Thursday, February 14, 2013

ထာဝရလက်ဆောင်


ဖေဖေါ်ဝါရီ (၁၄)
ဗယ်လင်တိုင်းဒေးတဲ့
ချစ်သူများနေ့တဲ့
ဟုတ်တယ်…….
ချစ်သူတွေ ခြေချင်းလိမ်လို့
နှင်းဆီပန်းတွေပေး
ချောကလက်တွေ
အပြန်အလှန်ပေးလို့
အနမ်းတွေခြွေ ကြတယ်။

ချစ်သူရယ်
ကိုယ့်အတွက်တော့
မင်းကို ပေးစရာ
နီရဲရဲနှင်းဆီပန်းလည်း
ကိုယ့်မှာမရှိပါဖူး၊
ချောကလက်ဆိုတာလည်း
ကိုယ့်မှာမရှိပါဖူး၊
ဟန်ဆောင်အနမ်းတွေလည်း
ကိုယ့်မှာပေးစရာမရှိပါဖူး …..ချစ်သူ

တခုတော့ရှိတယ်...... ချစ်သူ
ကြင်နာမှုတွေ ပြည်နှက်နေတဲ့
ကိုယ့်နှလုံးသား မင်းကိုပေးခဲ့တာ
နှစ်ပေါင်းကြာခဲ့ပြီ။
ကိုယ့်အနမ်းတွေကလည်း
မင်းအတွက်နွေးထွေးနေဆဲ
ကိုယ့်မြတ်နိုးမှုတွေကလည်း
မင်းအတွက် နုးညံ့နေဆဲ
ကိုယ့်အကြင်နာတွေကလည်း
မင်းအတွက် လတ်ဆတ်နေဆဲ
ကိုယ့်မေတ္တာတွေကလည်း
မင်းအတွက် အေးမြနေဆဲ
ကိုယ့်ရင်ခွင်ဟာလည်း
မင်းအတွက် လုံခြုံနေဆဲပါ...... ချစ်သူ

မင်းအတွက် နှင်းဆီမလိုပါဖူး
ကိုယ် ထာဝရမင်းအနားမှာရှိပါတယ်
မင်းအတွက် ချောကလက်မလိုဖူး
ကိုယ် ထာဝရမင်းအတွက်ရှိပါတယ်

မင်းကိုပေးနိုင်တာ
တခုပဲရှိတယ်...... ချစ်သူ
သူတို့တွေပြောကြတဲ့
ချစ်သူများနေ့....
ဖေဖေါ်ဝါရီ (၁၄)
ဗယ်လင်တိုင်းဒေးအတွက်
မင်းတယောက်ထဲကိုပဲ
တသက်လုံးချစ်နေမဲ့
ကိုယ့်ရဲ့ကိုယ်ကျင့်တရား
မင်းအတွက်………
ထာဝရလက်ဆောင်ပါ....... ချစ်သူ


အမေ့သား

(၁၄-၂-၂၀၁၃) (၀၀း၀၁) 





No comments:

Post a Comment