Tuesday, September 10, 2019

ခေါင်းစဉ်မဲ့တဲ့ ၅ နာရီ

တနေ့မှာ ၂၄နာရီ
ငါ့အိပ်ချိန်က ၆ နာရီ
အလုပ်ထဲမှာ ၁၃နာရီ
အဖြေရှာမရတာ ၅ နာရီ
လမ်းသွားရင်း ကုန်
ဖေ့ဘွတ်သုံးရင်း ကုန်
သောက်စားရင်း ကုန်
ကုန်ဆုံးသွားတဲ့ ၅ နာရီထဲ
တနာရီလောက် ခေါင်းစဉ်ရှာ
တခုခုတော့ ယူဆောင်
လူဖြစ်မရှုံးအောင်ပေါ့။

အမေ့သား
၁၀-၀၉-၂၀၁၉

No comments:

Post a Comment