Saturday, September 24, 2011

ကိုဌက်ရဲ့ကဗျာ

တိုက်ဆိုင်လွန်းလို့ ပြန်လည်ခံစားရခြင်းပါ

… အမေ …
မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော

အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ …

အမေ …..
သားတော့ မီးလောင်နေပြီ

လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ

(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်

No comments:

Post a Comment