Saturday, October 08, 2011

မြန်မာ့လေကြောင်း




ဤဓါတ်ပုံအား ကိုအောင်မြတ်ပိုင်ထံမှ
ကူးယူရရှိခဲ့၍ ကဗျာလေးတပုဒ်
ဖန်တီးခဲ့ခြင်းပါ။။။။။။။

ခေါင်းမပြူရ လက်မထုတ်ရ
ဆေးလိပ်မသောက်ရ
မောင်းသူ မောင်အေး
ရောင်းသူ မောင်ခွေး
လက်မှတ်ဝယ်ပါ. ခင်ဗျာ......

ခေါင်းမပြူရ လက်မထုတ်ရ
ကွမ်းတံတွေးမထွေးရ
ရောင်းသူ မောင်ခွေး
မောင်းသူ မောင်အေး
လက်မှတ်ဝယ်ပါ. ခင်ဗျာ......

ခါးပိုက်နှိုက်လည်းသတိပြုပါ
အိပ်ငိုက်မနေနဲ့ ဗျာ.....
ဟိုဟိုရှေ့က အစ်ကိုလေး
နေရာနည်းနည်ပေး......
အစ်မလေးက ဒီကိုလာ
နေရာရမယ်ဗျာ.....

ဘုန်းဘုန်းဆိုရင် ခေါင်းခန်းပေး
ကုသိုလ်ရမယ်လေ......
အထုပ်တွေအတွက်မပူရ
နိုင်လွန်းကြိုးနဲ့ တုပ်မှာဗျ....
ကျောနဲ့ ကျောခြင်းကပ်ပေးပါ
နောက်လူလာအုံးမှာ...
တွယ်ကာလိုက်မဲ့အစ်ကိုလေး
မြဲမြဲကိုင်ထားပေး......

ခုံပြည်.... အတွယ် - ၁၄
အထုပ်၂၀....... ခြင်း ၁၀
မောင်းဆရာ မောင်းလို့ 
ဟစ်ကာကြွေး
ငါတို့ မြန်မာ........ အဲယားဝေး
ငါတို့ မြန်မာ........ အဲယားဝေး

2 comments:

  1. မိုက်တယ်ဗျာ ကဗျာကး))
    ဒီပုံဆို လေယာဉ်စပယ်ယာလုပ်စားလို့ရပြီဗျို့
    (အစ်ကို့ကိုပြောတာဟုတ်ဘူးနော်း)
    အဲလိုစီးရရင်လည်း ပျော်စရာကြီးဖြစ်နေမှာပဲနော် :P
    ဒီကဗျာကို ကျောင်းသင်ခန်းစာထဲထည့်ရေးသင့်တယ်
    အမေ့သား..ပျော်ရွှင်ချမ်းမြေ့ပါစေ
    ချစ်ခင်လေးစားစွာဖြင့်
    သမီးစံ

    ReplyDelete
  2. ဟားဟားဟား... အတော်ပြောင်မြောက်တဲ့ ကဗျာနဲ့ ဓါတ်ပုံ...
    မိုက်တယ်... :D :D :D

    ReplyDelete