Sunday, May 16, 2021

တရားသောစစ်


မမြင်ရပေမဲ့

ကြားနေရတဲ့သတင်း

ငါ့ရင်ထဲမှာ ပူလောင်ဆဲ

တိုင်းပြည်အတွက်

အသက်စွန့်တိုက်နေတာ

စစ်သားတွေမဟုတ်မှန်း

သိလာကြတဲ့နောက်

တိုင်းပြည်ကို

ဖျက်စီးနေကြတာ

စစ်သားတွေမှန်း

သိလာကြတဲ့နောက်မှာ

လက်သုံးချောင်းထောင်လို့

ငါတို့တိုက်ပွဲအတွက်

ငါတို့မျိုးဆက်တွေရှေ့ထွက်

မြန်မာပြည်ကြီး

သာယာရေးအတွက်

တိုက်ပွဲဝင်ကြရင်း

ပေးဆပ်နေကြရတာ

မနည်းတော့ဘူး

တရားသောစစ်အောင်ပါစေ

မတရားသောသူများကျဆုံးပါစေလို့။

အမေ့သား

၁၆.၀၅.၂၀၂၁



No comments:

Post a Comment