Sunday, October 09, 2011

ပန်းသီးရာဇဝင် စာတင်လောက်သည်



ပန်းသီး၏မူလရာဇဝင် ဘာထင်ပါသနည်း?

လူသားတို့ ၏ မူလဖန်တီးရှင် လူသားရယ်လို့ ဖြစ်တည်လာအောင် ရာဇဝင်ထားရှိခဲ့သော..... ဧဝ
ဧဝ မှစခဲ့သောပန်းသီး...... ဧဝ စားသုံး၍ ကုန်လွန်ခဲ့သော ဒီပန်းသီး အသားကိုစား၍ အစေ့ကို
အမှတ်မထင်စွန့်ပစ်ခဲ့ရာမှ ဖြစ်ပေါ်လာသောရာဇဝင်.............
ဧဝ စွန့်ပစ်ခဲ့သော ထိုပန်းသီးအစေ့မှ အပင်ပေါက်ရှင်သန်ခဲ့ပြီး
အသီးများ ဝေဆာသီးပွင့်ခဲ့သောပန်းသီး.......

နောင်နှစ်သန်းပေါင်းများစွာတွင် ပန်းသီးရာဇဝင်ပြန်လည်ဖော်ထုတ်ခွင့်ရခဲ့သူက.......နယူတန်
စဉ်းစားတွေးတောငေးမော ထိုင်ငိုက်နေစဉ် (ဘုတ်)ဆိုသော အသံနဲ့အတူ နယူတန်၏ ခေါင်းပေါ်သို့
ဆိုက်မြိုက်စွာပြုတ်ကြခဲ့သော ပန်းသီးကြောင့်...... ဆွဲငင်အား....
ကမ္ဘာ၏ဆွဲအားကို နယူတန်က အလန့်တကြား ရှာဖွေတွေ့ ရှိခဲ့တယ်။
ထိုနောက်တွင် နယူတန် law ဟုခေါ်သော ပန်းသီးတလုံး  ပေါ်ထွက်လာခဲ့သည်။
ပန်းသီး၏ဒုတိယရာဇဝင်စာတင်ခဲ့ရလေပြီ။



နယူတန် မစားရက် မထိရက်ပဲထိန်းသိမ်းခဲ့သော ပန်းသီးသည် ကာလကြာမြင့် နှစ်အဆက်ဆက်
လက်ဆင့်ကမ်းခဲ့ရာမှ စတီဗင်ဂျော့ လက်ထဲသို ရောက်ရှိခဲ့သည်။
ကြိတ်မနိုင်ခဲမရဖြစ်ရသူမှာ....... စတီဗင်
သူ့ လက်ထဲရောက်လာသော ပန်းသီးသည် အကိုက်ခံထားရခြင်းပင်။
မည်သူကိုက်သွားသည်ဆိုသော အကြောင်းအရင်းကိုမသိကြရ။
ထိုအပြင် နယူတန်လက်ထက်က ရဲရဲနီသော ပန်းသီးသည် သူ့ လက်ထက်တွင် အစိမ်းရောင်ပြောင်းခဲ့လေပြီ။
သို့ သော်စတီဗင်သည် ထိုအကိုက်ခံထားရသော ပန်းသီးမှပင် clone ပေါင်းများစွာမွေးဖွားခဲ့လေသည်။
ယခုခေတ်တွင်လူများစွာစားသုံးနေကြသောပန်းသီးများသည် စတီဗင်စိုက်ခင်းမှ
ထွက်ရှိခဲ့သောအသီးများဖြစ်သည်
စတီဗင်သည် ပန်းသီးပေါင်များစွာကို သူစိုက်ခင်းမှထွက်ရှိလာအောင် ကြိုးပမ်းစိုက်ပျိုးခဲ့သည်။
မြေသြဇာမပျက်စေရ ရေပုံမှန်လောင်းကာပြုစုခဲ့မှုကြောင့် ပန်းသီးရာဇဝင်သစ်တင်နိုင်သူဖြစ်ခဲ့သည်။

နောက်ဆုံးပြုစုပျိုးထောင်ခဲ့သောအပင်မှ ပန်းသီး၏ချိုမြိန်မှုကိုတော့ ပိုင်ရှင်စတီဗင်
ပီတိဖြစ်ခွင့် ခံစားခွင့် မရရှိနိုင်တော့ပေ။
ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာအတွက် ပျိုးထောင်ခဲ့သောဥယျာဉ်မှူးသည်
ပန်းသီး၏မူလရာဇဝင် စံတင်ခဲ့ပြီးသော သူတွေ နောက်သို့ လိုက်ပါသွားခဲ့လေပြီ။




ဂုဏ်ယူပါသည်...........  ပို၍ဂုဏ်ယူပါ........Sir. စတီဗင်
ဒီပိုစ့်လေးကို ပန်းသီးစားရင်း ပန်းသီးနဲ့ ရေးနေလို့ ပါ ပြီးတော့နောက်ထွက်လာမဲ့ ပန်းသီးကိုမျှော်လင့်လျက်............

အမေ့သား

No comments:

Post a Comment