အဓိကပြောချင်တာက ဒီပို့စ်လေးကို သား သမီးရှိသော၊တူ တူမ ရှိသော၊ ညီ ညီမ ရှိသော.. အဖေ၊ အမေ၊ ဦးလေး၊ အဒေါ် ၊အစ်ကို ၊အစ်မများမှတဆင့် သားသမီး၊တူတူမ၊ညီညီမများအား သင်ခန်းစာအဖြစ်
ပြန်လည်မျှဝေ စာနာနားလည်စေချင်သော စေတနာဖြင့် ပြန်လည်ကွန့်မြူးခံစားတင်ပြရခြင်းဖြစ်ပါသည်။
အစ်ကို/အစ်မများ မင်္ဂလာပါဗျာ။
စားပါဦးလား မမေးရက်လို့(အားနာလို့) မမေးပါရစေနဲ့ဗျာ။
ကျွန်တော်ကတော့ ဒီလို အစား အစာ မပြောနဲ့ ရင်ထဲက စကားလုံးတွေ စားပြီး နေခဲ့ရတဲ့ရက်တွေ ခဏခဏပေါ့။ မသိအဖေ/မသိအမေကို သတိရတမ်းတမိ တဲ့ စကားတွေပေါ့။ ကလေး တစ်ယောက်မှာလည်း မေတ္တာတွေ လိုချင်တဲ့လောဘတော့ ရှိတာပေါ့ဗျာ။ နေပူပူခြေဗလာနဲ့ လျှောက်သွားနေ လည်း ဆူမယ့်သူမရှိ၊ အိပ်ချင်သလို အိပ်နေလို့လည်း နိုးမယ့်သူမရှိ၊ မတည့်တာတွေ မစားနဲ့လို့လည်း တားမယ့် ငေါက်မယ့် သူမရှိ(ရတာစားလေ)။ အဲလိုပါဘဲ ကျွန်တော့်မှာ ပူဆာရမယ့်သူလည်း မရှိပါဘူး။
ဟင့်အင်း.. ပူဆာခွင့်ကို မရှိတာပါဗျာ။
အစ်ကို/အစ်မတို့က အိမ်မှာလိုချင်တာ မရယင် ဝုန်းဒိုင်း ကြဲနေမလားမသိဘူးနော်။ ကျွန်တော်လေ ဘာမှမလိုချင်ပါဘူး။ ကွယ်လွန်လို့ ထားခဲ့တာလား?၊ အဆင်မပြေလို့စွန့်ပစ်တာလား။ အကြောင်းအရင်းမသိပေမယ့်၊ ကောက်ယူမဲ့သူလည်း မရှိတဲ့ ဘဝမို့ သစ်ပင်တွေအောက်မှာ ဘုရားကြို ဘုရားကြားမှာ ဈေးဆိုင်လွတ်တွေမှာအိပ်မိတိုင်း မိဘ/အုပ်ထိမ်းသူရဲ့ အရိပ်ဆို(ခိုနားရာအရိပ်ရဲ့ အေးမြမှုဆို)ရင် ဘယ်လောက်ကောင်းလိုက်မလဲ တွေးမိတိုင်း အမြဲ မျက်ရည်ကျမိတယ်ဗျာ။
ဟင့်အင်း… စာသင်ကျောင်းဘက် မတောင်းရမ်းပါဘူး ၊ကျောင်းတက်နေတာတွေ မမြင်ချင်ဘူး၊ မနာလိုစိတ် မဟုတ်ပါဘူး ဗျာ။ အားကျစိတ်က ကျွန်တော့်ရင်ကို ကွဲမတတ် နှိပ်စက်လွန်းလို့ပါ...။ စာအံသံတွေ ကြားရတဲ့ဘက်တော့သွား တတ် ပါတယ်။ သူတို့ဆိုတဲ့ စာအချို့/ကဗျာ အချို့တောင် ရသေးတယ်၊ ဘယ်လို စာလုံးတွေလည်းတော့ သိဘူးလေဗျာ၊ ကျွန်တော် ခဏ ခဏ ဆိုတဲ့ စာပိုဒ်လေး ရွတ်ပြမယ်လေ
*( စားဝတ်နေရေး ဖွေရှာပေး ကျေးဇူးရှိပေ၊ တို့ ဖေဖေ) ဆိုတာလေ။ အစ်ကို/အစ်မ တို့ကတော့ အိမ်က ဝယ်ပေးတဲ့ စာအုပ်က ညံ့လို့ ကြမ်းလို့ ၊ခဲတံ ပေတံအသစ်မရလို့ ဆိုပြီး စိတ်ကောက်နေမှာ ပေါ့လေ ။ ကျွန်တော်ကတော့ မီးသွေးခဲ နဲ့ စာသင်ရရင် ကို သေပျော်ပါပြီဗျာ...။
ဈေးထဲ တောင်းတဲ့အခါ စားသောက်တန်းဘက် ရောက်တာပေါ့။ မစားရ အနံရှု ဆိုပေမယ့် အနံရရုံနဲ့ ဒါ ဘာ အစားအစာ ဆိုတာ စားဖိုမှုးတွေထက် သိနေမလားပဲလေ၊ စားချင်တဲ့ စိတ်ဆန္ဒပြင်းပြလွန်းတော့ စွဲမှတ်နေသလား မသိတော့ပါဘူး။ အကြွင်းအကျန် တစ်ချို့တော့ စားဘူးတာပေါ့။ များသောအားဖြင့်တော့ စက်ဆုတ်ရွံရှာစွာ မောင်းထုတ်ခံရတာ များပါ တယ်လေ။ ကြင်နာတတ်တဲ့သူကျတော့ ဂရုတစိုက်ကို စားတာသေချာချန်ပြီး ခေါ်ပေးပါတယ်။ အဲလိုလူကျတော့ သိပ် အေးချမ်းတာပဲ။ အစ်ကို/အစ်မတို့ကတော့ အိမ်မှာဟင်းမကောင်းလို့ ဒါမှမဟုတ် မိသားစုများလို့ ဝေပုံကျစားရလို့ စိတ်ကောက် လို့ ရမှာပေါ့နော်။
အဝတ်အထည်တန်း ဘက်တော့ ခြေဦးတောင် မလှည့်ပါဘူး။ လှလို့ငေး ကြည့်မိပါတယ်၊ အလစ်သုတ်တဲ့သူလို အကြည့်ခံ ရတာ များပါတယ် ။ အစ်ကို/အစ်မ တို့ ကတော့ ဘာတံဆိပ် မှ ဝတ်ချင်တာ၊ဟောင်းနေလို့မ၀တ်ချင်ဖူး၊အရောင်မလှလို့ မကြိုက်ဖူးလို့ ပြောနိုင်မှာပေါ့နော်။
နေ ချစ်ချစ်တောက် ပူနေပါစေလို့ ကျွန်တော် ဆုတောင်းတယ်ဆိုရင် အစ်ကို/ အစ်မများ စိတ်ခုသွားမလားဗျာ (လူတွေရဲ့ ဆန္ဒ ဆိုတာ ကိုယ့်ဘဝ နဲ့သာ ချိန်ဆသင့်တယ်)လို့ လ္ဘက်ရည်ဆိုင်မှာ အချိန်ကုန်နေတဲ့ သူတစ်ယောက်ရဲ့ စကား မှတ်မိပါတယ်။ ကျွန်တော့်ဘဝက နေပူပူမှအဆင်ပြေတာလေ၊ မိုးရွာရင်ခိုနားဖို့အလွယ်မရှိဘူး ။ အဝတ်စိုလဲစရာမရှိဘူး။ မိုးရွာထဲ ဝမ်းစာ ရှာမရသလို မိုးရွာထဲ ဘယ်သူကစွန့်ကျဲမှာလဲ။ ဆောင်းကျတော့လည်း နွေးထွေးစရာဂုန်နီအိတ်ဘဲ ရှိတာလေ အစ်ကို၊အစ်မတွေလို စတိုင်မိ ချင်တာပေါ့။ အနွေးထည် ကိုယ်ပိုင်ဆိုလို့ရေမချိုးရလို့ ထူပိန်းနေတဲ့ အရေပြားပေါ်က ချေး(ဂျေး) အထူ ကြီးတော့ ရှိတယ်ဗျ။ ချမ်းပါတယ်ဆိုမှလေရူးတိုက်ရ င် မနက်မိုးလင်းကျ ကျောက်ရုပ်ကလေးလိုများ တောင့်နေမလားမသိဘူး တွေးယင်း နဲ့ ပြုံးမိပါရဲ့။ သေတော့ရော အနာဂါတ်မှ မရှိဘဲ ဒုက္ခတွေ ဖက်တွယ်ထားချင်သေးသလားပေါ့။ အင်း..သေတော့ မသေချင် သေးဘူး။ တစ်ချိန်ချိန်မှာဆိုတာ ရှိနေသ၍ပေါ့ မျှော်လင့်ချက်က အသက်ပဲလေ။
ကျွန်တော့်ကြောင့် အချိန်တွေ ကုန်သွားပြီလားဗျာ။ အစ်ကို/အစ်မတွေကို တောင်းပန်ပါတယ်နော်။ ကျွန်တော်ကို စာနာသနား ပါလို့ မပြောလိုပါဘူး။ ကျွန်တော်လို သူများစွန့်ပစ်တာလေး မက်မောစွာစားနေရတာကို မြင်ပြီး အစ်ကို/ အစ်မ တို့ အိမ်က မိဘ ကို ဟင်းမကောင်း လို့၊ မုန့်ဘိုးရတာနည်းလို့ဆိုပြီး စိတ်မကွက်စေချင်ဘူးဗျာ။ ကျွန်တော်လို လမ်းဘေးမှာအိပ် လမ်းဘေး နေတဲ့ဘဝလေးကိုကြည့်ပြီး အိမ်မှာနေရတာ သိပ်စိတ်ညစ်တာဘဲလို့ မညည်းတွားစေချင်ဘူး။ ဘယ်မှာ နားခိုရမှန်း မသိတာ ကို လွတ်လပ်တယ် မယူဆပါပ၊ဲ အိမ်မှာ သိပ်ချုပ်ချယ်တာဘဲလို့ မမြင်စေချင်ဘူး။ ကျွန်တော့်လို လမ်းဘေးမှာ အစွန့်ပစ် ခံရမှာ မကြောက်ဘူးလား ဟင်။ ကျွန်တော့်လို ချေး(ဂျေး) အထပ်ထပ်နဲ့ ကိုဒါဝတ် ဘဝလေးကြည့်ပြီး အိမ်ကို ဂျော်ဒါနိုး မှ ဆိုတာမျိုး ပူဆာတာကို ဆင်ခြင်စေချင်ပါတယ်။
သူများစာအံသံကို နားထောင်နေရတဲ့ ကျွန်တော့်ဘဝလေး ကြည့်ပြီး ရုန်းကန် ကျောင်းထားပေးတဲ့ မိဘကျေးဇူးကို ကြိုးစားမှုနဲ့ ဆပ်စေချင်ပါတယ်။ ကျွန်တော့်ကို သနားစိတ်ကလေး ဝင်မိရင် အစ်ကို/အစ်မတွေရဲ့ မိဘတွေက ကျွန်တော့်လို ဘဝထဲကို မပို့ပဲ/ စွန့်မပစ်ပဲ ရုန်းကန်ရှာဖွေ ကျွေးမွေးတဲ့ မိဘတွေ ကို သနားပေးတာ ပိုကောင်းပါတယ်။
အစ်ကိုတို့၊အစ်မတို့ လိမ္မာနေမယ်၊ ကြိုးစားနေမယ် ဆိုမှ နောင်တစ်ချိန်မှာ ကျွန်တော့်လို လူတွေ (ဘဝတွေ) ကို ကယ်တင် စာနာ သနားတတ်တဲ့ ပြုစု ပျိုးထောင်မှု တွေ ဆောင်ရွက်မယ့် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမယ့် အချိန်ကို ကျွန်တော်တို့ အားကိုးတစ်ကြီးနဲ့ ကြံကြံခံ ရုန်းကန်ရင်းမျှော်လင့်နေပါ့ မယ်။ ကယ်တင်နိုင်မယ့် ခေါင်းဆောင် ကောင်းတွေကို ပေါ့လေ။ ကျေးဇူးတင်ပါတယ်ဗျာ၊ သာယာဝပြောပါစေလို့လည်း ဆုတောင်းပါတယ်။ ဒါမှ ကျွန်တော် တို့ မငတ်မှာလေ ။ ချမ်းမြေ့သာယာရှိကြပါစေဗျာ။
ပုံလေး ကို မြင်ရတော့ ရင်ထဲ မကောင်းဘူး။ လူမှု စာနာမှု တစ်ခု အဖြစ် ဖေါ်ပြချင်တာကြောင့် ခံစား ရေးကြည့်တာပါ ။ ကွဲလွဲမှု သဘောထား မတိုက်ဆိုင်မှု ရှိခဲ့ယင်၊ တစ်ဖန် အကြောင်းအရာ တိုက်ဆိုင်ခဲ့လျှင် တောင်းပန်ပါသည်။ မူလ ဓါတ်ပုံ ရှင်ကိုလည်းကောင်း၊ ပုံတင်ခဲ့သော facebook အကောင့်ရှင် တစ်ဦးအား လည်းကောင်း ကျေးဇူးတင်ရှိပါသည်။ အပြု သဘော ရေးသားခြင်း ဖြစ်ပါသည်။ နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေလို၍ မဟုတ်ပါကြောင်း သိစေအပ်ပါသည်။
ဈေးထဲ တောင်းတဲ့အခါ စားသောက်တန်းဘက် ရောက်တာပေါ့။ မစားရ အနံရှု ဆိုပေမယ့် အနံရရုံနဲ့ ဒါ ဘာ အစားအစာ ဆိုတာ စားဖိုမှုးတွေထက် သိနေမလားပဲလေ၊ စားချင်တဲ့ စိတ်ဆန္ဒပြင်းပြလွန်းတော့ စွဲမှတ်နေသလား မသိတော့ပါဘူး။ အကြွင်းအကျန် တစ်ချို့တော့ စားဘူးတာပေါ့။ များသောအားဖြင့်တော့ စက်ဆုတ်ရွံရှာစွာ မောင်းထုတ်ခံရတာ များပါ တယ်လေ။ ကြင်နာတတ်တဲ့သူကျတော့ ဂရုတစိုက်ကို စားတာသေချာချန်ပြီး ခေါ်ပေးပါတယ်။ အဲလိုလူကျတော့ သိပ် အေးချမ်းတာပဲ။ အစ်ကို/အစ်မတို့ကတော့ အိမ်မှာဟင်းမကောင်းလို့ ဒါမှမဟုတ် မိသားစုများလို့ ဝေပုံကျစားရလို့ စိတ်ကောက် လို့ ရမှာပေါ့နော်။
အဝတ်အထည်တန်း ဘက်တော့ ခြေဦးတောင် မလှည့်ပါဘူး။ လှလို့ငေး ကြည့်မိပါတယ်၊ အလစ်သုတ်တဲ့သူလို အကြည့်ခံ ရတာ များပါတယ် ။ အစ်ကို/အစ်မ တို့ ကတော့ ဘာတံဆိပ် မှ ဝတ်ချင်တာ၊ဟောင်းနေလို့မ၀တ်ချင်ဖူး၊အရောင်မလှလို့ မကြိုက်ဖူးလို့ ပြောနိုင်မှာပေါ့နော်။
နေ ချစ်ချစ်တောက် ပူနေပါစေလို့ ကျွန်တော် ဆုတောင်းတယ်ဆိုရင် အစ်ကို/
ကျွန်တော့်ကြောင့် အချိန်တွေ ကုန်သွားပြီလားဗျာ။ အစ်ကို/အစ်မတွေကို တောင်းပန်ပါတယ်နော်။ ကျွန်တော်ကို စာနာသနား ပါလို့ မပြောလိုပါဘူး။ ကျွန်တော်လို သူများစွန့်ပစ်တာလေး မက်မောစွာစားနေရတာကို မြင်ပြီး အစ်ကို/
သူများစာအံသံကို နားထောင်နေရတဲ့ ကျွန်တော့်ဘဝလေး ကြည့်ပြီး ရုန်းကန် ကျောင်းထားပေးတဲ့ မိဘကျေးဇူးကို ကြိုးစားမှုနဲ့ ဆပ်စေချင်ပါတယ်။ ကျွန်တော့်ကို သနားစိတ်ကလေး ဝင်မိရင် အစ်ကို/အစ်မတွေရဲ့ မိဘတွေက ကျွန်တော့်လို ဘဝထဲကို မပို့ပဲ/ စွန့်မပစ်ပဲ ရုန်းကန်ရှာဖွေ ကျွေးမွေးတဲ့ မိဘတွေ ကို သနားပေးတာ ပိုကောင်းပါတယ်။
အစ်ကိုတို့၊အစ်မတို့ လိမ္မာနေမယ်၊ ကြိုးစားနေမယ် ဆိုမှ နောင်တစ်ချိန်မှာ ကျွန်တော့်လို လူတွေ (ဘဝတွေ) ကို ကယ်တင် စာနာ သနားတတ်တဲ့ ပြုစု ပျိုးထောင်မှု တွေ ဆောင်ရွက်မယ့် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမယ့် အချိန်ကို ကျွန်တော်တို့ အားကိုးတစ်ကြီးနဲ့ ကြံကြံခံ ရုန်းကန်ရင်းမျှော်လင့်နေပါ
ပုံလေး ကို မြင်ရတော့ ရင်ထဲ မကောင်းဘူး။ လူမှု စာနာမှု တစ်ခု အဖြစ် ဖေါ်ပြချင်တာကြောင့် ခံစား ရေးကြည့်တာပါ ။ ကွဲလွဲမှု သဘောထား မတိုက်ဆိုင်မှု ရှိခဲ့ယင်၊ တစ်ဖန် အကြောင်းအရာ တိုက်ဆိုင်ခဲ့လျှင် တောင်းပန်ပါသည်။ မူလ ဓါတ်ပုံ ရှင်ကိုလည်းကောင်း၊ ပုံတင်ခဲ့သော facebook အကောင့်ရှင် တစ်ဦးအား လည်းကောင်း ကျေးဇူးတင်ရှိပါသည်။ အပြု သဘော ရေးသားခြင်း ဖြစ်ပါသည်။ နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေလို၍ မဟုတ်ပါကြောင်း သိစေအပ်ပါသည်။
ထပ်ဆင့်မျှဝေခြင်း
အမေ့သား
This comment has been removed by a blog administrator.
ReplyDelete