လှုပ်ရှားရုန်းကန်သံ သဲ့သဲ့ကြားတော့ မျက်လုံးအစုံနဲ့ ကျင့်သားရနေတဲ့
နားက အလိုလို ဖွင့်လျက်သား။
ကုတင်တဖက်အခြမ်းမှ အပြန်အလှန်ပစ်ခတ်နေသော
အသေးစားတိုက်ပွဲတခု
တဖက်က ဒါလေးကုန်အောင်စို့ပါ သမီးရယ်ဆိုတဲ့ အမေနဲ့ တဖက်ကလည်း ကော့ကန် ထိုးလို့ထိန်းမရအောင် ရုန်းကန်နေတဲ့သမီး။
ထိုတိုက်ပွဲဆိုတာက နေ့စဉ်မြင်တွေ့နေကြ
ဘာမှမထူးဆန်းလှသောမြင်ကွင်း တခု
ဒါပေမဲ့ ထူးဆန်းနေတာက ကျွန်တော်စိတ်
ဒီနေ့က သမီးလေးနဲ့ သားအဖနှစ်ဦးထဲ
အိမ်မှာနေခဲ့ရမဲ့နေ့။
မနေ့ကတည်းက သမီးရဲ့ တနေ့တာကို
သူ့အမေစီက အနီးကပ်လေ့လာသင်ယူ
ထားပြီးသား ညအိပ်တော့လည်း ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာက အိပ်မက်ထဲ
တောင်အစီအရီတခုချင်း ထင်ထင်ရှားရှားမို့
အထူးတလည် မဖြစ်တော့ ဖြေဆိုရမဲ့
ဘာသာအတွက် ပိုင်နိုင်နေသော ကျောင်းသားတယောက်လို ခေါင်းမော့ရင်ကော့ကာ အိပ်ရာကထပေါ့။
မျက်နှာသစ်ပြီးချိန်မှာ သမီးလေးလည်း နို့စို့ပြီးသွားတော့ ပြန်လည်အိပ်ဖို့တာစူနေလေပြီ။သူ့အမေက စိတ်မချသလို ဘာပြီးရင် ဘာနော် ဘာလုပ်ရမယ်
ကလေးက ဘယ်လို ဘာနဲ့ ဘယ်လို ဘာဖြစ်မယ် ဘာလုပ်ရမယ် ဘာချင်းထပ်ရင် ပေါက်ပေါက်လည်းဖောက် အလုပ်သွားဖို့လည်း ပြင်ဆင်လို့ မနားတမ်းပြောဆို
နေပေမဲ့ ကျွန်တော်ကတော့ တိုက်ပွဲပေါင်း
များစွာတိုက်ခဲ့ပြီးတဲ့ စစ်သူကြီးတယောက်
လို ခေါင်းမော့ရင်ကော့ကာ အေးပါကွာ
စိတ်ချဆင်းပါ အလုပ်ကို သာ
အေးဆေးသွားပါဆိုပြီး တခါးဖွင့် အတင်းတွန်းထုတ်ရင်း သမီးကို
ပုခက်ထဲထည့်လွဲရင်းနဲ့။
ပထမဆုံး ကျွန်တော် ဖုန်းကိုယူပြီး
Alarm set လုပ်လိုက်တယ်
သုံးနာရီခြားတခါမို့ 10:30 /1:30/4:30/7:30 ဆိုပြီး
set လုပ်လိုက်တယ်။ပြီးတာနဲ့ အိပ်ရေးမကျတကျဖြစ်နေတဲ့သမီးကို
အစီအစဉ်မကျသော တေးပေါင်းချုပ်နဲ့
ချော့သိပ်ရင်း မေးခွန်းတွေကို ပြန်လည်
စီစစ်မိတယ်။နိုးလာရင် လုပ်ရမှာက သမီး
ကို ရေချိုးပေးရမယ်။ ပြီးမှ နို့တိုက်ရမယ်
နို့တိုက်ပြီးရင်ဆိုတဲ့ ကျွန်တော့်အဖြေတွေ
က တချက်ချင်းပေါ်လာတော့
အိပ်မောကျသွားတဲ့ သမီးကို လွဲပေးခဲ့ပြီး
အခန်းထဲသွား အနှီးတထည်ယူ ကုတင်
ပေါ်ခင်း သမီးဗီဒိုထဲက ရေချိုးပြီးဝတ်ဖို့
အကျီၤဘောင်းဘီရွေးထုတ်ပြီး အနှီးဘေး မှာထား ဟုတ်ပြီ...
ဘေဘီလိုးရှင်းဗူး၊ဒိုက်ဗာ၊ ဒိုက်ဗာကရင်၊
သမီးရေသုတ်ဖို့မျက်နှာသုတ်ပုဝါတထည်။
ရေချိုးဖို့အတွက်က ရေချိုးကန်ရယ်
ရေချိုးဇလုံရယ်ကို သန့်ဇင်ဆေးကြောပြီး
အဆင့်သင့်ပြင်ထား ရေချိုးကန်နားမှာ
သမီးရေချိုးဆပ်ပြာ ခေါင်းလျှော်ရည်ဗူး
ရေလောင်းဖို့ခွက်ကလေးတလုံးထား
ပြီးတော့ သမီးမျက်နှာသစ်ဖို့ ပုဝါသေး
သေးနုနုလေးတထည်။
ဒါဆို ပြည့်စုံပြီးပေါ့ ဘာလိုသေးလဲ နို့ဗူး
ဖျော်ရမယ် သမီးက နိုးတာနဲ့ ဆာတတ်တယ် အခုကရေချိုးပြီးမှ တိုက်ရမှာဆိုတော့ ပိုဆိုးမယ်
တခါတည်း ကြိုဖျော်ထားမှရမယ်
နို့ဗူးပေါင်းထားတဲ့ အထဲက
နို့ဗူးတဗူးယူ ပြီး ရေကျက်အေးရယ်
ရေနွေး လေးရယ်ကို 80ml ထည့်
နို့မှုန့်ကတော့ သူ့အမေ
ပြင်ဆင်ထားပေးပြီးသား လောင်းထည့်လိုက်ရုံ အဆင်သင့်
အရာအားလုံးဟာပြည့်စုံလေပြီ။
နာရီကြည့်လိုက်တော့ ဆယ်နာရီခွဲကာနီးလေပြီ သိပ်မကြာလိုက်
ဖုန်းကနေ alarm မြည်လာလေပြီ
အသာလေး သမီးပုခက်နား သွားကြည့်တော့ မျက်လုံးလေး ပုတ်ခတ်
ပုတ်ခတ်နဲ့ နိုးနေလေပြီ။
သမီးလေးကို ပုခက်ထဲကချီထုတ်ပြီး
ရေလေးနည်းနည်းတိုက်လို့ လန်းဆန်းသွားအောင်ခဏလေး
နေပြီးတော့ ကျွန်တော်တို့သားအဖ
ရေချိုးဖို့စတင်လှုပ်ရှားရပြီပေါ့
ရေချိုးဇလုံထဲ ရေအေးရေနွေးစပ်ပြီး
ရေချိုးကန်ထဲ တဝက်ခွဲပြီး ထည့်ထား
လိုက်တယ်။ သမီးလေးကတော့
သူ့ကုတင်လေးထဲရုန်းကန်နေဆဲပေါ့။
သမီးလေးကို သွားချီလာခဲ့ပြီး
မျက်နှာလေးကို အရင်သစ်ပေးလိုက်တယ်
ငြိမ်သက်နေတဲ့သမီးလေး ကြက်သီးနွေးရေ
ကြောင့် ပိုမိုလှုပ်ရှားလာတယ်။
ကျွန်တော်လည်းသမီးလေး ပိုးတုံးလုံးကိုယ်လေးကို ပွေ့လို့
ရေချိုးကန်လေးထဲ ခြေထောက်လေးက
စပြီး ဖြည်းဖြည်းချင်းထည့်တော့
ရုန်းကန်မှုတွေနဲ့အတူ
တချက်အော်ရင် ရေကို စုံကန်
နေတော့တယ်။ တအောင့်လောက်
ကြာတော့ ငြိမ်သက်ရင်း ရေကြိုက်တဲ့
သမီးက ရေထဲမှာမြူးတူးနေတယ်
သန့်ရှင်းရေးလေး အကုန်လုပ်ပေး
ဆပ်ပြာတိုက်ပြီးရေပြန်လောင်းပေး
သဘက်နုနုလေးနဲ့ ပွတ်ပေးပြီးတော့
ရေချိုးဇလုံးဖက်ကိုပြောင်းရေနွေးလေးနဲ့ နောက်ဆုံးပိတ်ချိုးပေးပြီး
သဘက်ကလေးနဲ့ သမီးကိုပတ်လို့
ကုတင်ကိုပြန်လာ ရေခြောက်အောင်
သုတ်ပေးပြီး တကိုယ်လုံး ဘေဘီလိုးရှင်းလူးပေး အကျီၤဝင်ပေး
ဒိုက်ဗာကရင်လေး လိမ်းပေး ဒိုက်ဗာပတ်ပေး ဘောင်းဘီလေးဝတ်
ပေးပြီးသွားတာနဲ့ သမီးလေးနွေးထွေး
အောင်ရင်ခွင်ထဲ ခဏထွေးပွေ့ထား
လိုက်တယ်။
သိပ်မကြာလူးလွန့်လာပြီ။
ဒါဆိုသူလေး ဆာပြီပေါ့ သမီးကို
ကုတင်ပေါ်မှာခဏထား နို့ဗှုးစီသွားလို့
နို့မှုန့်လောင်းထည့်ပြီးရင်
ရှိုတ်လုပ်ပြီး နွေးမနွေးစမ်း
သမီးစို့နိုင်တဲ့ အနေတော် အနွေးလေးမို့ သမီးစီပြန်လာ သမီးကိုချီ လည်ပင်းမှာသွားရည်ခံ
လေးတပ်ပြီး နို့စတိုက်တော့တာပေါ့။
ဆာနေတဲ့သမီးနို့စို့တာကိုကြည့်
ပီတိအဟုန်နဲ့ ကျွန်တော် မေးခွန်း
တဝက်ဖြေဆိုနိုင်ခဲ့ပြီမို့ကျေနပ်ပီတိ
ဖြစ်နေမိခဲ့တယ်။ဒီလို နဲ့ ပဲ
သုံးနာရီခြားတခါ နို့တိုက်ရင်း
သမီးလေးကို ပုခက်ထဲထည့်သိပ်ရင်
အစီအစဉ်မကျသောသီချင်းများ
ဟစ်ဆိုရင်းနဲ့ အချိန်တွေက ကုန်ဆုံး
ကျွန်တော်လည်း မေးခွန်းတော်တော်
များများဖြေဆိုလို့ပြီးခဲ့ပြီ။
ညနေစောင်းလေပြီ။ ညဉ့်ဌက်တို့အိမ်ပြန်ချိန်နဲ့အတူ သမီးလေး
လူးလွန့်ကာနိုးလာပြီ ဖုန်းကလည်း
နောက်တကြိမ် နို့တိုက်ဖို့ အသံမြည်လာတော့ သမီးကို ချီပိုး
ကုတင်ပေါ်ခဏတင်လို့ လုပ်နေကျအတိုင်း ဒိုက်ဗာလဲဖို့အဖွင့် ခဏတာ တိတ်ဆိတ်
ကျွန်တော်နဖူးမှာ ချွေးစေးများ ပြန်လာပြီ ကျွန်တော်မကျက်ခဲ့သော
ပုစ္ဆာ မလာနိုင်လောက်ဖူး ထင်ထား
သောမေးခွန်းတခု
ဟားဟား သမီးလေး အီးအီးပါထားပြီ
တနေ့ကုန်စို့ထားသော နို့ များကြောင့် နို့ချဉ်နံ့ သင်းသင်း အီးအီးနဲ့
သမီးကို ကြည့်ရင်း
ကျွန်တော်ပျာယာခတ်လေပြီ။
ဟုတ်ပြီ အရံသင့်ရှိတဲ့သမီးပစ္စည်းတွေ
ထားတဲ့ခြင်းကိုယူပြီး တစ်ရှုးအကြီးထုတ်ကိုဆွဲထုတ်ပြီး
သမီးကို ခြေထောက်လေးနှစ်ချောင်း
ကမပြီး ပါးစပ်ကနေ အင်းအင်းလို့အော်လိုက် တစ်ရှုးနဲ့ တချက်သပ်ချလိုက် အင်းအင်းလို့ အော်လိုက်
သပ်ချလိုက်နဲ့ ဒိုင်ဗာထဲ
အပြည့်ပဲ သိပ်မကြာလိုက် သမီးလေး
ငြိမ်ပြီး ရှုးရှုးပေါက်တော့သည်။
ဒါဆိုသေချာပြီ ကိုယ်မကျက်ထားပေမဲ့
ဖတ်မိတဲ့စာတကြောင်း ရှုးထွက်မှ အီးပြီးတာတဲ့ သမီးလေး အီးအီးပြီးလေပြီ။ ရေစိုတစ်ရှုးထုတ်
သမီးကို သန့်ရှင်းပေးပြီး ဒိုင်ဗာကို အလိုက်သင့်ခေါက်သိမ်းလိုက်တော့
ပူနွေးနွေး အထုပ်ကြီးတထုပ်ဖြစ်သွားတယ်။
ပြီးတာနဲ့ ဒိုင်ဗာကရင်ပြန်လိမ်းပေး
ဒိုင်ဗာပြန်ပတ်ပြီးတဲ့အချိန်မှာ
ခြေကားယားလက်ကားယားလေးနဲ့
နေသာထိုင်သာရှိသွားတဲ့ သမီးရဲ့
ဂူဂဲအသံနဲ့အတူ အဲယားကွန်းခန်းထဲ
ချွေးပြန်နေတဲ့ ကျွန်တော်တယောက်
ပီတိ တွေတပွေ့နဲ့ ငါအောင်မြင်ခဲ့ပြီ လို့
နူတ်မှတိုးတိုးရွတ်မိတော့တယ်။
ကဲနောက်ဆုံးပိတ် နို့တိုက်ရမဲ့ အချိန်ကိုစောင့်စားရင်း
သူ့အမေပြန်လာတာကို စောင့်မျှော်ရင်း သမီးနဲ့အတူ
စကားပြောလိုက် ဆော့လိုက်နဲ့
ရယ်မောမြူးတူးနေသောသမီးပါးပြင်
လေးကို ခပ်ဖိဖိလေးနမ်းလိုက်တယ်။
alarm အသံနဲ့အတူ ကျွန်တော်ရဲ့
စာမေးပွဲပြီးဆုံးချိန်လည်းနီးကပ်လာ
တော့သည်။ သမီးအတွက် နို့ တဗူးဖျော်လို့ သမီးကို နို့တိုက်ရင်း
မနက်ကနေ ညနေအထိ သမီးနဲ့
အတူနေ သမီးရဲ့ကိစ္စလေးတွေကို လုပ်
ပေးတာတွေပြန်လည်တွေးရင်
ကျွန်တော်တချက်ပြုံးလိုက်မိတယ်
ထိုအချိန်မှာပဲ အဖြေလွှာစာရွက်သိမ်း
မဲ့ဆရာမရောက်ရှိလို့ လာခဲ့လေပြီ။
သမီးရဲ့ မေမေ အလုပ်ကပြန်လာလေပြီ။ သမီးလေးလည်း နို့ကုန်သွားပြီ
သမီးကို သူ့မေမေလက်ထဲထည့်ရင်း
ကိုယ်ဖြေဆိုခဲ့သော မေးခွန်းတွေအကြောင်း ပီတီအပြုံးနဲ့ ပြောပြရင်း
သမီးမေမေရဲ့ ဆုအဖြစ်ပေးသော
အနမ်းဆုတပွင့်ကို လက်ခံရင်း
ကျွန်တော် သမီးရဲ့ ဖေဖေ ပီသခဲ့ပြီ
သို့မဟုတ် သမီးလေးနဲ့ တနေ့တာ
ပြီးဆုံးခဲ့လေပြီ။
လေးစားစွာဖြင့်
အမေ့သား
သမီးလေးနဲ့တစ်နေ့တာအချိန်ပေးခဲ့တဲ့ အမေ့သားကတော့ သမီးအဖေပီသပါပေတယ် ... :) (y)
ReplyDelete