Friday, October 28, 2011

ရသအလင်း ဖောင်းဒေးရှင်း (၆)လပြည့်အတွက်အမှတ်တရ

ရသ အလင်း ဖောင်ဒေးရှင်းဟု
ဖွင့်ဆိုခြင်းက မွန်မြတ်လှပေ၏

ရသကို မြတ်နိုး
စာပေကို တန်ဖိုးထား
အနုပညာကို လေးစား
ပျိုးထောင်သူ ဥယျာဉ်မှူးများအတွက်
အဖက်ဖက်က ကူညီလို့ 
ရသပန်းခင်း အလင်းဖျာခဲ့ လေပြီ။။

ရသပန်းခင်း အလင်းဖျာတော့
စာပေဥယျာဉ်ကြီး
စိမ်းလန်းကာ စိုပြေ
အနုပညာ အသီးအပွင့်တွေ
ဝေဆာလေသမျှ
ပျိုးခဲ့သူ ဥယျာဉ်မှူးများ
ပျော်ရပြီပေါ့ ။။

ဥယျာဉ်မှူးတွေပျော်
စာပေတွေပွင့်လန်း
အနုပညာလမ်းပေါ်မှာ
ထွန်းတောက်ကာ ထင်ပေါ်
လူတကာလေးစားပါလို့ 
ရသအလင်း ဖောင်းဒေးရှင်း
ထွန်းလင်းခဲ့လေပြီ။။

အမေ့သား

No comments:

Post a Comment