မနက်ခင်း နေမင်းနဲ့အတူထွက်
ညမှောင်ကာမှအိမ်ကိုပြန်
လူလိုလို စက်ရုပ်
စက်ရုပ်လိုလို လူ
ငါ့လို လူစက်ရုပ်
တကုတ်ကုတ်နဲ့လုပ်နေရပေါ့။
များပြားလှတဲ့
ငါ့လို လူစက်ရုပ်တွေ
တင်သွင်းလို့ လည်ပတ်
မရပ်နားတဲ့ဒီစက်ရုံထဲ
Bell သံကြားရင် ... လုပ်
Bell သံကြားရင်.... နား
Bell သံကြားရင်..... စား
Bell သံကြားရင်..... သွား
Bell. သံတိတ်မှ .......အိမ်ပြန်
အိပ်တန်းဝင် ဌက်တွေနဲ့အတူပေါ့
တနေ့တာလည်ပတ်
တပတ်ဆိုတာ (၇)ရက်လား
စနေ ၊ တနင်္ဂနွေ ဆိုတာ
ပြက္ခဒိန်ပေါ်က အမှတ်အသား
တနေ့၊ တပတ်၊ တလ ၊တနှစ်
ရာသီတွေသာကုန်ဆုံး
သက္ကရာဇ်တွေပြောင်းလို့
အခုဆို (၂၀၁၃)ကိုရောက်ခဲ့ပြီ။
အခုတော့. ငါသိလိုက်ပြီ
င့ါလက်တွေနှေးလာပြီ
ငါ့ခြေတွေလေးလာပြီ
ငါ့အသံတွေမမှန်တော့
ငါ့အမြင်တွေဝေဝါး
ငါ့မှတ်ညဏ်တွေမကောင်းတော့
ငါ့အတွက်အချက်တွေ မှားယွင်းလာပြီ။
ဟော..... Bell သံကြားရပြီ
လုပ်ငန်းခွင်ဝင်ရပြီ
မလှုပ်ချင်တဲ့ငါ့ခန္ဓာ
အားယူကာထလို့
လေးလံတဲ့ လက်
နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့
မမှန်တော့တဲ့အသံကိုထိန်းချုပ်
ဝေးဝါးမှုတွေဘေးထုတ်လို့
ငါ့လို လူစက်ရုပ်
တကုတ်ကုတ်လုပ်ရအုံးမှာပေါ့
တကယ်တော့ ငါ နားသင့်ပြီ
တကယ်တော့ ငါ နားသင့်ပါပြီ
အင်း ! အခုတော့
မနက်ဖြန်အတွက်
မှေးစက်လို့အိပ်ရင်း
အားသွင်းလိုက်အုန်းမယ်။

လေးစားစွာဖြင့်
အမေ့သား
No comments:
Post a Comment