Tuesday, September 03, 2019

တန်ဖိုးနည်း ဥပဒေ


လွယ်လင့်တကူရတဲ့
ဆေးပြားတွေလိုပေါ့
လိုချင်တဲ့အချိန်ဖြစ်တယ်
စျေးမှမကြီးတာကို
စေ့စေ့အကြည့်မခံ
သေးသေးအတင်မခံ
ဟန်တချက် မာန်တချက်
ခံပက်မိတာနဲ့ စွဲတဲ့
ပုဒ်မ ၆၆(ဃ)ဟာ
တန်ဖိုးနည်း ဥပဒေ။

အမေ့သား

No comments:

Post a Comment