Sunday, April 29, 2012

ဖျာပေါ်ထိုင်ချင်သူများ

ခင်မင်ရသောသူငယ်ချင်းကမ္ဘာ့ဖျာအတွက်....

ဘာ....ဖျာပေါ်ထိုင်ချင်တယ်
ဟုတ်လား.......
သေသေချာချာ စဉ်းစားပြီးပြော
ရိုးရိုးဖျာတောင်မဟုတ်
ကမ္ဘာ့ဖျာပေါ် ထိုင်ချင်တာတဲ့
လွန်သွားပြီကွာ......
အေး ..မှတ်ထားလိုက်
ဖျာပေါ်ထိုင်ချင်ရင် 
အရည်အချင်းရှိမှကွ
ဘယ်လိုအရည်အချင်းလဲ....
.?
မေးမှမေးရက်တယ်....
သူ့ ရဲ့ အတွေးအခေါ်
အရေးအသား၊ 

ခံစားနားလည်မှုတွေ၊
နူးညံ့သိမ်မွေ့တဲ့ သူ့ ကဗျာ
နက်နဲလှတဲ့ သူ့စာသား
အဓိပ္ပါယ်ရှိတဲ့ သူ့ ခံစားချက်တွေကို 

လိုက်မှီနိုင်လောက်တဲ့
အတွေးအခေါ်.......
ခံစားမျှဝေနိုင်မှု .....

အရည်အချင်း.......
မင်းမှာရှိလား.....?
အေး....ရှိခဲ့မယ်ဆိုရင်တောင်
မင်း....ဖျာပေါ်ထိုင်လို့ မရဖူး
ရှေ့မှာနေဖို့ က မင်းအဆင့်နဲ့ 
မရသေးဖူး........ကြိုးစားအုံး
ကုန်ကုန်ပြောမယ်
ဖျာဘေးမှာတောင် မင်းနေလို့ မရဖူး
မင်းနေလို့ ရမှာက
ဖျာ နောက်မှာ.....နေမလား
.?
စဉ်းစားပေါ့ကွာ........
ဘာလို့ ထိုင်လို့ မရတာလဲ
....?
သိချင်တယ်......ဟုတ်လား
ငါ ပြောတဲ့ အရည်အချင်းလည်း
ရှိရဲ့သားနဲ့ ........ဟုတ်လား

ပြောပြမယ်.....ပြောပြရမှာပေါ့
ဖျာပေါ်မှာ....ကမ္ဘာ့ဖျာပေါ်မှာ
သူချစ်ရတဲ့ သူ့ သားထိုင်နေလို့ ကွ
ဘေးမှာက သူချစ်ရတဲ့ သူ့ ဇနီး
ရှိနေလို့ ဟေ့..........

ရှင်းပြီလား......
ကဲလာ...ငါ နောက်ကတန်းစီ
တို့တွေ ဖျာစကိုဆွဲပြီး

ဖျာ........နောက်ကပဲ
လိုက်ကြရအောင်........
သူ့ ကဗျာတွေခံစားမယ်
သူ့ အတွေးတွေဝေမျှမယ်.....

အမေ့သား(၂၈-၄-၂၀၁၂)

3 comments:

  1. သူငယ်ချင်းရဲ့ နာမည်တစ်လုံးကနေ ပို့စ်တစ်ပုဒ် အဖြစ်ဖန်တီးနိုင်ခဲ့တဲ့ အမေ့သားကို ချီးကျူးပါတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဖျာပေါ် မထိုင်ချင်ပါဘူး.. အဲဒီဖျာကို မှောင်ခိုဈေးကြီးကြီးနဲ့ ရောင်းစားချင်တာ.. :D

    ReplyDelete