Monday, April 07, 2014

နှောင်ကြိုး

ချည်တိုင်သိတဲ့ နွားလို 
အချိန်တန် အိမ်ပြန်ချင်မိပြီ။

ပြင်းထန်လွန်းတဲ့ ဆွဲငင်အားတခု
ညှိ့ယူခေါ်ဆောင်မှု့ကြောင့် 

အစေအပါးအနေနဲ့
ခစားလို့ဒူးထောက်
ကျွန်တော်တယောက်
အရှုံးပေးခဲ့လိုက်ပြီ။

စေလိုရာစေ 
နေစေရာနေလို့
ကျွန်တော်က
မင်းသမီးလေးရဲ့
ကြိုးဆွဲအရုပ်တရုပ်။

ငိုဆိုရင် ငို
ရယ်ဆိုရင် ရယ်လို့
လက်မြှောက် ခေါင်းငုံ
အမိန့်မဟုတ်သော
တယ်လီပသီစိတ်စေရာနဲ့
ကျွန်တော်တယောက်
ခိုင်းသမျှ လိုက်လုပ်ခဲ့ရပြီ။

ဒါကို မေတ္တာလို့ခေါ်ရင်
ကျွန်တော့်မေတ္တာတွေ 
ယို စိမ့်ထွက်လာပြီ။


အမေ့သား
၇-၄-၂၀၁၄

3 comments:

  1. ဖြတ်ရခက်တဲ့ နှောင်ကြိုးလေးတစ်မျှင်ပေါ့ အမေ့သားရေ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  2. ခိုင်ရင် သံကြိုးထက်ခိုင်...
    ပျော့ရင် ပိုးကြိုးထက်ပျော့....
    နှောင်ကြိုး...။

    ReplyDelete
  3. ကြည်နူးစရာနှောင်ကြိုး

    ReplyDelete