ
►မြန်မာဓာတ်ပုံများ
►ရေမြေခြားမှာပညာရှာချင်ရင်
►မြန်မာ့ပညာရေး
►လူငယ်နှင့်ပညာရေး
ဗေဒင်ဆိုင်ရာ
► တားရော့ဗေဒင်
► ဂဏန်းဗေဒင်
► မြန်မာ့ရိုးရာဗေဒင်
အားကစားရေးရာ
►ဘောလုံးပွဲအဖြေသိချင်ရင်
►Soccer STATS.com
►မြန်မာဘောလုံးချစ်သူတို့ ဆုံစည်းရာ
►Myanmar National League
►soccer myanmar
►First Eleven
►Premier Eleven
►www.dvbsport.com
►EuroSport
►UEFA
►FA
GAMES ဂိမ်းများ
► y8 ဂိမ်းများ
► VIWAWA
► ဘိလိယက်
► မီနီဂိမ်းများ

Bun ထားရင် ကျော်ဝင်မယ့်
►proxytor
►atunnel

ငွေကြေးဈေးသိရအောင်
►Bloonberg.com
►ယနေ့ ပေါက်ဈေးသိချင်ရင်

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အမိ ဧရာဝတီ အတွက် တိုင်တည်ခြင်း

အို!!!!! အသင်လောက
အသင်သည်အဘယ်ကြောင့်များ အရာအားလုံးကို မျက်ကွယ်ပြု၍နေသနည်း၊ အသင်ရဲ့ရင်ခွင်တွင်းမှာရှိသော အမိမြန်ပြည်သည် မည်သည်ကိန်းသို့  ဆိုက်ရောက်နေသည်ဆိုတာကိုရော အသင်သိပါ၏လော။

အို!!!!!! အသင်လောက
အသင်၏ဆွေရင်းမျိုးရင်းအကျွန်တို့ မြန်ပြည်ရဲ ရာဇဝင်မှာ သမိုင်းအဆက်ဆက်
မော်ကွန်းတင်မဆုံး၊ဖော်ကြူးမကုန်နိုင်လောက်တဲ့ အသင်ရဲ့နှမတော် ဧရာဝတီ
အကျွန်တို့ ရဲ့မိခင် ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာကို အသင်သိပါ၏လော။

အို!!!!! အသင်လောက
မင်းတရားအမိန့် ဝန်မင်းတွေရဲ့ အကြံပက်စက်စွာနဲ့ အသင်ရဲ့ နှမတော်ကိုဖမ်းချုပ်လို့ 
မယ်မယ်ဧရာရဲ့လွတ်လပ်မှုတွေကို တားဆီးနေကြတာကိုရော အသင်မျက်ကွယ်ပြု၍
နေရက်ပါ၏လော။

အို!!!!! အသင်လောက
ဧရာဝတီကို မှီခိုနေရတဲ့ အကျွန်တို့ မြန်ပြည်သားတွေရဲ့ အသက်အိုးအိမ်တွေကို သင်းတို့ မငဲ့ကွက်ပဲ
လုပ်ချင်တိုင်း လုပ်ခွင့်ပြုတော့မည်လော။

မယ်မယ်ဧရာပိုင်ဆိုင်သော စည်းစိမ် ဥစ္စာတွေကို မင်းဘဏ္ဏာအဖြစ် သိမ်းရုံအားမရသေးပဲ ဧရာဝတီ
ဒို့ မိခင်ပိုင်နယ်ပယ်တွေကို တိုင်းတပါးလက် ဝကွက်အပ်လို့  နှလုံးကွဲကြေအောင် ပြုနေသည်ကိုရော
အသင် မသိလေရော့လား။

အခုဆို ဧရာဝတီ ဒို့ မိခင်ရော အမိမြန်ပြည်သားတွေရော ပူဆွေးသောကရောက်နေကြရပြီ
တိုင်းတပါးလက်ထဲ မယ်မယ်ဧရာနဲ့ သူမရဲ့သားချင်းတွေကို မညာမတာ ထိုးအပ်တော့မဲ့အရေးမှ ကာကွယ်ဖို့ အသင်လည်းပါဝင်သင့်ပါတယ် အသင်လောက။

အို!!!!! အသင်လောက
အသင်ရဲ့နှမတော်ဧရာဝတီ အကျွန်တို့ မိခင်အတွက် မြန်ပြည်တခွင်က သောသောညံအောင်
ကန့် ကွက်မှုတွေနဲ့ တားဆီးနေလေပြ၊ီ မြန်ပြည်တွင်းသာမက တိုင်းတပါးမှာသွားရောက်
ပညာသင်ကြားနေ ကုန်သွယ်မှုပြုနေကြသော မြန်ပြည်သားများကလည်း
ဧရာဝတီ...အကျွန်တို့ မိခင်အတွက် ပူပန်သောကတွေနဲ့  နှလုံးသွေးတွေ ရဲရဲနီနီလေပြီ။

အို!!!!! အသင်လောက
အကျွန်တို့ ဟာ မိခင်ဧရာဝတီအတွက် ကန့်ကွက်မှုတွေ တောင်းဆို်မှုတွေကို တတိုင်းပြည်လုံး တူညီစွာ ထုတ်ဖော်ပြဖို့  အဆင်သင့်ဖြစ်နေကြလေပြီ အသင်လောက။

အသင်ရော အကျွန်တို့ နဲ့  အတူတိုက်ပွဲဝင်ဖို့ အမိဧရာဝတီကို ကယ်တင်ဖို့   အသင့်ရဲ့ မိတ်ရင်းဆွေညာတွေနဲ့  အမိမြန်ပြည်ဆီသို့ သွားရောက်ကာကွယ်ပါလော့...

Wednesday, September 21, 2011

ဒါဒို့ မြေ ဒါဒို့ ပြည် ဒို့ ပိုင်ဖို့ လေ

အမိနိုင်ငံတော်သီချင်းအား
ဖျက်လို့ ဖျက်ဆီးလုပ်လိုသောဆန္ဒမပါပါ
လက်ရှိဖြစ်ပျက်နေသော
အကြောင်းအရာများကို
ဖော်ပြချင်ယုံသက်သက်ပါ။။။။

ကမ္ဘာမကြေ မြန်မာပြည်
ဒို့ ဘိုးဘွားအမွေအနှစ်မို့ 
ဒို့ ပိုင်ချင်သလေ.....ဒါပေမဲ့လည်း
အခုများတော့ ဒို့ မပိုင်တော့ပေ။

အကုန်လုံးကို ထုတ်ရောင်းဖြစ်
တရုတ်ပြည်ကိုလေ
အခွန်ကြီးပဲ ကျန်တော့လို့ 
ပေးတာထင်သလေ
ဒါဒို့ မြေ ဒါဒို့ ပြည်
ဒို့ မပိုင်တော့ ပေ။

သစ်များနဲ့ ကျောက်များနဲ့ 
Gas တွေကို လေ
တရုတ်, ကုလားက
အပိုင်သိမ်းဖို့ 
ကြိတ်ကြံကာနေ။
ကျောက်တွင်းနဲ့ 
ရေနံတွင်းပေါင်းများစွာကိုလေ
သူတို့ သားနဲ့ သူတို့ အမျိုးများသာလုပ်နေ
သူတို့ က ငွေရသမို့ 
ပြုံးပျော်လို့ နေ
သူတို့ တွေ ...သူတို့ တွေ ကြိတ်ကြံနေ

နိုင်ငံခြားရောက်
မြန်မာများအတွက်ဟု ဆိုကာလေ
အခွန်များကို လျှော့ပေးလို့ 
သိပ်မပျော်စေချင်
ဘာကြောင့်မို့ လျှော့ပေးလည်း
သိချင်ရင်လေ
မကြာဖူးဟေ့ လာလိမ့်မလေ
စောင့် ကာကြည့်နေ....
သူတို့ တွေ ...သူတို့ တွေ ကြိတ်ကြံနေ

ဒေါ်လာဈေးက
မတရားကြီးကျလာပြီလေ
ဆန်ဈေးတို့ ဆီဈေးတို့ 
ကျမလာခဲ့ပေ
အလုပ်သမားများ
အလုပ်ရှားလို့ အခက်ကြုံကာနေ
ဒါတွေသိလည်း
သူတို့ က ဂရုကို မစိုက်ပေ
သူတို့ တွေ သူတို့ တွေ ...ကြိတ်ကြံနေ

ဧရာဝတီ မြစ်ကြီးလည်း
ပျက်စီးဖို့ စနေပြီလေ
ဆည်များကို တခုပြီးတခု
ဆောက်ကာသာလေ
ဓာတ်အားကို ဟိုတရုတ်သို့ 
ပို့ ကာရောင်းမလေ
ပြည်တွင်းကြ ဓာတ်အားများ
မျှကာပေးဝေ
လာတရက်နဲ့ မလာတရက်မို့ 
ဒို့ ပြည်သူတွေ Gen စက်နဲ့ 
Battery များကို အားပြုကာ ဆက်နေ
သူတို့ တွေ ...သူတို့ တွေ ကြိတ်ကြံနေ

ဒါဒို့ မြေ ဒါဒို့ ပြည်
အသိမ်းမခံနိုင်ပေ။။

ဒါဒို့ မြေ ဒါဒို့ ပြည်
အပျက်မခံနိုင်ပေ။။

ဒါကြောင်မို့ 
အကုန်လုံးကို ပြောချင်ပါသလေ
ကာကွယ်ကြစို့ သူငယ်ချင်းတို့ 
တတ်နိုင်သလောက်လေ
သူငယ်ချင်းတို့ စိတ်အားများ
ထက်သန်ရင်လေ
လာသွားပြီး ရင်ဖွင့်စို့ 
လမ်းပြကြယ်သို့ လေ.....

သူတို့ တွေ သူတို့ တွေ
အမျိုးမျိုးကြံစည်ပါလို့ လေ
တိုင်းပြည်ကို ဖျက်နေ
မိစ္ဆာတွေ...သိပ်မကြာပေ....ငရဲပြည်ကိုလေ။။။။။။

Sunday, September 18, 2011

အမေ့ကချစ်သော အမေ့ကိုချစ်သော အမေ့သား

အမေရှိသော
အမေ့ ကချစ်သော
အမေ့ ကိုချစ်သော.... သားများသည်
အမြဲတမ်း အမေ့ သားများဖြစ်သည်။

အမေ့ သား
ဟုတ်ပါသည်.... ကျွန်တော်သည်
အမေ့ သားပါ

အမေ သည်ကျွန်တော်အတွက်တော့
ဘယ်အရာနဲ့ မှ ချိန်ထိုး၍ မရနိုင်ပါ

အမေသည်ကျွန်တော်အတွက်တော့
ပထမ ပင်ဖြစ်သည် အမေရှေ့တွင်
ဘယ်သူမှမရှိနိုင်......

အမေသည် ကျွန်တော့ အပေါ်တွင်
ညီမလေးထက်ပင် ပိုချစ်၍ ပိုပူပင်ခဲ့သည်

မှတ်မိပါသေးသည်....
ငယ်ငယ်က အဖေရိုက်လျှင်
ရှေ့မှကာဆီးကာ အမေသည်
ကျွန်တော့အားကာကွယ်ပေးတတ်သည်

ကျွန်တော်အသက် ၈ နှစ် ခန့်  က
အဖေတို့  ယမကာဝိုင်းနား
မယောင်မလည်နဲ့  သွားကာ
အမြီးစားချင်သော ကျွန်တော်တို့ 
မောင်နှမ အား အဖေသည်
ဘောလုံးကန်မှရှောက်သီးစားရမည်
အရက်သောက်မှ အမြီးစားရမည်ဆိုကာ
အရက်တိုက်လေသည်

ညီမလေးသည် ဘာမှမဖြစ်သော်လည်း
ကျွန်တော့မှာတော့  ချာချာလည်လေပြီ
ကျွန်တော်ကို ချစ်သော
အမေသည်အဖေ နဲ့  အကြီးအကျယ်စကားများလေသည်။

ပြောမဆုံးနိုင်သော
အမေ့ အကြာင်းများပင်။

ကျွန်တော် GTI အင်းစိန်တွင် ကျောင်းတက်စဉ်ကာလ
အိမ်ပြန်ချိန်နည်းနည်းနောက်ကျ၍
ကားဂိတ်တွင်လာစောင့် နေခဲ့ ဖူးသည်

သန်လျှင် GTI တွင်တက်ရစဉ်ကလည်း
အဆောင်မှာနေသောကြောင့် 
အစားအသောက် ဂျီးများသောကျွန်တော့ အတွက်
တပတ်တခါ ငါးဆင့်ချိုင့် ဖြင့် 
ချက်ပြုတ် ကြော်လှော်ကာ
လာပို့ တတ်၏

ကျွန်တော် စားချင်တာမှန်သမျှ မငြီးမငြူ
လုပ်ပေးတတ်သော အမေ
ကျွန်တော် လုပ်ချင်တာ မှန်သမျှ
လုပ်ပေးခဲ့ သော အမေ..............

ကျွန်တော် အိမ်ထောင်ကျသောအခါ၌လည်း
ဘယ်သောအခါမှ ကျွန်တော်နှင့်  မဟေသီ ကြားတွင် ကောင်းသည်ဆိုးသည်
ဝင်ရောက် မစွက်ဖက်တတ်သော အမေ

မဟေသီ နဲ့  ကျွန်တော် စကားများတိုင်း
ကျွန်တော့ကိုသာ ဆူပူတတ်သော အမေ

ဒီထက်ပို၍ ပြောရလျှင်
ကျွန်တော့ အသက် ၃၀တွင်
မဂ်လာဆောင်ခဲ့ သည် ။
ထိုစဉ်က နှစ်ဖက် မိဘများအား
ကန်တော့သော အခါ အမေ သည်
ဝမ်းနည်းစွာ ငိုခဲ့ ပြီး
ဆွေမျိုးများကမေးသောအခါ
ကျွန်တော့ အားငယ်သေး၍ စိတ်မချဟုပြောသည်........

ညီမလေး မဂ်လာ ဆောင်သောအခါ အမေ သည်
ဝမ်းသာလှိုက်လှဲစွာ ပြုံးနေသည် .......
သိုသော်!!!!!!
ညီမလေးအား ငယ်သေးသည်ဟု မပြောခဲ့ပါ

အမေ့ အကြောင်းပြောရလျှင်
Facebook တင်မက တခြားသော
bookများ blog များမှာပင်
စာမျက်နှာ မလောက်ဌ နိုင်ပေ.........

ထို့ ကြောင့် 
ကျွန်တော်သည် အမေ့ သားဖြစ်ပါ၏
ကျွန်တော့် ကဲ့ သို့ ပင်
အမေကိုချစ်သော
အမေကချစ်သော
အမေ့ သားများဖြစ်ကြပါစေ။။။။။။။