Sunday, March 10, 2013

အပယ် ခံနေ့ ( သို့).သတ်ပုံ မှားတဲ့နေ့



မောင်မျိုးရေ...........
မောင်မျိုး....................” ဗျာ”

ခေါ်သံကို ပြန်ထူးရင်း ဘယ်သူလဲဗျို့ ဟု ပြန်ပေးမိသည်။
ဦးတင်ဝင်းနဲ့ဦးလှသောင်းတို့ ကိုကြီးဟု. ညီမငယ် အိမ်ရှေ့မှလှမ်းအော်သည်။
လာပြီ ......လာပြီ.........ဗျို့
ကသောကမျော အဝတ်အစားဝတ်ပြီး အိမ်ရှေ့ထွက်တော့ ဦးလေးကြီး နှစ်ယောက်
ရှင်းရှင်းပြောရရင်တော့ ကျွန်တော်သူငယ်ချင်းနှစ်ယောက် ဘော်ဘော်နှစ်ယောက်ပေါ့
ဦးတင်ဝင်းက (၆၀)ကျော်....
ဦးလှသောင်းက (၇၀)နီးနီး .....ကျန်သေးတယ်ဗျ
ဦးထွန်းနိုင်..... သူက တော့ (၅၇)လောက်ရှိမည်၊
သူတို့(၃)ယောက်သည် ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်
သူငယ်ချင်းတွေ ဆိုပါတော့ .........ဪ ကျွန်တော်အသက်ကတော့
(၂၅)တောင်မပြည့်တန်သေးပါ.....

ခုလည်း လက်ဖက်ရည်ဆိုင်သွားဖို့လာခေါ်ခြင်းသာဖြစ်ရမည်။
ဟာ........ ဦးတင်နဲ့ဦးလေးလှ....... ဆိုဗျာ........ .....ဘာကိတ်
ဆို လည်း မလုပ်နဲ့ ဘာကိတ်တွေညာကိတ်တွေလည်းမလုပ်နဲ့ မြန်မြန်လာဆိုင်သွားမယ်၊
ဟိုကောင် ထွန်းနိုင် ဆိုင်မှာစောင့်နေတယ်။

ဪ..... မောင်မျိုး မင်း လက်နက်တွေယူလာအုံး၊ မင်းရော ဘာဂွင်တွေ တွေ့ထားသေးလဲ။
ဟိုကောင်ကတော့ အပိုင်လို့ပြောတာပဲကွ........
ဒါဆို ခဏလေး သွားယူလိုက်အုံးမယ်...... ပြောပြောဆိုဆို ကျွန်တော် အိမ်ပေါ်ပြေးတက်ပြီး
အခန်းထဲက လက်နက်ကိရိယာတွေယူပြီး ပြန်ထွက်လာခဲ့သည်။
ကဲ .....သွားမယ်ဦးလေး..

(၃) ယောက်သား လမ်းထိပ်က မောင့်လက်ဖက်ရည်ဝိုင်းဆိုင်လေးသို့ချီတက်ခဲ့ကြသည်။ ဆိုင်ရှေ့ရောက်တော့ ကျွန်တော်တို့ရဲ ဘုံ....... တနည်းအားဖြင့် ဗိမ္မာန်  
တမျိုးပြောတော့ ဘူမိနသံ နေရာ ဆိုင်ထောင့်လေးမှာ ဦးထွန်းနိုင်က နေရာယူလျက်
ဦးလေးတို့ကလည်း ကြာလိုက်တာဗျာ.........
မောင်မျိုး ကို ဝင်ခေါ်နေတာဟ........ မင်းကလည်း ခဏလေးစောင့်ရတာကို ဖြစ်နေလိုက်တာကွာ
ညီလေးရေ. ......လက်ဖက်ရည် (၃)ခွက်ဟေ့.......
ဦးထွန်းနိုင်က လက်ဖက်ရည်လှမ်းမှာ ကျွန်တော်တို့က နေရာကိုယ်စီ ယူလိုက်ကြသည်။
ကျွန်တော်ကိုယ်တိုင်လည်း အိမ်ကယူလာသော လက်နက်များကို စားပွဲပေါ် တင်လိုက်သည်။

ဦးထွန်းနိုင်က သူရဲ့ လက်နက်တချို့မြေပုံတချို့ထဲမှာ ဆွဲထုတ်ပြီး........
အနေအထားကတော့ အပိုင်ပဲဗျ ....ဒီဂွင်...... ဒီလမ်းကြောင်းကို စောင့်ကြည့်နေတာ
(၄)နှစ်လောက်ရှိပြီဗျ၊ ဒီတခါကတော့ အပိုင်ပဲ ဒီမှာကြည့့်ဆိုပြီး...........
လမ်းကြောင်းက..... ဒီကစမယ်၊ ပြီးတော့ ဒီဖက်ကိုလာတယ် နောက်တော့ ဒီထိပ်ကိုပြန်ရောက် အခုဒီကိုသေချာပေါက်လာရတော့မယ်။ စောင့်ပြီး အပိုင်သိမ်းရုံပဲ ....ဟုတ်တော့အတော်ဟုတ်သည် သူပြောသွားပြသွားတဲ့အနေအထားကတော့ အချီကြီးပဲ......

မောင်မျိုး မင်းဖက်ကရော ဘာထူးခြားသေးလဲ?
သိပ်အထူးခြားတော့မဟုတ်ဖူး... တချက်ကောင်းလေးတွေတော့ရှိတယ်၊သတိတော့ထားရမဲ့
အနေအထားလေးတွေ... ဂွင် အသေးလေးတွေပါ။ ဦးထွန်းနိုင် ဂွင်လောက်တော့ မမိုက်ပါဖူး၊
အေးပြစမ်းပါအုံး .......မင်း အနေအထားလေးတွေ၊ ကျွန်တော် ဟာလေးတွေကသိပ်အကြာကြီးမဟုတ်ဖူးဗျ
အနီးကပ်လေးတွေ တချက်ကောင်းလေးတွေပါ၊ ဒါပေမဲ့မိလိုက်ရင်လည်း အပြတ်ပဲနော်......

ဒီမှာကြည့်..... ကျွန်တော်လည်း ကျွန်တော်လက်နက်တွေ၊မြေပုံတွေထုတ်ပြီး
ဒီကောင်ကတော့ တော်တော်ငြိမ်တယ၊် သူပြီးရင်ပြီးတယ်၊သူက ဟိတ်...ဆို လှည့်ကြည့်စရာကိုမလိုတာ လွှတ်သာပစ်လိုက်ဗျာ ......အဲ့လောက်စိတ်ချရတာ ကဲ... ကဲ ဒါဆိုလည်း နောက်ဆုံးပိတ်လေးလုပ်လိုက်ကြကွာ၊ ရက်ကနီးနေပြီ. ဒီနေ့(၁၃)ဆိုတော့ နောက် (၃)ရက်ပဲလိုတော့တာကွ။ ဦးလေးတင်နဲ့ဦးလေးလှက ဝင်ပြောရင်းကျွန်တော်တို့စီမံကိန်းအတွက်
အဆုံးအဖြတ်လုပ်ရန် လေးယောက်သားခေါင်းချင်းဆိုင်လိုက်ကြသည်။

ထိုအချိန်တွင် ကျွန်တော်မျက်ဝန်းထောင့်မှ အရိပ်တခုလှမ်းတွေ့လိုက်ရသည်။
သတိထားမိတာတော့ ဆိုင်ကိုစဝင်လာကတည်းက ကျွန်တော်တို့ဘေးခုံမှာထိုင်နေတဲ့ ကုလားတယာက်ကိုဖြစ်သည်။ကျွန်တော်တို့ပြောသမျှ နားစွင့်နေသလို၊ တချက်တချက် လှမ်းလှမ်းကြည့်နေသလို ခုလည်း နောက်ဆုံးအဆုံးအဖြတ်အတွက် ရွေးချယ်တော့မည်ဆိုမှ
ဒင်းက တချက် ထပြီး စောင်းငဲ့ကြည့်ပြန်သည်၊ ဖျတ်ကနဲ့လှည့်ကြည့်လိုက်တော့ မသိသလိုနဲ့
တဖက်သို့လှည့်သွားသည်။
 
ကျွန်တော်တို့လည်း ကဲ.... ဒီအစီအစဉ်နှစ်ခုတော့ မလုပ်ဖူးကွာဆိုပြီး ဦးထွန်းနိုင်ကမှင်နီနဲ့ဝိုင်းလိုက်သည်။
ကျန်တဲ့နှစ်ခုတော့ အပိုင်လုပ်မယ်ကွာဆိုပြီး အဆုံးအဖြတ်ယူလိုက်ကြသည်။ ဘေးဝိုင်းကကုလားလည်း ဆတ်ကနဲ့တချက်ကြည့်ပြီး မသိသလို လက်ဖက်ရည်ဆက်သောက်နေသည်။
ကျွန်တော်တို့(၄)ယောက်လည်း အသီးသီးလမ်ခွဲခဲ့ကြသည်၊ သတ်မှတ်ထားတဲ့ရက်ကိုရောက်ခဲ့ပေမဲ့
ကျွန်တော်တို့စီမံကိန်း မအောင်မြင်ခဲ့ပါ။ဒါဟာလည်း သိပ်မထူးဆန်းတော့ပေ။ အဆင်ပြေတဲ့အခါရှိသလို
မပြေတာလည်းရှိနိုင်ခြင်းပင်။နောက်တော့လည်းထုံးစံအတိုင်းလက်ဖက်ရည်ဆိုင်ကိုလာနောက်စီမံကိန်းတွေ
အတွက်အစီအစဉ်သစ်တွေထပ်ဆွဲကြရင်းနဲ့ လေးယောက်သားဟုတ်နေကြသည။်

ဦးလေးတို့ရေ.......အိမ်ကထွက်လာတာလည်း အတော်ကြာပြီ.....
ကဲ. ......ဒီနေ့တော့ တော်ပြီ ပြန်တော့မယ်ဆိုပြီး ......ညီလေးရေ ရှင်းမယ်ဟေ့..... စားပွဲထိုးလေးကို လှမ်းခေါ်တော့...... ကောင်လေးက အစ်ကို ဟိုဖက်ဝိုင်းက အစ်ကိုက အားလုံးရှင်းပြီးသွားပြီတဲ့.......
ဟေ................... ဘယ်သူလဲကွ...?
တို့အသိလား .......မေးမေးပြောပြောလှမ်းကြည့်လိုက်တော့ ကုုလားမိသားစုတစ်စု
ကုလားကပြုံးပြီး လက်ပြသည်၊ ကျွန်တော်လည်း ရောယောင်ပြန်ပြုံးပြီး လက်ပြန်ပြမိသည်။
ခဏကြာတော့ ကုလားက သူ့မိန်းမဟုထင်ရသော ကုလားမကို တိုးတိုးပြောပြီး ကျွန်တော်တို့ဝိုင်းသို့ထလာသည်။ ရောက်လာတော့ ......ဆရာ ကျွန်တော်ကိုမှတ်မိလား...
ကျွန်တော်သေသေချာချာကြည့်သည၊်........မမှတ်မိပါ လုံးလုံးမသိ.... သေချာတာကတော့ ကျွန်တော့်အသိထဲကမဟုတ်တာပဲ.....
ဦးလေးတင်............. သူကိုသိလားဟု ဘေးက ဘော်ဘော်တွေမေးတော့လည်း
ငါတို့လည်းမသိဖူးကွ၊.. ထားပါတော့ မင်းက ငါတို့ဖို့ပိုက်ဆံဘာလို့ရှင်းတာလဲ....
ဆရာတို့က ကျွန်တော့်ကျေးဇူးရှင်တွေမို့ပါ၊ ကျွန်တော်တောင်ဒီလောက်ရတယ်ဆိုမှတော့ာ
ဆရာတို့လည်း ထော်ပြီပေါ့ ဟုတ်တယ်....... မဟုတ်လားဆရာ

နေစမ်းပါအုံး........မင်းက ဘာတွေလာပြောနေတာလဲ
သေသေချာချာရှင်းရှင်းလင်းလင်းပြောစမ်းပါကွာ .......ဒီလိုဆရာ
ကျွန်တော် ဆန်အိတ်ခွံတွေဝယ်တယ၊် ပြီးတော့ပြန်ရောင်းတယ်...
အဆင်မပြေဖူးဆရာ. အိမ်မှာကလေးကလည်း(၃)ယောက၊်ယောက်က္ခမကလည်းဗြစ်တောက်ဗြစ်တောက်နဲ့
အတော်စိတ်ညစ်နေတာ.....
ဟိုတပတ်က ဒီလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဝင်သောက်နေတုံး
ဆရာတို့ပြောစကားတွေကြားတော့ ကျွန်တော် အရမ်းကိုသိချင်လာတယ်၊
ဒါကြောင့် အသာလေး ခိုးနားထောင်လိုက်၊ မသိမသာလေး ခိုးကြည့်လိုက်လုပ်နေတာလေ
ဒီဆရာတောင် ကျွန်တော်ကို သင်္ကာမကင်းဖြစ်နေသေးတယ်လေ.....
ပြီးတော့ ဆရာတို့သွားခါနီးမှာ ဆရာတို့စာအုပ်ပေါ်ကြည့်လိုက်တော့
မှင်နီနဲ့ဝိုင်းထားတဲ့ ဂဏန်းနှစ်ကွက်တွေ့တယ်ဆရာ...ကျွန်တော်လည်းမှတ်ထားပြီး
ရပ်ကွက်ထဲရောက်တော့ အပိုင်ဆိုပြီး ကျွန်တော့်ရှိတဲ့ပိုက်ဆံနဲ့
အောလိုက်တယ်ဆရာ... ထင်တဲ့အတိုင်းပဲ မှင်နီနဲ့ဝိုင်းထားတဲ့အထဲက
ဂဏန်းတခုက ထွက်သွားတယ်လေ၊ မှင်နီနဲ့ဝိုင်းထားမှတော့ သေချာတာပေါ့ဆရာ....
မဟုတ်ဖူးလား...... အခုဆို ယောက္ခမလည်း ပါးစပ်ပိတ၊် မိန်းမ ကလည်း
အနဲ..... အနဲ...နဲ့ဖူးဖူးမှုတ်ထားတယ်ဆရာ၊ ဆရာတို့ကို ကျေးဇူးအရမ်းတင်ပါတယ်၊
ကန်တော့တောင် ကန်တော့ချင်တယ၊် ကုလားပြောနေသော စကားများကို
ကျွန်တော်တို့လေးယောက် မကြားတချက် ကြားတချက်ဖြင့် နားထောင်နေမိသည်။

ကုလားကထပ်ပြီးတော့ ဆရာတို့ရော ဘယ်လောက်ဖိုးတောင်ပေါက်လဲဟင်..... လိုထပ်မေးတော့
ကိုရွှေကုလားရယ်...... တော်ပါတော့ကွာ. မင်းကြည့်ပြီး ထိုးလိုက်တဲ့အကွက် မှင်နီဝိုင်းထားတဲ့အကွက်က ငါတို့ရဲ့ ပယ်ဂဏန်းကွ...........ပယ်ဂဏန်း သိရဲ့လား ကိုရွှေကုလားရယ် ......      
ကုလားလည်း........ဗျာ...... တလုံးပဲပြောနိုင်ပြီး သူ့ဝိုင်းကိုကုပ်ကုပ်လေးပြန်သွားထိုင်နေလိုက်တော့သည်။

ကျွန်တော်တို့ဝိုင်းလည်း အတန်ကြာတိတ်ဆိတ်ပြီး တယောက်မျက်နှာ တယောက်ကြည့်ပြီး
ဝါးလုံးကွဲ ရယ်မောမိလိုက်ကြလေသည်။

လေးစားစွာဖြင့်
အမေ့သား


No comments:

Post a Comment