Saturday, December 13, 2014

နှလုံးသားရဲ့အတွင်းတနေရာ

ဇနီးပါးပြင် တချက်နမ်း
သမီးပါးပြင် တချက်နမ်း
ဤသည်ကာ ‌နေ့စဉ်အမှု

နှေးတုံ့ခြေလှမ်းတို့ဖြင့်
အလုပ်ကိုသွားသော်ငြား
စိတ်အစဉ်သွင်ပြင်သည်
အရိပ်လို တွဲကပ်လျက်
သူတို့အပါးမှာ ခစား

တရစ်ခြင်း ရစ်ပတ်မိတဲ့
သံယောဇဉ်ကြိုးများသည်
ပူလောင်ခြင်းကင်းမဲ့ကာ
မေတ္တာစိတ်များနဲ့ ပြည့်နှက်
ဤသည်ကာ သဘာဝ

သဘာဝပင် ဖြစ်လင့်ကစား
ကိုယ့်အတွက် ထူးခြားဖြစ်စဉ်
စောင့်စားခဲ့ရတဲ့ မျှော်လင့်ချက်
အမြဲမက်ခဲ့ရတဲ့ အိပ်မက်တခုမို့
ဤသည်ကာ
တန်ဖိုးမဖြတ်နိုင်သော
ကျွန်တော်ရဲ့နှလုံးသား
အစိတ်အပိုင်းများတည်။

အမေ့သား

No comments:

Post a Comment