Tuesday, July 10, 2012

အမေပြောသော ပန်းမွေ့ရာ

အမေ့ရဲ့ တိုက်ပွဲခေါ်သံ
လွှမ်းခြုံရစ်သိုင်းမဲ့
ဒီမီးဖိုချောင် စစ်တလင်း
ချစ်ခြင်းနဲ့အမေ ချက်လို့
အမေ့ရဲ့ ခင်ပွန်း
အမေ့ရဲ့ သား
အမေ့ရဲ့ သမီးတို့
လျှာရင်းမျက်စေဖို့
စားကောင်းဖွယ်ရာ
အမေ စဉ်းစား လို့
နေ့စဉ်တိုက်ပွဲ
အမေ ဆင်နွဲခဲ့တယ်

မနက် နေ့လည်
ညစာ ပြင်ဆင်
အမေ စီစဉ်လို့
မိသားစုအတွက်
မမောမပန်း
အမေ ချက်ရင်း
ဒီမီးဖိုချောင် စစ်တလင်း
အမေ ချစ်ခြင်းနဲ့
ဆက်တိုက်ခဲ့တယ်

အလုပ်ကအပြန်
အမေ့ရဲ့ ခင်ပွန်း
အမေ့ရဲ့ သား
အမေ့ရဲ့ သမီးတို့
မြိန်ယှက်စွာစားတော့
အမေ့ပီတိ ဂွမ်းဆီထိရတယ်

အမေ့ မေတ္တာထမင်း
အမေ့ စေတနာဟင်းက
ဒီမီးဖိုချောင် စစ်တလင်းမှာ
အမေတိုက်ရင်း ရခဲ့တာ
အခုလည်း တိုက်နေအုံးမှာ
နောင်လည်း တိုက်နေအုံးမှာ
ဆိုတဲ့ အမေက
အမေချစ်သော
အမေ့ရဲ့ ခင်ပွန်း
အမေ့ရဲ့ သား
အမေ့ရဲ့ သမီးတို့အတွက်
ဒီမီးဖိုချောင် စစ်တလင်းဟာ
အမေ့အတွက်တော့
ပန်းမွေ့ရာပါတဲ့


အမေ့သား

5 comments:

  1. သဘောကျတယ် တောက်ပြောင်နေတာဘဲ ....း)

    ReplyDelete
  2. ဒီလိုလေးတိုက်လို့ကတော့တိုက်ရပါစေတော်တသက်လုံးတိုက်ရတိုက်ရး))

    ခင်မင်လျှက်
    မဒိုးကန်

    ReplyDelete
  3. ကဗျာလေးဖတ်ပြီးတော့ အမေ့သားဆိုတာ ပိုလို့ ယုံသွားရတယ်.. :)

    ReplyDelete
  4. Love your website! It's a pleasure to visit here. Come and visit my website too!
    http://motors.com.mm/?utm_campaign=mot_mm_lb_blog_gvisoy&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete
  5. အမေကိုချစ်တဲ့သားတစ်ယောက်အဖြစ် အပြည့်အဝလက်ခံပြီးသားပါကွယ်။
    ရင်တွင်းခံစားချက်ကဗျာလေးအားပေးသွားတယ် အမေ့သားရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete