Saturday, May 03, 2014

သမီးချော့တေး (၂)

ပိုးဥ မေမေ 
သနပ်ခါး
ပါးကွက်ကြားနဲ့
လှနေတယ်။

ပိုးဥကြီးရင်
ဒီလိုမျိုးလေး
ဖေဖေကိုယ်တိုင်
လိမ်းပေးမယ်။

နှာကြားလေးကို
ထင်ထင်ဆွဲလို့
ပါးကွက်ကြားလေး
ကွက်ပေးမယ်။

ဆံပင်လေးကို
စုကာစည်းလို့
နပန်းဆံလေး
ချည်ပေးမယ်။

လက်သည်းလေးမှာ
အလှဆင်လို့
ခြေသည်းနီလည်း
ဆိုးပေးမယ်။

ဖေဖေသွားရင်
နောက်ကလိုက်လို့
ကျောပိုးပြီးလည်း
ခေါ်သွားမယ်။

ဖေ့ချစ်ရင်သွေး
ပိုးဥလေးမို့
မေမေ မနာလို
ဖြစ်လိမ့်မယ်။

မေမေဆူရင်
ဖေ့စီပြေးလို့
ပိုးဥ အစား
အရိုက်ခံမယ်။

မေမေရိုက်ရင်
တို့တွေပြေးလို့
ဖွားဖွားကြီးနဲ့
သွားတိုင်မယ်။

ဖွားဖွားကြီးက
မေ့ကို ဆူတော့
တို့သားအဖ
ပျော်ကြတယ်။

မေမေငိုရင်
သမီးချော့လို့
ဖေဖေ့ကလည်း
ကူချော့မယ်။

ဖိုးဖိုး ဖွားဖွား
ပျော်ရွှင်စေဖို့
ပိုးဥလေးက
ကပြမယ်။

ကမယ်.......
ကမယ်.......


အမေ့သား
(၃-၅-၂၀၁၄)

No comments:

Post a Comment