Tuesday, March 12, 2013

ချစ်သူဖတ်ဖို့ (၁)


ချစ်သူရေ....ဒီနေ့မှာကျရောက်မဲ့
ကိုယ်တို့ရဲ့ မင်္ဂလာ(၇)နှစ်ပြည့်အမှတ်တရအတွက်....

ချစ်သူဖတ်စေဖို့ ဒီကဗျာလေးရေးလိုက်တယ်

၁၉၉၉-၆-၃၀ရက်နေ့ ကစလို့ 
စက္ကန့် ပေါင်း (၁၈၉၂၁၆၀၀၀)စက္ကန့် 
မိနစ်ပေါင်း (၃၁၅၃၆၀၀)မိနစ်
နာရီပေါင်း (၅၂၅၆၀)နာရီ
ရက်ပေါင်း (၂၂၃၂)ရက်
လပေါင်း (၉၃)လ
နှစ်ပေါင်း  (
)နှစ်
ချစ်ခဲ့ ကြပြီးမှ၊

၂၀၀၆-၃-၁၂ရက်နေ့ မှာ
နှစ်ယောက်တအိပ်မက်ဘဝနဲ့ 
နှစ်ပေါင်း (၇)နှစ်
လပေါင်း (၉၆)လ
ရက်ပေါင်း (၂၅၅၅)ရက်
နာရီပေါင်း (၆၁၃၂၀)နာရီ
မိနစ်ပေါင်း (၃၆၇၉၂၀၀)မိနစ်
စက္ကန့် ပေါင်း (၂၂၀၇၅၂၀၀၀)စက္ကန့် 
သေတူရှင်မကွာ
အေးအတူပူအမျှ နေခဲ့ကြတာ  
သက္ကလပ် ရတုတိုင်လေပြီ။

သက္ကလပ်ရတုမှစပြီး
နောင်ရတုပေါင်းများစွာ
နှစ်ပေါင်းများစွာ
လပေါင်းများစွာ
ရက်ပေါင်းများစွာ
နာရီပေါင်းများစွာ
မိနစ်ပေါင်းများစွာ
စက္ကန့် ပေါင်းများစွာ
စွယ်တော်ရွက်လို
မခွဲတူယှဉ်လျက်
ချစ်လျက်ပါ ကလေးငယ်ရယ်။

အမေ့သား
(၁၂-၃-၂၀၁၃)

No comments:

Post a Comment