Wednesday, February 19, 2014

အိပ်မက်ဆိုးမှ လွတ်မြောက်ခြင်း

တိတ်ဆိတ်ခြင်းကို

ဖြိုခွဲ တကိုယ်တည်း

ဇောချွေးပြန်လို့

အိပ်ရာကလန့်နိုး

မိုးမလင်းသေးပါလား။

ငါ့ဘေးမှာ ငြိမ်သက်

အိပ်စက်နေတာ

ဘယ်သူလဲ.....

အသာအယာထွေးဖက်

အေးစက်လှတဲ့

ကိုယ့်လက်ကြောင့်

ချစ်သူနိုးမှာစိုးရွံ

တိုးတိုးလေးရေရွတ်

ဒါဟာအိပ်မက်မဟုတ်ဖူး။

ချစ်သူနဲ့အတူ မှေးစက်

မို့မို့ဖောင်းတဲ့ 

ဗိုက်ကလေးထဲ

အိပ်စက်နေတာ

ကျွန်တော့်ရင်သွေးဗျ။

တိတ်တိတ်လေးထိုင်ကြည့်

သာသာလေးငုံ့နမ်းလို့ ကြည်နူး 

မျက်ဝန်းက မျက်ရည်တစက်

ဖြတ်ခနဲ့အကျမှာ

ကျွန်တော်သိလိုက်ပြီ

ဒါဟာအိပ်မက်မဟုတ်ဖူး။

အိပ်မက်ဆိုးများထဲက

ကြိုးစားလို့နိုးထပေးတဲ့ ချစ်သူ

အပြစ်ကင်းစင်တဲ့ ချစ်သူကို

ဖွဖွလေးအနမ်းတပွင့်

ကျွန်တော်ခြွေခိုက်

ချစ်သူ့မျက်နှာအပြုံးတချက်

ကျွန်တော်မြင်လိုက်တယ်။

သေချာပါပြီ.........

ဒါဟာအိပ်မက်မဟုတ်ဖူး........

ကျွန်တော်အိပ်မက်ဆိုးတွေ

မမက်တော့ဖူး.......

လွတ်မြောက်သွားပြီ........

အမေ့သား

(၁၈-၂-၂၀၁၄)

No comments:

Post a Comment