Saturday, October 22, 2011

THANKS FOR ALL ABOUT BLOGGERS

(နှုတ်ခွန်းဆက်)

ကျွန်တော့်နာမည် အမေ့သားပါ
စင်ကာပူမှာ နေပါတယ်။
ကျွန်တော့် အစ်မ မသက်ဝေက
Admin အဖွဲ့ မှာ ပါ ပါတယ်။
အမေ့သားလည်း အစ်မခေါ်လို့ 
ဒီအဖွဲ့ ထဲ ရောက်ခဲ့တယ်။
ရေးတာကတော့ သောင်းပြောင်းထွေလာ
စိတ်ကူးတည့်ရာ အကုန်ရေးတယ်။
မကောင်းဝေဖန် ကောင်းစေရန်မို့ 
အကြံပေးသမျှ ယူပါ့မယ်။။။။။


အစ်မသက်ဝေ ဦးစီး၍ All About Bloggers ဆိုတဲ့ Group လေးတခု ပျိုးထောင်အောင်မြင်မှုကို အထူးဂုဏ်ယူပါသည်။  အမေ့သားလို မနေ့ တနေ့ကမှ ဒီလောကထဲကိုရောက်ခဲ့တဲ့ လက်သစ်ကို အစ်မသက်ဝေ လက်တွဲခေါ်လို့ ရောက်ခဲ့တာရယ် ရင်ထဲမှာရှိရင်းစွဲ ပိုးရယ်ကြောင့် www.amaythar1976.blogspot.com  ဆိုပြီး စာတိုပေစ ရောက်တတ်ရာရာလေးတွေ စရေးခဲ့ပါတယ်။  အခုတော့ အစ်မသက်ဝေရဲ့ AAB မှာဝါရင့် သမ္ဘာရင့် အစ်ကို အစ်မတွေနဲ့ တွေ့ ဆုံခွင့်ရခဲ့လို့ 
AAB Admin မှ အစ်ကို အစ်မများကို အထူးကျေးဇူးတင်ပါတယ်။

လက်ရှိအစ်ကို အစ်မတွေရဲ့ လှိုက်လှဲ ပျုဌာမှုတွေကိုလည်း AAB မှာ နှစ်ရက်ဆက်တိုက်ပျော်ရွှင်စွာခံစားရပါသည်။   နောင်ကိုလည်း ကြိုးစား၍ ရင်ထဲရှိတာလေးတွေ ဖွင့်အံခွင့်ပြုကြပါ။ လိုအပ်တာလေးများရှိရင်လည်း လမ်းညွှန်ပေးကြပါလို့ ပြောကြားရင်း ဒီ AAB သင်္ကြန်တေးလေးနဲ့ ဖျော်ဖြေလိုက်ပါတယ်။


ပျော်ရွှင်ပါစေ blogs များသဘင်
တောင်းဆု မေတ္တာဝေ
မာစေ သာစေ လာကြလေ
ခွန်းနှုတ်ဆက်ဖို့ လေ
ရေးပါလေ ပိုစ့်ပါလေ
ရေး...ရေး ...ရေးလိုက်ကြပါလေ
ပိုစ့်ပါလေ ရေးပါလေ
ပိုစ့်....ပိုစ့်.....ပိုစ့်လိုက်ကြပေါ့လေ
ဒီဘလော့ဂ် မှာရှိတဲ့ အစ်မတွေ
ဒီဘလော့ဂ် မှာရှိတဲ့  ချစ်ဆွေ
ရေးကြလေ စာတွေ
ပေးမျှဝေ ကဗျာတွေ
ဒီလိုသာ ရေးရင်
ညစဉ် ညတိုင်းစောင့်ကာသာ
ဖတ်မလေ.........

ကျေးဇူးတင်ပါသည်။။။
အမေ့သား

2 comments:

  1. အားပေးသွားတယ်အစ်ကိုရေ...
    အောင်မြင်သော.ဘလော့ဂါတစ်ယောက်အဖြစ်
    ပျော်ရွှင်ချမ်းမြေ့စွာ..ဆက်လက် ဘလော့ဂင်းနိုင်ပါစေကြောင်း
    ဆုတောင်းပေးလိုက်ပါတယ်ရှင်
    ချမ်းမြေ့ပါစေ
    ချစ်ခင်စွာဖြင့်
    သမီးစံ

    ReplyDelete
  2. အစ်မ သက်ဝေရဲ့ မောင်အရင်းလား၊
    လင့်လေး ယူထားလိုက်ဦးမယ်နော်။
    ဘလောဂ့်လောကမှာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ လောကအကျိုးသယ်ပိုးနိုင်ပါစေ။

    ReplyDelete