ပျော်ရွှင်ဖွယ်မွေးနေ့ပါ အမေ
ကိုးလလွယ် ဆယ်လဖွား
ငယ်စဉ်တောင်ကြေး
ကလေးဘဝကတည်းက
နို့ချိုတိုက်ကျွေး
လူလားမြောက်အောင်
ပြုစုခဲ့တဲ့အမေ
အရွယ်ရောက်တော့လည်း
မညီးမညူ ဂရုစိုက်လို့
အမေ့သား. ဒီကောင်ကြီး
ဖြစ်ချင်တာမှန်သမျှ
ဖြည့်ဆည်းပေးခဲ့တဲ့အမေ
အိမ်ထောင်ရက်သားကျတဲ့
အမေ့သား ဒီကောင်ကြီးကို
လူကြီးတယောက်လိုမမြင်
ကလေးငယ်တယောက်လို
ပူပန်စိုးရိမ် အချစ်ပိုခဲ့တဲ့ အမေ
တိုင်းတပါးရေမြေခြားမှာ
အမေ့သား ဒီကောင်ကြီး
အနေအစား မဆင်းရဲရအောင်
ဆွေမျိုးတွေနဲ့ ခွဲ
သားဆီကိုလာ သားလိုတာ
ဖြည့်ဆည်းလို့မိခင်မေတ္တာ
ရင်မှာအပြည့်နဲ့
ဂရုစိုက်ခဲတဲ့ အမေ
အမေ ဟာ သားတို့
မိသားစုအတွက် မရှိမဖြစ်ပါ
သား ဘဝအတွက်
အမေ က ပထမ
အမေ က ဒုတိယ
အမေ က တတိယပါ အမေ
သားတို့ဇနီးမောင်နှံ နဲ့အတူ
အေးအတူ ပူအမျှ အတူတကွ
စင်ကာပူမှာ လာနေပေးတဲ့
အမေကို ကျေးဇူးတင်ပါတယ် အမေ
(၆-၅-၂၀၁၂)မှာကျရောက်တဲ့
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
သားတို့မိသားစု နဲ့အတူ
သေတပန်သက်တဆုံး နေနိုင်ပါစေ
နေသွားပေးပါလို့တောင်းဆိုရင်း
အမေ့သား ဒီကောင်ကြီး
လက်အုပ်ချီမိုးရှိခိုး
ကန်တော့လိုက်ပါတယ် အမေ
(အမေ့သား)
(၆-၅-၂၀၁၂)
မာတာမိခင်အတွက် ရင်တွင်းစကားလေးတွေ ကြည်နူးစရာပါ အမေ့သားရေ။
ReplyDeleteအမေ့သားရဲ့ အဓိပ္ပာယ် အခုမှပေါ်လွင်သွားတော့တယ်။
မွေးနေ့ရှင်နဲ့တကွ မိသားစုအားလုံး ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်