Wednesday, February 19, 2014

အိပ်မက်ဆိုးမှ လွတ်မြောက်ခြင်း

တိတ်ဆိတ်ခြင်းကို

ဖြိုခွဲ တကိုယ်တည်း

ဇောချွေးပြန်လို့

အိပ်ရာကလန့်နိုး

မိုးမလင်းသေးပါလား။

ငါ့ဘေးမှာ ငြိမ်သက်

အိပ်စက်နေတာ

ဘယ်သူလဲ.....

အသာအယာထွေးဖက်

အေးစက်လှတဲ့

ကိုယ့်လက်ကြောင့်

ချစ်သူနိုးမှာစိုးရွံ

တိုးတိုးလေးရေရွတ်

ဒါဟာအိပ်မက်မဟုတ်ဖူး။

ချစ်သူနဲ့အတူ မှေးစက်

မို့မို့ဖောင်းတဲ့ 

ဗိုက်ကလေးထဲ

အိပ်စက်နေတာ

ကျွန်တော့်ရင်သွေးဗျ။

တိတ်တိတ်လေးထိုင်ကြည့်

သာသာလေးငုံ့နမ်းလို့ ကြည်နူး 

မျက်ဝန်းက မျက်ရည်တစက်

ဖြတ်ခနဲ့အကျမှာ

ကျွန်တော်သိလိုက်ပြီ

ဒါဟာအိပ်မက်မဟုတ်ဖူး။

အိပ်မက်ဆိုးများထဲက

ကြိုးစားလို့နိုးထပေးတဲ့ ချစ်သူ

အပြစ်ကင်းစင်တဲ့ ချစ်သူကို

ဖွဖွလေးအနမ်းတပွင့်

ကျွန်တော်ခြွေခိုက်

ချစ်သူ့မျက်နှာအပြုံးတချက်

ကျွန်တော်မြင်လိုက်တယ်။

သေချာပါပြီ.........

ဒါဟာအိပ်မက်မဟုတ်ဖူး........

ကျွန်တော်အိပ်မက်ဆိုးတွေ

မမက်တော့ဖူး.......

လွတ်မြောက်သွားပြီ........

အမေ့သား

(၁၈-၂-၂၀၁၄)

Saturday, February 01, 2014

အမေ့အိမ်

အမေ့အိမ်

အမေ ပျော်သောအိမ်
အမေ့ စိတ်တိုင်းကျ 
အမေ စီမံနိုင်သောအိမ်
အမေ့ ခြေ 
အမေ့ လက် 
အမေ့ သဘောကျ
အမေ လုပ်ပိုင်ခွင့်ရှိတဲ့အိမ်
ထိုသို့သောအိမ်ကို 
အမေ့သားချစ်သော 
အမေ့အိမ် လို့ခေါ်ပါသည်။


လေးစားစွာဖြင့်

အမေ့သား
(၁-၂-၂၀၁၄) 


HOME SWEET HOME ပြောင်းလဲခြင်း

HOME SWEET HOME ပြောင်းလဲခြင်း

Home Sweet Home ဆိုတာ
အနေကြာပြီး အဆင်ပြေတဲ့နေရာကို ခေါ်သလားလို့ မေးပါရစေ။

မွေးရပ်မြေကရော Home Sweet Home
မဖြစ်နိုင်ဖူးလားလို့ မေးစရာရှိလာခဲ့လိမ့်မယ်။

ဖြစ်နိုင်ပါတယ် .........ဖြစ်သင့်ပါတယ်
ဒါပေမဲ့ မဖြစ်နိုင်ဖူးလို့လည်းပြောလို့ရခဲ့ပါတယ်။

အမေ့သား စလုံးကိုရောက်ခါစအချိန်ကအရင်ရောက်နေတဲ့ မောင်ဦးများက ပြောကြတယ်။
မြန်မာပြည်ပြန်ရတာစိတ်ပျက်စရာ၊စိတ်ညစ်စရာကွာလို့ပြောတုံးက အမေ့သား
စိတ်ထဲ တော်တော်လေကြီးတဲ့လူတွေပဲမြန်မာပြည်မှာမွေး မြန်မာရေကိုသောက်ပြီး
လူဖြစ်လာတဲ့သူတွေက စလုံးလေးရောက်ပြီးမှ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး စိတ်ထဲကပြောမိတယ်။ အမေ့သားကိုယ်တိုင်လည်းမြန်မာပြည်အလည်ပြန်နေတာပဲ ဒီလိုပါပဲ.... သိပ်မထူးဆန်းပါဖူး။ 
ဒါဟာအစပိုင်းစလုံးနဲ့ သဟဇာတသိပ်မဖြစ်သေးတဲ့အချိန်အပိုင်း အခြားလေးမို့
ဆိုတာ ရောက်ပြီး ၅ နှစ်လောက်မှာ စတင်ခံစားလာရတယ်။ ဘာလဲဆိုတော့
မြန်မာပြည်ပြန်ရောက်ပြီး တပတ်ကျော်တာနဲ့ နေလို့ထိုင်လို့အဆင်မပြေတော့ဖူး။ တခုခုလို နေသလို ခံစားလာရတယ်။ 
ဘယ်လိုပြောမလဲဗျာ...
ဧည့်သည်တယောက်က သူများအိမ်မှာအကြာကြီး မနေချင်တဲ့စိတ်မျိုးဖြစ်လာတယ်။ တဖြေးဖြေးနဲ့ စလုံးကို ကိုယ့်အိမ်ကိုယ့်ရာလို့မှတ်ထင်လာမိတယ်။
အရင်လို မြန်မာပြည်ပြန်ရောက်လို့သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားမလုပ်ချင်
တော့ဖူး။သူတို့ကိုယ်တိုင်လည်း မအားလပ်တော့ဖူး ။ရက်ကြာလာတာနဲ့အမျှ အထီးကျန် ဆန်သလို ခံစားလာရတယ်။ နောက်ပိုင်းတော့မြန်မာပြည်ပြန်ဖြစ်တဲ့အခါ
မွေးရပ်မြေမှာ မနေပဲ ရောက်တာနဲ့ ခရီးစထွက်၊ဘုရားစုံလိုက်ဖူး၊
ခရီးတခုကပြန်လာ၊ နောက်တခုကူး နဲ့ ရက်လည်းပြည့် စလုံးလည်းပြန်တဲ့အစီအစဉ်
ကိုပျော်မွေ့လာတယ်။
ပထမပိုင်းတော့တလခွဲလောက်ပြန်၊တဖြေးဖြေးနဲ့ တလ၊နောက်တော့တပတ်ဖြစ်လာပြီး 
ကိုယ်ပျော်ရာနေရာလေးကကိုယ့်ရဲ့HomeSweetHomeဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။
မြန်မာပြည် အခါမှာတခြားတိုင်းတပါးကို သွားလည်ရသလိုဖြစ်လာပြီး စားတာ၊နေတာ သွားတာ၊လာတာကစလို့သိပ်အံမဝင် ဂွင်မကျဖြစ်လာတော့ ပြန်စဉ်းစားမိတယ်၊ ငါဘဝင်မြင့်လာတာလား၊ စိတ်ကြီးဝင်လာတာလား။ မနေဖူး.......မထိုင်ဖူး
မကိုင်ဖူး..... မသုံးဖူးတာတွေသုံးပြီး အောက်ခြေလွတ်နေတာလားလို့ပြန်တွေးမိတာ အခါခါ။ မဟုတ်ရပါဖူးဗျာ။ စလုံးရောက်လာတဲ့သူတိုင်းနေထိုင်သုံးစွဲသလိုပဲ နေထိုင်စားသောက်တာပါပဲ ၊
ဒါပေမဲ့ ပတ်ဝန်းကျင် လူနေမှု အသွင်သဏ္ဍာန်ပြောင်းလဲမှုကြောင့် အမေ့သားတို့ရဲ့
စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေက အနေကြာတဲ့နေရာ ကိုယ်နဲ့ Use Too ဖြစ်နေ
တဲ့ နေရာကိုသာတပ်မက်လွမ်းဆွတ်ကြတာမို့တပြည်ခြားကကိုယ့်ရဲ့ ိမ်လိုဖြစ်လာခဲ့ရင်းHome Sweet Home ဆိုတာ ခေါင်းစဉ်မှန်ပြီး အတွင်းစာသားတွေမှားနေတဲ့ စာတပုဒ်လိုဖြစ်နေခဲ့ရပြီ။

ဒါကို တနေ့က အဖိုးဆုံးလို့ မပြန်မဖြစ်ပြန်သွားရတဲ့ အမေ့က သက်သေပြ ခဲ့တာပဲ ။
အမေစလုံးရောက်တာ (၆)နှစ်မှာ ဒီတခါပြန်တာ ဒုတိယအကြိမ်ပါ၊ ပထမတကြိမ်က
ရောက်ပြီးသိပ်မကြာခင်ညီမလေးမင်္ဂလာဆောင်လို့ပြန်ရတာမို့ပါ။အခုတခေါက်ရယ်
ကြားမှာ(၅)နှစ်ကျော်မွေးရပ်မြေနဲ့ ဝေးခဲ့တဲ့အမေ မနေတတ်မထိုင်တတ်တွေဖြစ်ပြီး
မြင်မြင်ရာစိတ်ရှုပ်နေတာပဲတဲ၊့ ဒီမှာက သူ့လက် သူ့ခြေ သူ့စိတ်ကြိုက်နေချင်သလိုနေ 
စားချင်သလိုစား သွားချင်ရာသွား နေလာတဲ့သူတယောက်အတွက် ညီမလေးအိမ်က သူအတွက် မွန်းကြပ်နေတယ်တဲ့၊ သူ့အိမ်ကိုပဲ သူပြန်ချင်နေတယ်တဲ့ ညီမလေးက
ဒါအမေ အရင်နေခဲ့တဲ့အိမ်ပဲလေဆိုတော့ ငါ့အိမ်က စလုံးမှာတဲ့။ဟုတ်ပါလိမ့်မယ်
အမေမြန်မာပြည်ပြန်ရောက်ရောက်ချင်း ချောင်းတွေဆိုးပြီးဖျားပါတော့တယ်၊
အညှော်နံတွေမခံနိုင်လို့ခေါင်းတွေမှုးပြီး မျက်နှာကြီး စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံ
ကိုညီမလေးကပို့လာခဲ့တယ်။ကိုယ်တွေမှာစိုးရိမ်ပြီး ဆေးခန်းသွားဖို့ပြောရတာအမောပါ။ပြန်လာခါနီးအထိ နေမကောင်းသေးတဲ့အမေတယောက်မနက်ဖြန်လည်း ပြန်ရမယ်ဆိုတော့ အတော်လေး လန်းဆန်းသွားတယ်တဲ့၊

လေယာဉ်ချိန် ၁၁ခွဲမှာ အမေက မနက်၆ နာရီလောက်ကတည်းက ပြင်ဆင်ပြီး အိမ်ရှေ့
မှာအထုပ်တွေအပိုးတွေအဆင်သင့်ဖြစ်နေခဲ့ တော့ ဆွေမျိုးညီအစ်ကိုမောင်နှမတွေက
တအံ့တသြတွေဖြစ်ပြီး ပြန်ရမှာပါ မပူပါနဲ့လို့တောင်ပြောရတဲ့အထိ အမေတယောက် စလုံးကိုခင်တွယ်မိနေတယ်။

ပြန်ရောက်မဲ့နေ့ အမေ့သားတို့သွားကြိုတော့တက်ကြွလန်းဆန်းတဲ့အမေ့သွင်ပြင်ကို မြင်ရတော့ဝမ်းသာမိတယ် ။မြန်မာပြည်ကလူတွေပြောတဲ့ အမေနေမကောင်းဖူးဆိုတာဘာကိုပြော
တာလဲလို့ပြန်မေးရမဲ့ အခြေအနေဖြစ်နေတယ်၊ ဒါပေမဲ့ ကျွန်တော်သိလိုက်ပါပြီ တကယ်တော့ အမေနေမကောင်းတာမဟုတ်ဖူး၊ စိတ်မကောင်းတာ၊စိတ်မပျော်တာ
အမေအနေကြာပြီးအမေနဲ့သဟဇာတဖြစ်တဲ့ နေရာကနေခွဲခွာပြီးအမေ့မွေးရပ်ကိုပြန်
ရပေမဲ့ ပျော်ဖူး။ မေ့မွေးရပ်မှာအမေကသူစိမ်းတယောက်ဖြစ်နေတော့အမေ့စိတ်ခံစားချက်ကအမေ့ရဲ့ Home Sweet Home ဆိုတာ အမေ လက်ရှိနေနေတဲ့ အမေ့သားရဲ့
အမေ့အိမ်လေးဆိုတာကို အမေက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာနဲ့ ထင်သာမြင်
သာလစ်ဟပြလိုက်တော့ ကျွန်တော်တို့ခံစားရတဲ့ ခံစားမှုတခုဖြစ်တဲ့ ချန်ဂီလေဆိပ်ကို လေယာဉ်ဆင်းတာနဲ့ Home Sweet Home လို့
စိတ်ထဲကတိုးတိုးလေးရွတ်မိတာ မလွန်ပါဖူးလို့တွေးမိရင်း ။

အမေ့သား
(၂၈-၁-၂၀၁၄)