အမေကဲ့သို့သော အမေဆုံးသောနေ့
လာတုန်းကလည်း
တယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါ။
ထွက်သွားတော့လည်း
တယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါမြဲ။
အလာ နဲ့ အပြန်
ဘယ်ကလာလို့
ဘယ်ကို ပြန်မယ်
သူ့ဌာနေ သူဖွေရှာလို့
ပြန်သောသူက ပြန်သွားလေပြီ
ကျန်ခဲ့သူက ပူဆွေးနေပြီ။
တချိန်မှာတော့ ကိုယ်တွေလည်း
ကိုယ့်ဌာနေ ကိုယ့်ရပ်
အဖော်မပါပဲ တယောက်တည်း
ပြန်ရပေအုန်းမည်။
ကိုယ် ဘယ်ကလာလို့
ဘယ်ကို ပြန်ရမည်
ကိုယ်မသိတော့
ကိုယ်ပြုခဲ့တဲ့ကိုယ်ကံ
စီမံရာနာခံလို့
ငါလည်း တနေ့သေရအုံးမည်။
ငါလည်း တနေ့သေရအုံးမည်။
အမေ့သား
အမေကဲ့သို့ အမေဆုံးသောနေ့
၂၉-၇-၂၀၁၂(၈-၀၀)
သံဝေဂ ကဗျာလေး ဖတ်သွားတယ် အမေ့သားရေ။
ReplyDeleteအမေ့သားရဲ့ အမေကဲ့သို့သော အမေလို ဘဝတူ လူသားတိုင်းမလွဲမသွေ တစ်နေ့တော့ တွေ့ကြုံကြရမှာ မုချဧကန်မလွဲပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်