Tuesday, April 10, 2012

လှောင်အိမ်


ရွှေတိဂုံဘုရားကိုမနက်စောစောရောက်၍ဘုရားဝတ်ပြုဆုတောင်းမှုများပြီးမြောက်၍လှကားအတိုင်းခြေ
လျင်ဆင်းလာခဲ့သည်။ မဟာဝိဇိရဘုရားဖက်သို့ကူးမည့်တံတားအနီး လူငယ်ပိုင်းချာတိတ်နှစ်ယောက် စာကလေးဌက်များထည့်ထားသောလှောင်အိမ်လေးကိုယ်စီဖြင့်ကုသိုလ်ပြုလွတ်ပေးမဲ့ သူကို စောင့်ဆိုင်းနေကြသည်။ ကျွန်တော်သူတို့ အနီးရောက်တော့ အစ်ကို စာကလေးတွေ လွှတ်ပါအုံး ကုသိုလ်ရပါတယ်။ ကျွန်တော်ကြည့်လိုက်တော့ လှောင်အိမ်ထဲမှစာကလေးများသည် တောင်းပန်နေဟန် သူတို့ အားလွတ်လပ်ခွင့်ပေးပါရန် ပြောဆိုနေ သယောင် ထင်မြင်ကြားယောင်မိသည်။
တစ်ကောင်ဘယ်လောက်လဲကွ!  (၁၀၀) ပါ အစ်ကို…. အေး……သက်စေ့ဆိုတော့(၃၆)ကောင် ပေးကွာ………….လွှတ်မယ်။ မင်းမှာ(၃၆)ကောင်ပြည့်လို့လားဟု ကျွန်တော်မေးလိုက်တော့ ရတယ် အစ်ကို ကျွန်တော့်သူငယ်ချင်းစီက ခဏချေးလိုက်မယ်။ အောင်အောင်….. ငါ့ကိုစာကလေး(၁၀)ကောင် ခဏချေး။ ညနေကျရင်ပြန်ပေးမယ်။ ထို့နောက်ကျွန်တော်လည်းစာလေးများကိုတစ်ကောင်ပြီးတစ်ကောင်လွှတ်ပေးနေ
သည်။ နီးစပ်ရာသစ်ပင်ပေါ်ပျံတက်သွားသောစာကလေးများကြည့်ရင်း.. မင်းတို့ ဘဝလေးအေးချမ်းလွတ်လပ် သလို ငါ့ဘဝလေးလည်းအေးချမ်းလွတ်လပ်ပါစေလို့ ရင်ထဲမှာကြိတ်ဆုတောင်းမိနေသည်။စာကလေးဖိုးပိုက်ဆံ
ရှင်းပေးရင်းစောစောကချာတိတ်ပြောသော ညနေကြရင်ပြန်ပေးမည်ဆိုသောစကားကို သတိရမိကာ ကိုယ့်ညီ မင်းတို့ စာကလေးတွေကို ဘယ်လို ဖမ်းလို့ မင်းသူငယ်ချင်းကို ညနေပြန်ပေးမယ်လို့ မင်းပြောတာလဲ?
ထိုသို့ ကျွန်တော်မေးလိုက်တော့ အံ့သြသောအမူအရာဖြင့် ကြည့်ပြီး ဖမ်းစရာမလိုဖူးအစ်ကို ညနေကြရင်
သူတို့ ဘာသာသူတို့ ပြန်လာကြတယ်။အနားရောက်တော့မှ ဖမ်းပြီးလှောင်အိမ်ထဲထည့်လိုက်ရုံပဲ။ ကျွန်တော်အတော်ကြီးကို အံ့သြသွားသည်။ ဘယ်လို ဘယ်လို ရှင်းစမ်းပါအုံး ကိုယ့်ညီ။
ကျွန်တော်ပြောပြရင် အစ်ကို ကျွန်တော်တို့ အပေါ်ကို နားလည်ပေးနိုင်မှရမယ်။ကျွန်တော်တို့လည်း ဒီအလုပ်ကို မလုပ်ချင်ပါဖူး ဒါပေမဲ့ လွယ်လင့်တကူ ငွေရှာလို့ ရနေလို့ သာလုပ်နေရတာပါ။ အရေးထဲ ဆရာသမားက နိဒါန်းတွေနဲ့ လုပ်နေတော့အေးပါ ငါ နားလည်ပါတယ်ကွာ ပြောစမ်းပါ။
ဒီလို အစ်ကို .... အစ်ကို အခုလွတ်ပေးလိုက်တဲ့ စာကလေးတွေက ဒီဝန်းကျင်မှာရောင်းနေတဲ့ ကျွန်တော်တို့လို လူတွေရဲ့ သားကောင် တနည်းအားဖြင့် ကျွန်တော်တို့ ရဲ့အလုပ်သမားတွေပဲအစ်ကို။ တွေ့လား..အစ်ကို။ လှောင်အိမ်ထဲက အစာခွက်နဲ့ ရေခွက်၊ အဲ့ထဲမှာ မူးယစ်စေတဲ့ ဆေးတမျိုး ဆေးခြောက်လို မျိုးပေါ့ ထည့်ထားတယ် သူတို့ စားသောက်ပြီးရင်မှိန်းနေကြတယ် ဘယ်မှ မပျံဖူး။ နေစဉ်စားသောက်နေတော့ ဆေးစွဲတဲ့ လူတွေလိုပဲ ဖြစ်နေပြီ။ဘာမှသူတို့မသိဖူး အဝေးကို ပျံသွားရမှန်းလည်းမသိအချိန်တန်စားရဖို့ လောက်နဲ့ လှောင်အိမ်ဟာသူတို့ဗိမ္မာန်လို့ မှတ်ထင်နေကြတယ်။ ဒီတော့ အခုအစ်ကို လွတ်ပေးလိုက်တယ်။ သူတို့တွေ အဝေးကို မပျံဖူး။ နီးရာသစ်ပင်တွေမှာပဲနားနေကြတယ်။ညနေအိပ်တန်းတက်ချိန်ရောက်တာနဲ့
လှောင်အိမ်လေးကိုင် အသံပေးလိုက်တာနဲ့ သူတို့တွေ ကျွန်တော်တို့အနီးကို ပျံဆင်းလာကြတယ်။ အဲဒီအခါအသာလေးဖမ်းလှောင်အိမ်ထဲပြန်ထည့်၊ အစာကျွေးတော့ သူတို့ပျော်တောင်နေသေးတယ်အစ်ကို
ပြန်ပြောရမဲ့စကားလုံးရှာမတွေ့တော့လို့ချာတိတ်ကိုနူတ်ဆက်ပြီးမဟာဝိဇိရဘုရားဖက်ထွက်လာခဲ့မိတယ်၊
သြော်…သူတို့လည်း ဝမ်းရေးအတွက်အဆင်ပြေသလိုရှာဖွေစားသောက်နေကြရတာပါလားလို့တွေးတော
ရင်းဘုရားကိုလက်ယာရစ်ပတ်ပြီးကားစီးကာအိမ်သို့ပြန်လာခဲ့သည်။အပြန်လမ်းတလျှောက်လုံး အတွေး
ထဲတွင် စာကလေး၊လှောင်အိမ်၊စာကလေးရောင်းသောချာတိတ်တို့ကစိုးမိုးနေရာယူလာခဲ့သည်။အိမ်ပြန်
ရောက်တော့လည်းဘာမှမလုပ်နိုင် အတွေးနယ်ချဲ့နေမိသည်။ပျံသွားရကောင်းမှန်းမသိ၊လှောင်အိမ်ကို
သူတို့ရဲ့အသိုက်လို့ထင်မှတ်ယူဆနေသည်၊ညနေစောင်းအသံလေးပေးလိုက်တာနဲ့အနားကိုပျံလာကာ
အဖမ်းခံနေကြသည်၊ဘယ်မှမသွားတတ်၊ရှာဖွေမစားသောက်တတ်ကြတော့……လွှတ်ပေးလိုက်တဲ့ခဏ
တာသူတို့ပျော်နေကြသည်…..တွေးရင်းနဲ့ခေါင်းတွေပါကိုက်ခဲလာတော့သည်၊ဘာလို့တခြားကိုမပျံကြတာ
လည်း၊ပျံသန်းသွားတဲ့စာကလေးကောမရှိဖူးလား။။။မေးခွန်းတွေထပ်လာခဲ့လေပြီ။ထိုအချိန်တွင်မထင်မှတ်ပဲ
အတွေးအာရုံတခုပေါ်လာသည်….ဟာ….လို့ယောင်ရမ်းအော်မိသည်၊ပြီးတော့ ဟားတိုက်ရယ်မောမိလေ
သည်။မဟေသီသည် ဘုရားမှပြန်လာပြီးစိတ်မှကောင်းသေးရဲ့လားဆိုသောသဘောဖြင့်လှမ်းကြည့်ကာ
မေးငေါ့ပြလေသည။ဘာမှမဟုတပ်ပါဖူးလို့ပြောရင်းကျွန်တော့်အတွေးရဲ့အဖြေကိုထင်းထင်းရှင်းရှင်းမြင်တွေ့
ခဲ့မိသည်။ ထပ်တူကျနေသော ဘဝနှစ်ခု…….
ချာတိတ်ပြောသွားသောစကားများတွင် သူက…အလုပ်ရှင်…စာကလေးများက သူ့အလုပ်သမားများ
အလုပ်လုပ်ရာနေရာက လှောင်အိမ်။ သေချာပြီ…သွေးထွက်အောင်မှန်နေလေပြီ….
ကဲကြည့်နော်……ကျွန်တော်တို့သည်….စာကလေးများ……လက်ရှိအလုပ်ရှင်များသည်….ချာတိတ်
လှောင်အိမ်သည်.ကျွန်တော်တို့ပျော်ရွှင်ဖွယ်အိမ်ဟုထင်မှတ်ထားသော စင်ကာပူနိုင်ငံမဖြစ်နေလေဖူးလား။
မြန်မာပြည်မှာနေစဉ်ကာလက ကိုယ်ပိုင်အလုပ်လေးမို့ ဖွင့်ချင်တဲ့အခါဖွင့် မလုပ်ချင်သောနေ့ပိတ်ထားပြီး
လွတ်လပ်စွာနေနိုင်ခဲ့တယ်၊စင်ကာပူရောက်လာသည့်နေ့မှစပြီးကိုယ့်ကိုမပိုင် လှောင်အိမ်ထဲကစာကလေး
များနဲ့တူလာသည်၊မနက်အလုပ်သွား…ညနေအလုပ်ပြန်နဲ့ ဘဝသည်အသားကျကာပျော်ရွှင်လာပြီး စင်ကာပူ
က ဘဝတခုဖြစ်လာခဲ့တယ်၊ဘယ်မှသွားဖို့လည်းမစဉ်းစား၊ပြန်ဖို့လည်းမတွေးတောမိ၊လုပ်လိုက်စားလိုက်
သုံးလိုက်စွဲလိုက်နဲ့ဘဝကိုသာယာနေခဲ့ကြတယ်၊အခြေအနေအကြောင်းကြောင့်ပြန်ကြတော့လည်း လွတ်လပ်ပြီးဆိုသောစိတ်ခံစားမှုကပြန်တုံးခဏသာပျော်ရွှင်နေခဲ့ပြီး ရက်နည်းနည်းကြာလာသည်နှင့်
လှောင်အိမ်ကိုသာ တမ်းတနေမိကြသည်မဟုတ်ပါလား။အပြီးပြန်ပြီးလွတ်မြောက်ပြီဟုထင်သောသူများ
လည်း ဘယ်ကစပြီးဘာလုပ်ရမည်မသိ…စုံစမ်းရင်းပါလာတာလေးတွေကုန်ပြီး စင်ကာပူပြန်ရောက်လာကြ
ပြန်သည်။တချို့သောသူများကတော့ လက်ရှိထက်ကောင်းသောနိုင်ငံသို့ပြောင်းရွှေ့ပြီးလှောင်အိမ်အသစ်
တခုမှာအလှမွေးစာကလေးအဖြစ်ရပ်တည်နေကြတယ်၊အပြီးလွတ်မြောက်သွားတဲ့သူများလည်းရှိပါတယ်၊
ကျွန်တော်လည်း လွတ်လပ်ပြီကွဟု ကြွေးကြော်အော်ဟစ်ပြီး မြန်မာပြည်ကိုပြန်သွားခဲ့တယ်၊လွတ်လပ်ပါ
တယ်၊စားချင်တာစား….သွားချင်ရာသွား….လုပ်ချင်တာလုပ်…..နေချင်သလိုနေ….ပျော်လိုက်သည့်ဖြစ်ခြင်း
(၂)ပတ်ကျော်လာတော့နည်းနည်းပျင်းလာသည်…သွားစရာကသိပ်မရှိတော့…..ပိုက်ပိုက်ကအင်အားနည်းလာပြီ၊နောက်ဆုံးတော့လှောင်အိမ်လေးကိုသတိရလာသည်။ပြန်ချင်လာသည်။ရိုက်မခေါ်ရပါပဲ လှောင်အိမ်
ထဲအတင်းပြန်ဝင်မိသည်၊အခုတော့လှောင်အိမ်လေးထဲပြန်ရောက်နေပြီ..လှောင်အိမ်လေးထဲမှာ မြူးတူးခုန်
ပေါက်နေပြီ…..ခုန်ပေါက်နေရင်း နောင်တကြိမ်လွှတ်ပေးမဲ့သူ….လွတ်ရမဲ့ရက်ကိုမျှော်ရင်း…….

သြော်…….လွှတ်အုံးမလားအစ်ကို….တစ်ကောင်မှ (၁၀၀)ပါ

အမေ့သား


3 comments:

  1. အဲလို လုပ်ထားတာလား ကျနော် အရင်က မသိဘူး ဗျ စာရေးသူပေးတဲ့ IDEA လေးမိုက်တယ် ဘာပဲပြောပြော အိမ်တော့ ပြန်ချင်ကြမှာပေါ့ တင်ပြပုံလေး ကောင်းတယ်ဗျာ

    ReplyDelete
  2. အတွေးအခေါ်လေးတွေနဲ့အတူ စာအရေးအသားလေး ကောင်းတယ် အမေ့သားရေ။
    စာကလေးတွေလို ဘယ်နေရာဖြစ်ဖြစ် ကိုယ့်ဘဝ ကျေနပ်ပျော်ရွှင်နေဘို့ပဲ လိုပါတယ်လေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. I absolutely loved this blog , Its undoubtedly the cultural climax that visitor should miss.Please visit us back at http://motors.com.mm/?utm_campaign=mot_mm_lb_blog_
    gvisoy&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete