Sunday, March 10, 2019

အိမ်ပြန်ချိန်

နွမ်းလျတဲ့ခြေလှမ်း
ပန်းနေတဲ့ ခန္ဓာ
သူ့ ငါသယ်
ငါ့ သူပိုးလို့
အိမ်အပြန်....

တံခါးဝမှာ
ခဝါချလို့
အိမ်အဝင်
နွမ်းလျတယ်
သူ မထင်အောင်
အပြုံးတပွင့် ဖန်ဆင်း
အိမ်ကိုပြန်ချိန်
ဒီညနေခင်း.....

အမေ့သား

No comments:

Post a Comment