Sunday, September 18, 2011

အမေ့ကချစ်သော အမေ့ကိုချစ်သော အမေ့သား

အမေရှိသော
အမေ့ ကချစ်သော
အမေ့ ကိုချစ်သော.... သားများသည်
အမြဲတမ်း အမေ့ သားများဖြစ်သည်။

အမေ့ သား
ဟုတ်ပါသည်.... ကျွန်တော်သည်
အမေ့ သားပါ

အမေ သည်ကျွန်တော်အတွက်တော့
ဘယ်အရာနဲ့ မှ ချိန်ထိုး၍ မရနိုင်ပါ

အမေသည်ကျွန်တော်အတွက်တော့
ပထမ ပင်ဖြစ်သည် အမေရှေ့တွင်
ဘယ်သူမှမရှိနိုင်......

အမေသည် ကျွန်တော့ အပေါ်တွင်
ညီမလေးထက်ပင် ပိုချစ်၍ ပိုပူပင်ခဲ့သည်

မှတ်မိပါသေးသည်....
ငယ်ငယ်က အဖေရိုက်လျှင်
ရှေ့မှကာဆီးကာ အမေသည်
ကျွန်တော့အားကာကွယ်ပေးတတ်သည်

ကျွန်တော်အသက် ၈ နှစ် ခန့်  က
အဖေတို့  ယမကာဝိုင်းနား
မယောင်မလည်နဲ့  သွားကာ
အမြီးစားချင်သော ကျွန်တော်တို့ 
မောင်နှမ အား အဖေသည်
ဘောလုံးကန်မှရှောက်သီးစားရမည်
အရက်သောက်မှ အမြီးစားရမည်ဆိုကာ
အရက်တိုက်လေသည်

ညီမလေးသည် ဘာမှမဖြစ်သော်လည်း
ကျွန်တော့မှာတော့  ချာချာလည်လေပြီ
ကျွန်တော်ကို ချစ်သော
အမေသည်အဖေ နဲ့  အကြီးအကျယ်စကားများလေသည်။

ပြောမဆုံးနိုင်သော
အမေ့ အကြာင်းများပင်။

ကျွန်တော် GTI အင်းစိန်တွင် ကျောင်းတက်စဉ်ကာလ
အိမ်ပြန်ချိန်နည်းနည်းနောက်ကျ၍
ကားဂိတ်တွင်လာစောင့် နေခဲ့ ဖူးသည်

သန်လျှင် GTI တွင်တက်ရစဉ်ကလည်း
အဆောင်မှာနေသောကြောင့် 
အစားအသောက် ဂျီးများသောကျွန်တော့ အတွက်
တပတ်တခါ ငါးဆင့်ချိုင့် ဖြင့် 
ချက်ပြုတ် ကြော်လှော်ကာ
လာပို့ တတ်၏

ကျွန်တော် စားချင်တာမှန်သမျှ မငြီးမငြူ
လုပ်ပေးတတ်သော အမေ
ကျွန်တော် လုပ်ချင်တာ မှန်သမျှ
လုပ်ပေးခဲ့ သော အမေ..............

ကျွန်တော် အိမ်ထောင်ကျသောအခါ၌လည်း
ဘယ်သောအခါမှ ကျွန်တော်နှင့်  မဟေသီ ကြားတွင် ကောင်းသည်ဆိုးသည်
ဝင်ရောက် မစွက်ဖက်တတ်သော အမေ

မဟေသီ နဲ့  ကျွန်တော် စကားများတိုင်း
ကျွန်တော့ကိုသာ ဆူပူတတ်သော အမေ

ဒီထက်ပို၍ ပြောရလျှင်
ကျွန်တော့ အသက် ၃၀တွင်
မဂ်လာဆောင်ခဲ့ သည် ။
ထိုစဉ်က နှစ်ဖက် မိဘများအား
ကန်တော့သော အခါ အမေ သည်
ဝမ်းနည်းစွာ ငိုခဲ့ ပြီး
ဆွေမျိုးများကမေးသောအခါ
ကျွန်တော့ အားငယ်သေး၍ စိတ်မချဟုပြောသည်........

ညီမလေး မဂ်လာ ဆောင်သောအခါ အမေ သည်
ဝမ်းသာလှိုက်လှဲစွာ ပြုံးနေသည် .......
သိုသော်!!!!!!
ညီမလေးအား ငယ်သေးသည်ဟု မပြောခဲ့ပါ

အမေ့ အကြောင်းပြောရလျှင်
Facebook တင်မက တခြားသော
bookများ blog များမှာပင်
စာမျက်နှာ မလောက်ဌ နိုင်ပေ.........

ထို့ ကြောင့် 
ကျွန်တော်သည် အမေ့ သားဖြစ်ပါ၏
ကျွန်တော့် ကဲ့ သို့ ပင်
အမေကိုချစ်သော
အမေကချစ်သော
အမေ့ သားများဖြစ်ကြပါစေ။။။။။။။

No comments:

Post a Comment