( မြို့ပြ - တောရွာ )
မရှိခဏ ရှိခဏ
အားလုံး အနတ္တ
သေချာတာက သေမှာပါ
ရှောင်ခွာပြေးလို့မရပါ။
( တောရွာ ဓလေ့ )
တိတ်ဆိတ် ငြိမ်သက်
ဤမြေကွက် အတွက်
အသက်ပေး၍ ဝယ်ရသည်။
( မြို့ပြ ဓလေ့ )
ပူလောင် ရက်စက်
ဤအခန်းအတွက်
အသက်ပေး၍
ဝယ်ရသော်ငြား
ငွေ အပိုဆောင်းမှ
အရိုးပြာကျ အသေလှ၏ ။
(အမေ့သား)
No comments:
Post a Comment