Saturday, August 18, 2012

ဘကုံးနဲ့ စလို့ ဝလုံးနဲ့ ဆုံးတဲ့ ဘဝ (၁)




အမေထုပ်ပေးလိုက်သော အထုပ်ကို နောက်ကျောတွင်ထိုးပြီး အင်္ကျီနဲ့ကွယ်ကာ အဖေမသိအောင်
ခပ်သုတ်သုတ်လေးအိမ်မှ ကျွန်တော်ထွက်လာခဲ့သည်။ အမေမှာသော စကားများကိုလည်း အဆက်မပြတ်ရွတ်လာခဲ့မိသည်၊မှောင်ရီစအချိန်တွင်တဖက်လမ်းသို့ခပ်သွက်သွက်သွားရင်း
ဘယ်သူမှမမြင်အောင်ခေါင်းကိုငုံ့ပြီးရှေ့သို့သာမဲပြီးလျှောက်လာခဲ့မိသည်။ နောက်ကျောမှာ ပါလာသောအထုပ်ကလေးကိုလည်းခဏခဏစမ်းမိသည်။အမေပြောသောအိမ်သို့ရောက်လေပြီ။
အမေမှာတာကိုလည်းမမေ့အောင်စိတ်ထဲရွတ်နေဆဲ.......
အန်တီတုတ် ! အမေကပြောတယ်..(၁၅၀) တော့ပေးပါတဲ့၊မကြာပါဖူးတဲ့......
မေ့မှာစိုးလို့သာ ပြောလိုက်ရခြင်းပင် ဘာမှန်းမသိသေး
အန်တီတုတ် အထုပ်ဖြေကြည့်တော့ အမေ ဟိုတလောကမှ ဝယ်ထားသော ထမိန်အသစ်ကလေး အထပ်ဆင်တောင် မတပ်ရသေး. ကျွန်တော်သိလိုက်ပြီ၊သူငယ်ချင်းတွေပြောပြောနေသော ..သွားပေါင်တယ်... အပေါင်ခံတယ်ဆိုတာ! အခုကျွန်တော်အပေါင်ခံသောအိမ်ကိုရောက်နေသည်၊ နင့်အမေကိုပြောလိုက် သူ့မို့လို့ (၁၅၀) ပေးတာလို့           ဟုတ်.... တလုံးသာပြောပြီး အန်တီတုတ်ပေးလိုက်သောပိုက်ဆံ(၁၅၀)ကိုလက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ပြီးအိမ်သို့တန်းပြေးလာခဲ့သည်။
အမေ ရော့ (၁၅၀) .. အမေက ပိုက်ဆံကိုယူပြီး အကြွေ (၅)ကျပ် ကျွန်တော့်ကိုပေးသည်။
သား မုန့်ဝယ်စားတဲ့......
ပျော်သလိုလို ဝမ်းနည်းသလိုလိုနဲ့ဒါပေမဲ့ ကျွန်တော် ဘဝတွင်ပထမဦးဆုံးအပေါင်ခံသောအိမ်တွင် ပစ္စည်းပေါင်ဖူးခဲ့လေပြီ။

1 comment:

  1. ဘဝသရုပ်ဖော် တစ်ခန်းရပ်လေး ဖတ်သွားတယ် အမေ့သားရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete