အကြောင်းသင့်လို့
လွမ်းမိတဲ့အခါ
ငါ့ကို ထည့်လွမ်းပေးပါ
အမှတ်တမဲ့
ပြန်တွေ့တဲ့အခါ
ငါ့ကို လှမ်းခေါ်ပါ
မဆုံနိုင်တော့တဲ့
ခဏတာမှာ ငါ့က
တခြားရင်ခွင်ထဲမှာ
တနေ့နေ့တော့
ပြန်ဆုံချင်တယ်
ရှိခဲ့ဖူးကြတဲ့
သံယောဇဥ်တွေနဲ့
ငါ့ကိုပြန်ခေါ်ပါ
ငါလည်း ပြန်ခေါ်မှာပါ
မင်းတို့နဲ့ ငါ ကံမကုန်ရင်ပေါ့
အမေ့သား
No comments:
Post a Comment