Saturday, April 05, 2014

သို့/ ပိုးဥလေး

သို့/
ချစ်သမီးလေးပိုးဥ

ဖေ့ချစ်ရင်သွေး
ပိုးဥလေး

သမီးနားမှာနေ
တီတာခွန်းချို
ချစ်စကားလေး
ပြောချင်ပါတယ်။

သမီးနားမှာနေ
ထွေးပွေ့ယုယ
ကြင်နာမှုလေး
ပေးချင်ပါတယ်။

သမီးနားမှာနေ
သမီးတွန်းတိုက်ထိုး
မေမေ့ဗိုက်ကလေး
ကြည့်ချင်ပါတယ်။

သမီးနားမှာနေ
မေမေ့ဗိုက်ကလေး
ပွတ်သပ်ပေးရင်
ကြည်နူးချင်ပါတယ်။

သမီးရယ်
အခုတော့ ဝေး
သမီးအနားက ခဏလေး
ခွဲခွါလို့ ဖေ့ချစ်ရင်သွေး
တသက်တာအေးဖို့
ဖေဖေ ကြိုးစားလို့ရုန်း
ကုန်းရုန်းလုပ်လိုက်အုံးမယ်။

တချိန်မှာတော့
မိသားစုဆိုတာ
မိဘနဲ့သားသမီး
တစုတစည်းထဲ
အတူတူနေမှ
မိသားစုမည်သလို
ဖေဖေ့ရင်ခွင်ဟာ
မေမေနဲ့သမီးရဲ့
နားခိုရာတခုဖြစ်ရမှာပါ။

အခုတော့ သမီးရယ်။

အမေ့သား
5-4-2014

No comments:

Post a Comment