အမေ.
အဖေ့ကို
ချစ်ခြင်းများစွာနဲ့
ခွဲသွားတယ်
အမေ.
ဒို့မောင်နှမတွေကို
မေတ္တာတွေပေးပြီး
ခွဲသွားတယ်
အမေ.
လောကကြီးကို
အနိုင်နဲ့ပိုင်းပြီး
ခွဲသွားတယ်
တချိန်မှာ အဖေလည်း
ငါတို့ကို ထားသွားမယ်
တချိန်မှာ ငါတို့လည်း
အဖေ့ကို ခွဲသွားမယ်
တချိန်မှာ ငါလည်း
မင်းကို ခွဲသွားမယ်
တချိန်မှာ မင်းလည်း
ငါ့ကို ထားသွားမယ်
တချိန်မှာ အားလုံးကို
ငါတို့ခွဲသွားရမှာ
တချိန်မှာ အားလုံးက
ငါတို့ကို ခွဲသွားမှာ
ဘယ်သူက ဘယ်သူ့ကို
နုတ်ဆက် ခွဲခွာလို့
ဘယ်သူ့ကို ဘယ်သူက
ထားရစ်ခဲ့မယ်ဆိုတာ
ဘုရားရှင်ရှိရင်တော့
သိနိုင်ပါတယ်
ဒါဟာ လောကသဘာဝပါ
ဖြစ်ပျက်ခြင်း နိယာမပါ
ခုတော့
ငါတို့ပြင်ဆင်ထားရမယ်
ငါတို့စဉ်းစားထားရမယ်
ငါတို့ ဘာတွေပြင်ဆင်ထားမလဲ
ငါတို့ ဘာတွေစဉ်းစားထားမလဲ
မင်းသိပါတယ်
မင်းမှာ ဗုဒ္ဓ အဆုံးအမတွေရှိတယ်
မင်းမှာ အဖေရှိသေးတယ်
မင်းမှာ အစ်ကိုတွေရှိသေးတယ်
မင်းမှာ အစ်မရှိသေးတယ်
မင်းမှာ တူ တူမတွေရှိသေးတယ်
မင်းမှာ သူငယ်ချင်းမိတ်ဆွေရှိသေးတယ်
မင်းမှာ မင်းနဲ့သေတူရှင်မကွာ
အေးအတူပူအမျှနေပေးမဲ့
အမေ့သား ဆိုတဲ့ငါ ရှိပါသေးတယ်
အဖေ့သမီးရယ်
ခုတော့
မငိုပါနဲ့တော့ ချစ်သူ
အမေ့သား
၁၁/၈/၂၀၁၂
လောကလူသားအားလုံးဟာ ဧည့်သည်တွေပါ အမေ့သားရေ။
ReplyDeleteမျှော်မှန်းလို့မရတဲ့သေမင်းတံခါးဝကို အလှည့်ကျလာရင်
မနွဲ့စတမ်းသွားကြရမှာ ဓမ္မတာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်