Thursday, August 30, 2012

ထွေးပွေ့ကြိုချင်လွန်းလို့ပါ


အမေကချစ်တဲ့
အမေ့ရဲ့သားလည်း 
ငါဖြစ်ခဲ့ပြီ၊

မင်းကချစ်တဲ့ မင်းရဲ့သား 
ငါ့ရင်သွေးလည်း
ငါတောင်းတသည်။

အဖေကချစ်တဲ့
အဖေ့ရဲ့သမီးလည်း
မင်းဖြစ်ခဲ့ပြီ၊

ငါကချစ်တဲ့ ငါရဲ့သမီး 
မင်းရင်သွေးလည်း
ငါတောင်းတသည်။

ငါရဲ့ရင်သွေး
မင်းရင်သွေးမှ
ဖြစ်တည်လာမဲ့
ငါတို့ရဲ့သား
ငါတို့ရဲ့သမီးကို
ကမ်းလင့်ကြိုချင်ပြီ။

လှမ်းလာခဲ့ပါတော့
ငါတို့ရဲ့ ရင်ခွင်စီ 
ထွေးပွေ့ကြိုချင်လွန်းလို့ပါ။


အမေ့သား
(၃၀-၀၈-၂၀၁၂)

1 comment:

  1. အမြန်ဆုံးပြည့်ဝပါစေအကိုး))

    ဒိုးကန်

    ReplyDelete