Tuesday, September 27, 2011

ဟောဒီက......... တုတ်ထိုး



                                                               စားကြအုံးမလားဗျို့  



ဝက်သားကိုတုတ်နဲ့ထိုး
မရိုးနိုင်သော တို့များရိုးရာ
စားချင်စရာ အမယ်များနဲ့
စုံလင်စွာရှိလှတယ်လေး
အသားလား ? .. အသည်းလား ?
ရမယ်ဗျာ... ခဏလေး
နှလုံး ၊ အူချို ၊ ကျောက်ကပ်နဲ့
သုံးမျိုးရောတာယူမလားဗျာ
ပါးသားနဲ့ လျှာ
စားမလားကွဲ့...လာလို့ 
ကြော်ငြာကာမိတ်ဆက်ပေး
အချဉ်ရယ် ကောင်းမှကောင်းမို့ 
ကြက်သွန်ဖြူ ငရုတ်တကိုက်နဲ့ 
လျှာဇိမ်ခံ စားချင်ရင်ဖြင့်
ပြန်ပါလေ တို့ရွှေမြို့သို့ ..
ဟောဒီက......... တုတ်ထိုး

4 comments:

  1. သွားရေများကျပြီး သတိများရသွားပါကြောင်းး)

    ReplyDelete
  2. တို့လည်းစားချင်တယ်.....

    ReplyDelete
  3. ရှိသေးရင် နည်းနည်းကျွေးပါ....း))

    ReplyDelete
  4. ကျွေးချင်ပါသည်

    ReplyDelete