Thursday, May 29, 2014

သမီးချော့တေး (၃)

ပိုးဥမေမေ
နေမကောင်းလို့ 
ဖေဖေ အလုပ်နား 
ပြုစုသည်။ 
 
မေ စားချင်တာ
ဖေ သွားဝယ်လို့ 
ပိုးဥလေးလည်း 
စားရမည်။ 

တအောင့်နေရင် 
ရေမိုးချိုးလို့ 
သနပ်ခါးလေး 
လိမ်းပေးမည်။ 

ညနေစောင်းရင် 
တိုက်အောက်ဆင်းလို့ 
ကျန်းမာဖို့အတွက် 
လမ်းလျှောက်မည်။ 

ကလေးလေးတွေ 
ကစားတာတွေ့တော့ 
ပိုးဥလေးလည်း 
ကစားချင်မည်။ 

ပိုးဥကြီးရင် 
ဖိုး နဲ့ဆော့လို့ 
ဖွားဖွားကလည်း 
ထိမ်းပေးမည်။ 

တီကျစ်လာရင် 
ပိုးဥလေးဖို့ 
အကျႍလှလှ 
ဝယ်လာမည်။ 

ပိုးဥမွေးရင် 
မိသားစု စုံလို့
ဖေ မေ ဖိုး ဖွား 
ပျော်ကြမယ်။ 


ပျော်ကြမယ်.......
ပျော်ကြမယ်....... 


အမေ့သား
၂၇-၅-၂၀၁၄

No comments:

Post a Comment