Monday, September 10, 2012

ချစ်သူသိစေဖို့ 

ချစ်သူမွေးနေ့ အမှတ်တရ(၀၁-၀၈-၂၀၁၂)


အမေ့မေတ္တာ အမေ့စေတနာတွေ
ရင်မှာပိုက်ပြီး နေခဲ့ တဲ့ အမေ့သား
အမေ့ကို မမှီတောင် အမေ့နောက်က
အမြဲတမ်းကပ်ပါလားတဲ့ သူတယောက်
သူ့ အကြောင်းလေးပြောချင်တယ်

(၃၀-၆-၁၉၉၉)
ချစ်သူစဖြစ်ကတဲ့ က
ပြောသမျှနားထောင်
ကိုယ့်ဘေးမှာ အရိပ်ပမာ
ထပ်ကြပ်မခွာနေခဲ့ သူ
ကိုယ့်မျက်နှာညိုမှာစိုး တဲ့ သူ
ကိုယ့် အသုံးလိုသမျှ
စုထားတဲ့ သူ့ မုန်ဖိုး
အကုန်ထုတ်ပေးတတ်တဲ့ သူ
သူ့ အနား ဆွဲခြင်းလေးဆွဲပြီး
ကျောင်းသွားကျောင်းပြန်
လိုက်နေရင်ပဲကျေနပ်နေတဲ့ သူ
ရေခြားမြေခြားမှာ နေနေရတဲ့ 
ကိုယ့်အတွက် သစ္စာစောင့်သိသူ
အလွမ်းပြေစေမဲ့ စာချွှန်လွှာ
တလတခါ အစဉ်မပြတ်ရေးပို့ သူ
အမောပြေစေမဲ့  သူ့ ရုပ်လွှာ
မကြာခဏ ပေးပို့ သူ
ဖုန်းဆက်ခဲ့ ရင် အမြဲတမ်း
ပင်ပန်းနေလားမေးတဲ့ သူ
မခွဲအတူနီးရဖို့  ကြိုးစားပါလို့ 
အားပေးသူ

အိမ်ထောင်ကျတော့လည်း
မယားဝတ္တရား ခါးမှာမြဲ
ခြေဆုပ်လက်နယ်ပြုတဲ့ သူ
ကျွန်တော်ပြောသမျှ သဘာဝကျကျ
ဆွေးနွေးတိုင်ပင်ခဲ့ တဲ့ သူ
ယောက္ခမဆိုသော်ငြား
အဖေ ၊ အမေနဲ့ မခြား
တသားတည်းထားကိုင်းရှိုင်းသူ
ယောင်းမနဲ့ အတူ မညူဆူ
ညီအစ်မလို ပေါင်းတတ်သူ
ကျွန်တော်အပေါင်းအသင်း များနဲ့ 
အလိုက်အထိုက်နေတတ်သူ
မနာလို၊ သဝန်တိုခြင်းကင်းရှင်းသူ
ကျွန်တော်ဘယ်သွားသွား
အနားမှာအတူ လိုက်ချင်သူ
သူလေးဟာ(၁-၀၈-၂၀၁၂)မှာ
(၃၃)နှစ်ပြည့်ခဲ့ ပြီ

ထိုထိုသို့ သော ကျွန်တော့ကိုချစ်သောသူ
ဤကဲ့သို့ သော ချစ်ရသူရဲ့မွေးနေ့ လေးဟာ
ဝမ်းနည်းခြင်းများစွာနဲ့ 
(ချစ်သူရဲ့မွေးမိခင်ကွယ်လွန်ချိန်ဖြစ်လို့ )
ကျော်ဖြတ်ခဲ့ ရလို့  နှစ်သိမ့်အားပေးနေခဲ့ ရခြင်းကြောင့်
မွေးနေ့ တိုင်းရေးပေးခဲ့ တဲ့ စာလွှာလေးကို
ချစ်သူသိစေဖို့ ချစ်သက်လက်ဆောင်အဖြစ်
အမှတ်တရ ခုမှပေးရပါတယ်။

မင်္ဂလာမွေးနေ့ ပါ ချစ်သူ
(၃၃)နှစ်မှသည် နောက်နှစ်ပေါင်း
(၄၇)နှစ်တောင်အောင် မင်းနဲ့ အတူ
သေအတူရှင်မကွာ နေချင်ပါတယ်
ကိုယ်တို့ ရဲ့ သားသမီး
မြေးမြစ်တွေနဲ့ အတူ
နှစ်(၈၀)သော လူသက်တမ်းထိ
အေးအတူပူအမျှအတူနေရပါစေလို့ 
ဆုတောင်းပေးလိုက်ပါတယ်ချစ်သူ
နောက်နောင်ဘဝဆိုတာ ရှိခဲ့ရင်လည်း
ဘဝဆက်တိုင်း မင်းနဲ့ အတူ
သေအတူရှင်မကွာ အေးအတူပူအမျှ
အတူနေချင်ပါတယ်
အတူနေပါရစေ ချစ်သူ


အမေ့သား

4 comments:

  1. Thanks for Birthday wish and Birthday present....

    အဖေ့သမီး..

    ReplyDelete
  2. မွေးနေ့မှာပျော်ရွှင်ပါစေ.. အဖေ့သမီး..
    ၃၃ ပဲ ရှိသေးတာလား..ငယ်ငယ်လေး...
    အသက် ၈၀ ပဲဆို နည်းတာပေါ့ ... :)

    ReplyDelete
  3. ကဲ အဖေ့ သမီးရေ ..ချစ်တာတွေ သိပြီးသားဖြစ်မှာပါနော ။ အမြဲ ပျော်ရွှင်ပါစေ ။ အသက် ၃၃ မှ သက်ဆုံးတိုင် အမေ့သား နဲ့ အတူ ကျန်းမာ ပျော်ရွှင်ပါစေ ။

    ReplyDelete
  4. ၁-၈-၂၀၁၂ ရက်နေ့က တီတင့်သားကြီး ၂၉-နှစ်ပြည့်တဲ့မွေးနေ့မို့ သူ့အတွက်အချိန်များများပေးလိုက်ရတယ်။
    ဒီကနေ့မှ နောက်ကြောင်းလှည့်ပြန်ဖတ်ရင်း အမေ့သားရဲ့လက်တွဲဖော်မွန် မွေးနေ့ဆိုတာ သိလိုက်ရတယ်။
    သက်ရှိထင်ရှားမိဘများနဲ့တကွ အမေ့သားတို့ နွေးထွေးတဲ့မိသားစုလေး ကိုယ်စိတ်နှစ်ပါးကြည်လင်အေးမြ ချမ်းသာသုခနဲ့သက်ဆုံးတိုင်ပြည့်ဝကြပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete