Wednesday, September 28, 2011

အရေးပါသော အမိဧရာ

ခ နှစ်ခမြစ် ဆုံဆည်းကာ
စီးဆင်းလာတာ......အမိဧရာ

မြန်မာပြည်အတွက် ထင်ရှားရာ
မိခင်ပမာ...... အမိဧရာ

မြန်မာအလှ မြန်မာ့သဘာဝ
ဖော်ကျုးနေတာ.... အမိဧရာ

ရေလုပ်သားတို့ သက်မွေးရာ
အားထားနေတာ.... အမိဧရာ

တောင်သူများတို့ စိုက်ပျိုးရာ
အသက်သွေးပမာ.... အမိဧရာ

တေးသီကုံးရာ တေးစာသား
ရေးစပ်စေတာ.... အမိဧရာ

ကဗျာစပ်ဆို ကာရန်လို
ဖြည့်ဆည်းပေးတာ.... အမိဧရာ

ငယ်စဉ်ကာလ သင်ကြားရ
ကျောင်းစာတွင်ပါ အမိဧရာ

သမိုင်းတလျှောက်တွင် အမြဲပင်
စံတင်လောက်တာ.....အမိဧရာ

ထိုထိုအမိ တို့ အမိကို
ညဉ်းပန်းနှိပ်စက်
ရက်စက်လာသူ. တို့ ရန်သူ

ထိုထိုရန်သူ တို့ ရန်သူကို
တားဆီးကန့် ကွက်
တောင်းဆိုနေသူ တို့ ပြည်သူ........ဟေ့
ကန့် ကွက်နေသူ တို့ ပြည်သူ........ဟေ့
တားဆီးနေသူ. တို့ ပြည်သူ..... ..ဟေ့

No comments:

Post a Comment