Sunday, February 05, 2012

တန်ဖိုးထား - နားလည်မှု နဲ့ လျှေက်မဲ့လမ်း



ချစ်ခြင်း =   တန်ဖိုးထားခြင်း
တရား   =   နားလည်မှု
ချစ်ခြင်းတရား  နဲ့  တန်ဖိုးထားနားလည်မှု

အချစ် ဆိုတာ …..ဘာလဲတဲ့
သိလို့ မေးတာလား
သိချင်လို့ မေးတာလား…..
ပြောပြမယ်……

တချို့ ကတော့ ချိုမြမြ ရှတတ
တချို့ ကတော့ ပူလောင်
တချို့ က ရယူပိုင်ဆိုင်
တချို့ က စွန့်လွတ်
တချို့ က တန်ဖိုးထား
မကုန်ဆုံးတဲ့  ဖွင့်ဆိုချက်တွေနဲ့
ကိုယ်ထင်ရာ ရင်ဖွင့်လို့
အချစ် ဆိုတဲ့ ချစ်ခြင်းတရား
ရင်တွင်းဖွားခဲ့တယ်။

ချစ်ခြင်းတရား ရင်တွင်းဖွားလာမှ
အချစ် ဆိုတာကို သုံးသပ်ဖို့ ကြိုးစား
ချိုမြမှုကိုရှာ ပူလောင်တာကိုရှောင်
ပိုင်ဆိုင်၊ စွန့်လွတ်ခြင်းထက်
တန်ဖိုးထား မြတ်နိုးမှုကို သိလာ
နားလည်ဖေးမမှုက
ချစ်ခြင်း နောက်က တရား လို့
သိလိုက်ချိန်ဝယ်…..
မင်းရယ်…ကိုယ်ရယ်က
နားလည်မှု ကိုယ်စီနဲ့
တို့နှစ်ယောက် ဘ၀လမ်း
လျှောက်လှမ်းကာ ပြုံးပျော်လို့ပေါ့
ချစ်ရတဲ့………….ငယ်

(အမေ့သား)
(၅-၂-၂၀၁၂)
(မနက် ၂ နာရီ)

4 comments:

  1. ငယ်ဆိုတာအဖေ့သမီးဟုတ်ပါတယ်နော်?? :D

    ReplyDelete
  2. နားလည်မှုတွေနဲ့ လျှောက်တဲ့လမ်းက အခက်အခဲတွေကို လွယ်လွယ်ကျော်လွှားနိုင်တယ်။ နွမ်းနယ်တာတွေကို အပြုံးပန်းတွေနဲ့ ခြေဖျက်နိုင်တယ်။

    ReplyDelete
  3. သူကလွဲလို့  တခြားသူ မရှိပါ။
    ချစ်သူသက်တမ်း ၇နှစ် အိမ်ထောင်သက် ၆နှစ်လုံးလုံး
    ငယ် လာခဲ့တာ အဖေ့သမီးပါ။

    ReplyDelete
  4. ချစ်ခြင်း = တန်ဖိုးထားခြင်း
    တရား = နားလည်မှု
    ချစ်ခြင်းတရား နဲ့ တန်ဖိုးထားနားလည်မှု--------
    ကောင်းလိုက်တဲ့စာသားလေးတွေနော်

    ReplyDelete