အမေ့ရဲ့ တိုက်ပွဲခေါ်သံ
လွှမ်းခြုံရစ်သိုင်းမဲ့
ဒီမီးဖိုချောင် စစ်တလင်း
ချစ်ခြင်းနဲ့အမေ ချက်လို့
အမေ့ရဲ့ ခင်ပွန်း
အမေ့ရဲ့ သား
အမေ့ရဲ့ သမီးတို့
လျှာရင်းမျက်စေဖို့
စားကောင်းဖွယ်ရာ
အမေ စဉ်းစား လို့
နေ့စဉ်တိုက်ပွဲ
အမေ ဆင်နွဲခဲ့တယ်
မနက် နေ့လည်
ညစာ ပြင်ဆင်
အမေ စီစဉ်လို့
မိသားစုအတွက်
မမောမပန်း
အမေ ချက်ရင်း
ဒီမီးဖိုချောင် စစ်တလင်း
အမေ ချစ်ခြင်းနဲ့
ဆက်တိုက်ခဲ့တယ်
အလုပ်ကအပြန်
အမေ့ရဲ့ ခင်ပွန်း
အမေ့ရဲ့ သား
အမေ့ရဲ့ သမီးတို့
မြိန်ယှက်စွာစားတော့
အမေ့ပီတိ ဂွမ်းဆီထိရတယ်
အမေ့ မေတ္တာထမင်း
အမေ့ စေတနာဟင်းက
ဒီမီးဖိုချောင် စစ်တလင်းမှာ
အမေတိုက်ရင်း ရခဲ့တာ
အခုလည်း တိုက်နေအုံးမှာ
နောင်လည်း တိုက်နေအုံးမှာ
ဆိုတဲ့ အမေက
အမေချစ်သော
အမေ့ရဲ့ ခင်ပွန်း
အမေ့ရဲ့ သား
အမေ့ရဲ့ သမီးတို့အတွက်
ဒီမီးဖိုချောင် စစ်တလင်းဟာ
အမေ့အတွက်တော့
ပန်းမွေ့ရာပါတဲ့
အမေ့သား
သဘောကျတယ် တောက်ပြောင်နေတာဘဲ ....း)
ReplyDeleteဒီလိုလေးတိုက်လို့ကတော့တိုက်ရပါစေတော်တသက်လုံးတိုက်ရတိုက်ရး))
ReplyDeleteခင်မင်လျှက်
မဒိုးကန်
ကဗျာလေးဖတ်ပြီးတော့ အမေ့သားဆိုတာ ပိုလို့ ယုံသွားရတယ်.. :)
ReplyDeleteLove your website! It's a pleasure to visit here. Come and visit my website too!
ReplyDeletehttp://motors.com.mm/?utm_campaign=mot_mm_lb_blog_gvisoy&utm_source=mot_lb_blog&utm_medium=lb_blog
အမေကိုချစ်တဲ့သားတစ်ယောက်အဖြစ် အပြည့်အဝလက်ခံပြီးသားပါကွယ်။
ReplyDeleteရင်တွင်းခံစားချက်ကဗျာလေးအားပေးသွားတယ် အမေ့သားရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်