သူလေးအသက် ငယ်ငယ်ရွယ်ရွယ်နဲ့  ခုလို ဖြစ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ ပေ။
မနေ့ က ဆေးရုံရောက်တော့ ခွဲစိတ်ခန်း
ဝင်နေသည်ဆို၍ပြန်လာခဲ့ရသည်။
ဒီနေ့တော့တွေ့ခွင့်ရမည်ထင်ပါသည်။
ကျွန်တော် မြန်မာပြည် မပြန်ခင်အထိ သူလေး ကျန်းမာရေးကောင်းနေသေးသည်။ တခါတလေ

အသက်ရှုကျပ်သည်ဟုသာပြောသည် နည်းနည်းနားလိုက်လျှင်ပြန်လည်လန်းဆန်းကာ ကျွန်တော်နဲ့အတူ သွားလေရာလိုက်နေခဲ့သည်။မြန်မာပြည်သို့ ကျွန်တော်အလည်ြ ပန်တော့ သေသေချာချာမှာခဲ့သည်
ကျန်းမာရေးဂရုစိုက်ဖို့  မိုးရေထဲမထွက်ဖို့  အတန်တန်မှာခဲ့ပေမဲ့  ထီးမဆောင်း အမိုးမပါ တယောက်ထဲမိုး
ရေထဲနေနေတတ်သည်ဟု အမေပြောလေသည်။ထီးပေး အမိုးဆောင်းပေးတော့လည်းခဏသာ လစ်တာနဲ့ မိုးရေထဲတွင်ပျော်နေတတ်သည်တဲ့ အမေလည်း ပြောမနိုင်တော့ကျွန်တော်ပြန်အလာကိုသာ
စောင့်နေခဲ့ရသည်။

ကျွန်တော် မြန်မာပြည်မှပြန်လာတော့သူလေးမျက်ဝန်းမှာမျက်ရည်တွေရစ်ဝိုင်းလို့ သူလေးတကိုယ်လုံးလည်း
အေးစက်နေလေသည်။ကျွန်တော့ထွေးဖက်ထားတော့ ငြိမ်သက်စွာမျက်လွှာလေးချလို့ ကျွန်တော့ရင်ခွင်ထဲမှာ
မှေးစက်နေသည်။
နောက်နေ့ မနက်သူနဲ့ အတူ အလုပ်သွားဖို့ သွားနိုးတော့သူမထချင်၊သူပုံစံကလေးလံနေသည် မျက်ဝန်းများကအရင်လိုမတောက်ပတော့ကြိုးစားပြီး နိုးကြည့်သည်။သူ့ အသံလေးက အားမရှိတော့သောလူမမာလို မျက်ဝန်းများကမပွင့်နိုင်တော့သူ့ ကိုစောင်ခြုံပေးခဲ့ပြီး ကျွန်တော်အလုပ်ကိုထွက်လာခဲ့သည်။အလုပ်ကပြန် လာတော့ သူ့ မျက်နှာလေးနွမ်းလျလျနဲ့ ကျွန်တော်ကိုကြိုနေသည်၊သူ့ကိုခေါ်ပြီးနှစ်ယောက်အတူ ဆေးခန်းသို့သွားတော့ဆရာဝန်ကအား
နည်းနေသည်ဆိုခြင်းကြောင့် သူ့အတွက် အားဆေးဝယ်ကာပြန်ခဲ့ကြသည်။
လမ်းတလျှောက် နှစ်ယောက်အတူသွားကြတော့ စောစောက နွမ်းလျမှုများပြေပျောက်သွားပြီထင်...
ပြန်လည်လန်းဆန်းလာတော့ကိုယ်လည်းဝမ်းသာခဲ့မိသည်။သူ့ကိုနုတ်ဆက်ပြီးအိမ်ပေါ်တက်လာကာ
ရေမိုးချိုး ထမင်းစားကာ သူ့အကြောင်းတွေးနေမိသည်။
စနေနေ့ မနက် စောစောအိပ်ရာကထပြီး အလုပ်သွားဖို့ သူ့ကိုသွားနိုးတော့ အရင်နေ့ကလို သူ့ပုံစံက
မတက်ကြွမလန်းဆန်းတော့နိုးတဝက် မနိုးတဝက် နဲ့ ဒါပေမဲ့ မျက်ဝန်းများကတော့ တောက်ပနေတယ်
ကြိုးစားပြီးနိုးကြည်တော့ သူ နိုးလာကာ အလုပ်ကိုလိုက်လာခဲ့သည်။လိုက်တာလာခဲ့ရပေမဲ့ သူပုံစံက
ပုံမှန်မဟုတ်..လမ်းသွားရင်း ချောင်းတွေတအား ဆိုးလာသည်၊ အသက်ရှုသံ ပြင်းလာသည်.......
တဖြည်းဖြည်းခေါ်မရတော့ သူ့လမ်းတဝက်မှာတင် လုံးဝသတိမရတော့ လှုပ်နိုးကြည့်သည်
အော်ခေါ်သည် ပြန်လည်မထူးတော့ပဲ သူလေးဘာဆိုဘာမှမသိတော့....ဆေးရုံကို ဖုန်းဆက်အကြောင်း
ကြားတော့ ဆေးရုံကားလွှတ်ပေးလိုက်မည်ဟုဆိုသည်။သူလေးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလို ဖြစ်လိမ့်မယ်လို့ 
လုံးဝမထင်ထားခဲ့ ပေ။ဆေးရုံကားရောက်လာတော့ သူ သတိပြန်လည်လာကာ တောင်းပန်သော အကြည့်လေးနဲ့ ကျွန်တော်ကို လက်ကလေးပြရင်းဆေးရုံကားဖြစ်ပါသွားလေသည်။
တွေးတောနေစဉ် ဆရာဝန်လာခေါ်လို့ သူလေးနဲ့တွေ့ရန် ဆေးရုံအတွင်းကိုယ်ဝင်လာခဲသည်။
ကုတင်ပေါ်တွင်နေနေသော သူလေးကိုကျွန်တော်မမြင်ရက်ပေ။ပိုက်တန်းလန်းနဲ့သူလေးကိုမကြည့်ရက်လို့
ဆရာဝန်စီအခြေအနေမေးဖို့ထွက်လာခဲ့မိသည်၊ဆရာဝန်က အီးစီဂျီ ၊ x-ray ရိုက်ထားသည်၊
သွေးစစ်ထားသည်၊တကိုယ်လုံးစစ်ထားသည်တဲ့။နှလုံးခုန်သံသိပ်မမှန်ဖူးတဲ့။မိုးရေထဲလျှောက်သွား
လို့အဆုတ်ထဲရေဝင်နေတယ်...နည်းနည်းတော့အချိန်ယူကုရမယ်....ဆရာဝန်ပြောစကားများ
ကျွန်တော့်နားထဲမကြားတချက်ကြားတချက်ဖြစ်နေသည်။ဖြစ်မှဖြစ်ရလေ...ကျွန်တော်ဂရုမစိုက်ခဲ့မိလို့
သူလေး ဝေဒနာတွေခံစားနေရပြီ။မိုးရေထဲမှာပစ်ထားမိလို့....ခုတော့.....
ဆရာဝန်က သိပ်လည်းစိတ်မပူပါနဲ့ ကောင်းသွားမှာပါ...နောက်တခါတော့ဂရုစိုက်ပေါ့တဲ့.....
အခြေအနေအားလုံးကို ဖုန်းဆက်လိုက်ပါ့မယ်ဆိုလို့ ပြန်လာခဲ့ရသည်။
အလုပ်သွားတော့လည်းတယောက်ထဲငေါင်တောင်တောင်....အလုပ်ကပြန်တော့လည်း စိတ်ကမကြည်..အတွေးတွေက သူလေးဆီသာရောက်နေသည်၊မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းရတာလည်းမောလှပြီ၊သူလေးနဲ့အတူ အလုပ်သွားအလုပ်ပြန်အချိန်များကို လွမ်းတမ်းတမိတာတော့အမှန်ပင်... ဆရာဝန်ခေါ်မဲ့ဖုန်းကိုမျှော်လင့်နေမိသည်..ကိုယ်တိုင်ခေါ်ချင်ပေမဲ့
မချင့်မရဲ ချီတုံချတုံဖြစ်နေခဲ့တာကြာပြီ....ရေငတ်တုန်းရေတွင်းထဲကြသလို ဖုန်းမြည်သံကြားတော့
ဆရာဝန်ဆီကဖုန်း.....မနက်ဖြန် ဆေးရုံကဆင်းလို့ရပြီတဲ့ ..နောက်မှာ သူလေးရဲ့အသံစာစာလေးကို
ကျွန်တော်ကြားနေရသည်..ပျော်ရွှင်ဝမ်းသာမှူများ ရင်ထဲစီးဆင်းသွားသည်။
မနက်ဖြန်ဆို သူလေးနဲ့တွေ့ရတော့မည်၊ အလုပ်အတူတူသွား အတူတူပြန်နိုင်တော့မည်။
ကျွန်တော်သွားရာနောက် မြူးတူးခုန်ပေါက်ပြီးလိုက်နေတော့မည်။ ဒီတခါတော့ ငါ့ရင်ခွင်ထဲက
ထွက်မသွားပါနဲ့တော့....နောင်ဒီလိုအဖြစ်မျိုးမဖြစ်စေရဖူးလို့ ကတိပေးပါတယ်....
ကျွန်တော်လည်း အိပ်တော့မယ်....မနက်ဖြန်သူလေးကို သွားခေါ်ရအုံးမယ်....
လေးစားစွာဖြင့်
(အမေ့သား)
အေးစက်နေလေသည်။ကျွန်တော့ထွေးဖက်ထားတော့ ငြိမ်သက်စွာမျက်လွှာလေးချလို့ ကျွန်တော့ရင်ခွင်ထဲမှာ
မှေးစက်နေသည်။
နောက်နေ့ မနက်သူနဲ့ အတူ အလုပ်သွားဖို့ သွားနိုးတော့သူမထချင်၊သူပုံစံကလေးလံနေသည် မျက်ဝန်းများကအရင်လိုမတောက်ပတော့ကြိုးစားပြီး နိုးကြည့်သည်။သူ့ အသံလေးက အားမရှိတော့သောလူမမာလို မျက်ဝန်းများကမပွင့်နိုင်တော့သူ့ ကိုစောင်ခြုံပေးခဲ့ပြီး ကျွန်တော်အလုပ်ကိုထွက်လာခဲ့သည်။အလုပ်ကပြန်
နည်းနေသည်ဆိုခြင်းကြောင့် သူ့အတွက် အားဆေးဝယ်ကာပြန်ခဲ့ကြသည်။
လမ်းတလျှောက် နှစ်ယောက်အတူသွားကြတော့ စောစောက နွမ်းလျမှုများပြေပျောက်သွားပြီထင်...
ပြန်လည်လန်းဆန်းလာတော့ကိုယ်လည်းဝမ်းသာခဲ့မိသည်။သူ့ကိုနုတ်ဆက်ပြီးအိမ်ပေါ်တက်လာကာ
ရေမိုးချိုး ထမင်းစားကာ သူ့အကြောင်းတွေးနေမိသည်။
စနေနေ့ မနက် စောစောအိပ်ရာကထပြီး အလုပ်သွားဖို့ သူ့ကိုသွားနိုးတော့ အရင်နေ့ကလို သူ့ပုံစံက
မတက်ကြွမလန်းဆန်းတော့နိုးတဝက် မနိုးတဝက် နဲ့ ဒါပေမဲ့ မျက်ဝန်းများကတော့ တောက်ပနေတယ်
ကြိုးစားပြီးနိုးကြည်တော့ သူ နိုးလာကာ အလုပ်ကိုလိုက်လာခဲ့သည်။လိုက်တာလာခဲ့ရပေမဲ့ သူပုံစံက
ပုံမှန်မဟုတ်..လမ်းသွားရင်း ချောင်းတွေတအား ဆိုးလာသည်၊ အသက်ရှုသံ ပြင်းလာသည်.......
တဖြည်းဖြည်းခေါ်မရတော့ သူ့လမ်းတဝက်မှာတင် လုံးဝသတိမရတော့ လှုပ်နိုးကြည့်သည်
အော်ခေါ်သည် ပြန်လည်မထူးတော့ပဲ သူလေးဘာဆိုဘာမှမသိတော့....ဆေးရုံကို ဖုန်းဆက်အကြောင်း
ကြားတော့ ဆေးရုံကားလွှတ်ပေးလိုက်မည်ဟုဆိုသည်။သူလေးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလို ဖြစ်လိမ့်မယ်လို့ 
လုံးဝမထင်ထားခဲ့ ပေ။ဆေးရုံကားရောက်လာတော့ သူ သတိပြန်လည်လာကာ တောင်းပန်သော အကြည့်လေးနဲ့ ကျွန်တော်ကို လက်ကလေးပြရင်းဆေးရုံကားဖြစ်ပါသွားလေသည်။
တွေးတောနေစဉ် ဆရာဝန်လာခေါ်လို့ သူလေးနဲ့တွေ့ရန် ဆေးရုံအတွင်းကိုယ်ဝင်လာခဲသည်။
ကုတင်ပေါ်တွင်နေနေသော သူလေးကိုကျွန်တော်မမြင်ရက်ပေ။ပိုက်တန်းလန်းနဲ့သူလေးကိုမကြည့်ရက်လို့
ဆရာဝန်စီအခြေအနေမေးဖို့ထွက်လာခဲ့မိသည်၊ဆရာဝန်က အီးစီဂျီ ၊ x-ray ရိုက်ထားသည်၊
သွေးစစ်ထားသည်၊တကိုယ်လုံးစစ်ထားသည်တဲ့။နှလုံးခုန်သံသိပ်မမှန်ဖူးတဲ့။မိုးရေထဲလျှောက်သွား
လို့အဆုတ်ထဲရေဝင်နေတယ်...နည်းနည်းတော့အချိန်ယူကုရမယ်....ဆရာဝန်ပြောစကားများ
ကျွန်တော့်နားထဲမကြားတချက်ကြားတချက်ဖြစ်နေသည်။ဖြစ်မှဖြစ်ရလေ...ကျွန်တော်ဂရုမစိုက်ခဲ့မိလို့
သူလေး ဝေဒနာတွေခံစားနေရပြီ။မိုးရေထဲမှာပစ်ထားမိလို့....ခုတော့.....
ဆရာဝန်က သိပ်လည်းစိတ်မပူပါနဲ့ ကောင်းသွားမှာပါ...နောက်တခါတော့ဂရုစိုက်ပေါ့တဲ့.....
အခြေအနေအားလုံးကို ဖုန်းဆက်လိုက်ပါ့မယ်ဆိုလို့ ပြန်လာခဲ့ရသည်။
အလုပ်သွားတော့လည်းတယောက်ထဲငေါင်တောင်တောင်....အလုပ်ကပြန်တော့လည်း စိတ်ကမကြည်..အတွေးတွေက သူလေးဆီသာရောက်နေသည်၊မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းရတာလည်းမောလှပြီ၊သူလေးနဲ့အတူ အလုပ်သွားအလုပ်ပြန်အချိန်များကို လွမ်းတမ်းတမိတာတော့အမှန်ပင်... ဆရာဝန်ခေါ်မဲ့ဖုန်းကိုမျှော်လင့်နေမိသည်..ကိုယ်တိုင်ခေါ်ချင်ပေမဲ့
မချင့်မရဲ ချီတုံချတုံဖြစ်နေခဲ့တာကြာပြီ....ရေငတ်တုန်းရေတွင်းထဲကြသလို ဖုန်းမြည်သံကြားတော့
ဆရာဝန်ဆီကဖုန်း.....မနက်ဖြန် ဆေးရုံကဆင်းလို့ရပြီတဲ့ ..နောက်မှာ သူလေးရဲ့အသံစာစာလေးကို
ကျွန်တော်ကြားနေရသည်..ပျော်ရွှင်ဝမ်းသာမှူများ ရင်ထဲစီးဆင်းသွားသည်။
မနက်ဖြန်ဆို သူလေးနဲ့တွေ့ရတော့မည်၊ အလုပ်အတူတူသွား အတူတူပြန်နိုင်တော့မည်။
ကျွန်တော်သွားရာနောက် မြူးတူးခုန်ပေါက်ပြီးလိုက်နေတော့မည်။ ဒီတခါတော့ ငါ့ရင်ခွင်ထဲက
ထွက်မသွားပါနဲ့တော့....နောင်ဒီလိုအဖြစ်မျိုးမဖြစ်စေရဖူးလို့ ကတိပေးပါတယ်....
ကျွန်တော်လည်း အိပ်တော့မယ်....မနက်ဖြန်သူလေးကို သွားခေါ်ရအုံးမယ်....
လေးစားစွာဖြင့်
(အမေ့သား)
No comments:
Post a Comment